22🍁

2.3K 157 8
                                    

ဟွားလီလီက ယခု တိတ်ဆိတ်ကာသပ်ရပ်လှတဲ့ကော်ဖီဆိုင်တစ်ခုထဲရောက်နေလေတယ်။
ပြောရရင် တွေ့ဖို့ချိန်းဆိုလာတဲ့ ရှောင်ကျန့်ကြောင့်ပါပဲ။ သူမဆီထူးထူးဆန်းဆန်းဆက်သွယ်လာတဲ့ရှောင်ကျန့်က အရေးကြီးကိစ္စမဖြစ်မနေပြောရမဲ့ကိစ္စကြောင့်သာဖြစ်ပါမည်။
မဟုတ်လျှင်ရှောင်ကျန့်လိုလူက သူမစီတကူးတကတွေ့ဆုံဖို့ရာဆက်သွယ်လာမည်မဟုတ်ပေ။

" စောင့်ရတာကြာသွားလား။ ကိုယ်အလုပ်ကိစ္စတစ်ခုကြောင့်နောက်ကျသွားတယ်။"

သူမဟိုဟိုဒီဒီတွေးနေတုန်း သူမရှေ့စကားသံပေးကာ ဝင်ထိုင်လာသည့်ရှောင်ကျန့်....

အနက်ရောင် Suite နဲ့ ရှောင်ကျန့်က အရင်နှစ်များကထက်ပိုကြည့်ကောင်းလာတယ်ဆိုတာသူမလက်ခံပါတယ်။
ချောမောနုပျိုခြင်းတွေက ဒီလူသားအပေါ်ပဲအားလုံးစုပုံနေသလားမှတ်ရတယ်။

ဆံပင်တွေရှည်လာပေမဲ့ သပ်ရပ်စွာဖီးသင်ပုံသွင်းထားခြင်းက ရှိရင်းအသက်ထက်အများကြီးနုငယ်နေသလိုပဲ...

" လီလီရောက်တာမကြာသေးပါဘူး ။ "

သူမပြန်ဖြေလိုက်ပြီး စားပွဲထိုးလေးကော်ဖီလာချပေးတာကြောင့် စကားခနရပ်ထားလိုက်တယ်။

" ရှောင်ကျန့်အရင်လို black coffee ပဲသောက်မယ်ထင်လို့မှာထားပေးတာ အဆင်ပြေရဲ့လား.."

အရင်ကနှစ်ခြိုက်စွာသောက်တာကိုသတိထားမိသည်မို့သူမကြိုမှာထားပေးခြင်းကို စိတ်မကွက်စေဖို့ရာပြောလေတော့ ရှောင်ကျန့်ကခေါင်းတစ်ချက်ငြိမ့်ပြတယ်။

" အဆင်ပြေပါတယ်။"

" ဒါနဲ့ လီလီ့ကိုတွေ့ချင်တဲ့ကိစ္စက..."

ဟွားလီလီ လိုရင်းကိုမေးလာတာကြောင့် ရှောင်ကျန့်က ကော်ဖီတစ်ငုံသောက်ကာလည်ချောင်းရှင်းလိုက်ရင်း တည်ငြိမ်စွာဖြင့်....

" ဝမ်ဝမ့်ကို ကိုယ်တရားဝင်ပြန်လိုချင်တယ် လီလီ။"

"ဟင်...!"

ရုတ်တရက်ရှောင်ကျန့်ပြောချလာသည့်စကားကြောင့်ဟွားလီလီမှာ အံ့သြထိတ်လန့်သွားရတယ်။

ဒီလောက်ဒဲ့တိုးကြီးပြောချစရာလားရှောင်ကျန့်ရယ် စကားကိုပလ္လင်လေးခံပါဦးလား လီလီပြင်ဆင်ချိန်လေးရအောင်....

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now