23🍁

2.2K 146 7
                                    

"ဝမ်ဝမ်လေး ဒီနေ့ပိတ်ရက် ဘယ်မှမသွားဘူးလား။"

ဒီနေ့ကရုံးပိတ်ရက်ဖြစ်သည်။
ခါတိုင်းပိတ်ရက်တွေဆို ဦးအိမ်သွားတတ်တဲ့ရိပေါ်က ယနေ့တော့မနက်ခင်း ကိစ္စလေးရှိတဲ့ဦးက ညနေမှလာခေါ်ပြီး ညစာသွားစားရန်ပြောထားတာ။

မနက်ပိုင်းအိမ်ကပ်နေတာကြောင့် တီတီကမေးလာတဲ့အခါ ခေါင်းငြိမ့်ပြရင်း....

" ညနေမှ အပြင်ခနသွားမယ် တီတီ။ မနက်တော့အားတယ်။ တီတီဘာခိုင်းစရာရှိလို့လဲဟင်။"

ကိတ်မုန့်တွေကိုပါးတွေလုံးနေအောင်ဝါးရင်း​မေးလာတဲ့ဝမ်ဝမ်က သိပ်ချစ်စရာ။
လီလီကပါးဖောင်းလေးကိုအသာဖျစ်လိုက်ရင်း...

" ခိုင်းစရာမရှိပါဘူးကွယ်။ ဒါနဲ့ ညနေသွားမှာကမင်းရဲ့ဦးနဲ့လား..."

" ဗျာ... ဟို...ဟုတ်။"

လီလီမေးလေတော့ ဝမ်ကလေးငယ်ကမလုံမလဲတွေထဖြစ်ကုန်ပါရဲ့...

ရိုးရိုးမေးတဲ့မေးခွန်းတောင်ဒီလောက်စိတ်လူပ်ရှားသွားရင် ရှောင်ကျန့်သူမအားခေါ်တွေ့ပြီးပိုင်ပိုင်နိုင်နိုင်ပြောသွားတာတွေများသိတဲ့အခါ ဒီကလေးဘယ်လိုနေပါမလဲ...

" ဝမ်ဝမ်နဲ့ ရှောင်ကျန့်ကြား တစ်ခုခုရှိနေလား။"

တီတီကမေးလာတဲ့အခါ ရိပေါ်ရင်တွေကထိတ်လန့်လို့ကဆုန်ပေါက်လာတယ်။

တီတီ့ကိုဦးနဲ့ရိပေါ်အကြောင်းဖုံးကွယ်ထားတာမျိုးတော့မဟုတ်ပေမဲ့ ယခုချိန်မသိစေချင်သေးတာတော့အမှန်ပါ။

တီတီ့အပေါ်အားနာသလိုခံစားရတယ်။ နောက်ပြီး ရိပေါ်ခံစားချက်တွေကရူပ်ထွေးနေတာပါပဲ ဘယ်လိုပြောပြရမှန်းတောင်မသိတော့ဘူး။
ပက်သက်မူ့တွေက ဘယ်လိုအမည်တွေတပ်ရမလဲ...

တီတီ့ကိုလဲမလိမ်ချင်ဘူး...
အမှန်တိုင်းပြောပြလိုက်ရင်ရော တီတီခံစားသွားရမလား လက်ရောလက်ခံပါ့မလားရိပေါ်မသိ...

သူမအမေးကိုပြန်မဖြေပါပဲ သူမမျက်နှာကိုတွေတွေလေးကြည့်ကာ မျက်နှာလေးလဲမကောင်းစွာအတွေးလွန်နေတဲ့ကလေးငယ်ကြောင့်လီလီသက်ပြင်းမသိမသာချလိုက်တယ်။

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now