10🍁

2.6K 195 17
                                    

" ကျိယန်...! ငါမေးကြည့်ချင်တာရှိတယ်။"

"အွန်း... မေးလေ..."

ရိပေါ်က ဒီနေ့ကျောင်းပြန်တတ်ပြီဖြစ်တယ်။
ဦးရဲ့အမိန့်နဲ့ ကျောင်းနှစ်ရက်နားလိုက်ရပြီး နှစ်ရက်လုံး နေမထိလေမထိနေရတာကြောင့်ရော ဖျားထားတဲ့အရှိန်ကြောင့်ရော ဖွေးနုနုနဲ့နွမ်းနွမ်းကလေး။

ဒီနှစ်ရက်အတွင်းကို ဦးကလဲ ရိပေါ်ကိုအရမ်းအလိုလိုက်ဂရုစိုက်ကာ မျက်စိအောက်ကပင်အပျောက်မခံ...

အိပ်တာတောင်အပေါ်ထပ်ဦးအခန်းမှာလာအိပ်ခိုင်းသည့်ထိပဲ။
သို့ပေမဲ့ ရိပေါ်အကြောက်ကန်ငြင်းလို့ ရိပေါ်အခန်းမှာသာနေချင်ကြောင်းဂျီကျလေမှ ဦးကဆက်မပြောတော့တာပင်။

အန်တီကလဲ ဂရုစိုက်ပေးပေမဲ့ ဦးကအသေးစိတ်ကလိုက်ပြီးဂရုစိုက်ပေးနေတာကြောင့် ရိပေါ်မှာအန်တီ့အပေါ်ဘာကိုအားနာလို့အားနာရမှန်းမသိပေ။

မတော်တဆသိလိုက်ရတဲ့အမှန်တရားတစ်ခုလဲရှိသေးတယ်။အဲ့တာက ဦးနဲ့အန်တီဟာသပ်သပ်စီအခန်းခွဲနေကြတယ်ဆိုတာပါပဲ။

သိလိုက်ရတုန်းက ရိပေါ်ဖြင့်အံ့သြသွားရတာ။
လင်မယားဖြစ်ပြီးဘာကြောင့်များခွဲနေရတာလဲ။
ဦးနဲ့အန်တီ့ဆက်ဆံရေးကလဲ ပြသနာမရှိပဲ အေးအေးဆေးဆေးလေးဆိုတာ ရိပေါ်အမြင်ပဲလေ...

ဒါကိုဘာကြောင့်များ....

ထားပါအဲ့တာကို ခုရိပေါ်ဖြစ်နေခံစားနေရတာတွေက ပိုအရေးကြီးတယ်။
ဒါဟာဘာခံစားချက်လဲ သေချာသိရမှဖြစ်ပါမယ်...

"ဟေ့... ဝမ်ပူတင်း!! မေးမယ်ဆိုမေးလေ...."

အတွေးလွန်သွားတဲ့ရိပေါ်က ကျိယန်အော်သံကြားမှ အသိကပ်တော့တယ်။

ဒါနဲ့ ဝမ်ပူတင်းလို့ခေါ်ပြန်ပြီ ဒီကျိယန်က...

" ကျိယန်ရား.... ငါ့ကိုဝမ်ပူတင်းမခေါ်ပါနဲ့ဆို...။"

ပူတင်းတုံးလေးလို ဖောင်းဖောင်းအိအိကလေးရိပေါ်အား ကျိယန်ကချစ်စနိုးနဲ့ဝမ်ပူတင်းခေါ်သည်ကို ပူတင်းနဲ့တူပါတဲ့ရိပေါ်ကမကြိုက်ပါဘူးတဲ့။

ဒီရိပေါ်ကတစ်ကယ်ချစ်ဖို့ကောင်းတာ။
အသားရည်ကဖြူဖွေးနုဖတ်နေသလိုပါးလေးတွေဆိုတာပူတင်းတုံးလေးလိုတုန်တုန်အိအိကလေး...

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now