14🍁

4K 217 24
                                    

"သမီးမိုက်ပဲ နင်က။ မွေးရကျိုးကိုမနပ်ဘူး။နင့်ကြောင့်ငါအများကြီးထိခိုက်နစ်နာရတော့မယ် သိရဲ့လား....!!"

ဟွားအဖေကပေါက်ကွဲနေခဲ့ပြီးဟွားအမေကတော့ ယောက်ကျားနဲ့သမီးကြားဗျာများလျက်ပဲ...

ဟွားလီလီကတော့ သူမအဖေစကားတွေကြောင့်ထွေထူးပြီးဝမ်းနဲမနေတော့ဘူး...

ဒီလိုသူ့အပေါ်အမြဲနိမ့်ချပြောဆိုနေတဲ့စကားတွေက အခုမှမဟုတ်တော့တာ...

ဟိုးအရင့်အရင်ကတည်းက ပါးဟာသူဖြစ်ချင်တာသူလုပ်ချင်တာအတွက်ဆို ဘယ်သူ့ကိုမှမကြည့်တတ်တဲ့အတ္တကြီးတဲ့လူစားမျိုးပဲလေ....

" ပါးအတွက် ဘယ်တုန်းကမနစ်နာနေတာရှိလို့လဲ။ အမြဲအတ္တကြီးတစ်ကိုယ်ကောင်းဆန်နေခဲ့တာပဲမဟုတ်လို့လား....။ ပါးအတ္တအတွက် ကိုယ့်သမီးကိုတောင်ထိုးကြွေးပစ်လိုက်ဖို့ဝန်မလေးတဲ့သူပဲလေ...။ အကယ်၍ ရှောင်းလိုလူမျိုးသာမဟုတ်ခဲ့ရင် ဟွားဘဝနစ်မွန်းသွားမှာသိရဲ့လား......။ တော်သင့်ပြီလေ... ရှောင်းစီက မရေတွက်နိုင်အောင်ရခဲ့ပြီးပြီမဟုတ်လားဘာတွေထပ်မက်မောနေသေးတာလဲ...။ ရှောင်းဘက်ကိုလဲငဲ့ပါဦး ။ပါးတို့ကိုသူဘာမှမလုပ်ခဲ့တာ သူ့အမေမျက်နှာကြောင့်ဆိုတာလဲသိထားဦး...။ ထပ်ပြီးပါးဘက်ကလောဘကြီးနေရင် အဲ့အခါရှောင်းအဆိုးမဆိုတော့နဲ့....။ "

ဟွားလီလီက တင်လျှောက်လုံးမျိုသိပ်ခဲ့ရသမျှ ယခုမှ ဖွင့်ဟပစ်တော့တယ်။
နစ်နာကြေးမယူတဲ့ကိစ္စနဲ့ပက်သက်ပြီး သူမအဖေကအခဲမကြေနိုင်ဖြစ်နေခဲ့တာ....

"အေး... သိပ်ကောင်းတယ်ဆိုတဲ့ ကောင်ကိုနင်ဘာကြောင့်ကွာခဲ့ရတာလဲ...။ ကွာပြီးရင်လဲ နစ်နာကြေးတော့ယူကိုယူရမှာပေါ့။ အခုက ဘယ်ကမှန်းမသိတဲ့ကလေးသာသာကောင်လက်ဆွဲပြီး လက်ဗလာနဲ့ထွက်လာတာ ဘယ်လောက်စိတ်ပျက်စရာကောင်းလဲ...။ ဒီအ​ကြောင်း မီဒီယာတွေသိရင် ငါတို့သိက္ခာတွေဘယ်ရောက်ကုန်မလဲ နင်မစဥ်းစားဘူးလား....။"

ဝမ်ဝမ်က ဘေးမှာမျက်နှာငယ်လေးနဲ့ထိုင်နေပြီး ကလေးကအပြောခံရတော့ခေါင်းကိုဖော်မလာသည့်အပြင် လက်နှစ်ဖက်ကိုကျစ်ကျစ်ဆုပ်လို့ ငြိမ်သက်နေပြီ။

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now