26🍁

2.4K 143 9
                                    

" ကျမတော့ စိတ်ညစ်တာပါပဲ ဖေကြီးရယ်။ ပက်သက်မူ့က ဘယ်နှယ့်တွေတုံး။"

ညစာစားပြီးသည့်နောက်ရှောင်ကျန့်နဲ့ကောင်လေးကပြန်သွားပြီဖြစ်သည်။
တစ်နေကုန်စိတ်တင်းကြပ်မူ့တွေကိုရှောင်မားကယခုမှဖွင့်ထုတ်နေတာပင်...

သူမရဲ့ချွေးမဟောင်းဖြစ်သူဟွားလီလီရဲ့တူလေးတဲ့လား...
အရင်းမဟုတ်ပေမဲ့လဲ...ဟင်း....ရူပ်ထွေးသွားမဲ့ပက်သက်မူ့တွေက သူမတို့ရှောင်းမျိုးရိုးဂုဏ်ကိုထိခိုက်စေမှာတော့အမှန်ပင်....

" ပတ်ဝန်းကျင်ဆိုတာ ချီးမွမ်း ၇ ရက်ကဲ့ရဲ့ ၇ ရက်ပါကွာ...။ ကြာတော့လဲအဆင်ပြေသွားမှာပေါ့။အချိန်ပဲလိုတယ်...."

ရှောင်ပါးကလဲ ထိုသို့သာပြောလိုက်ပေမဲ့ သူ့ရင်ထဲလဲဒီကလေးနှစ်ယောက်ရဲ့အနာဂတ်အတွက်စိတ်ပူနေလျက်ပါပင်.....

...................................

" ဦး... လက်ဆောင်ပစ္စည်းတွေက ဦးကြိုစီစဥ်ထားတာလားဟင်...."

ရှောင်ကျန့်က baby ကို ရှောင်းမိဘအိမ်ကအပြန် သူ့အိမ်သို့ခေါ်လာခဲ့သည်။
တစ်နေကုန် မိဘတွေရှေ့မို့သူ့နှလုံးသားလေးကို လက်ကလေးကလွဲပြီးမထိရသေးဘူးမဟုတ်လား...
သူမရောင့်ရဲနိုင်သေးပါ...

အိမ်ပြန်ချင်တယ်လို့လဲမဆိုလာသေးသောကြောင့် ရထားတဲ့အခွင့်အရေးလေးကိုရှောင်ကျန့်ကအမိအရဆုပ်ကိုင်ထားရတယ်။

အိမ်ပြန်ရောက်ပြီး လသာဆောင်ထဲ ထိုင်နေကြစဥ် baby ကမေးလာသည်မို့ သူ့အသဲငယ်လေးအားတစိမ့်စိမ့်ကြည့်ရင်းကနေ ခေါင်းငြိမ့်ပြလိုက်တယ်။

" ဒါပေါ့... ကိုယ့်ချစ်သူလေးရဲ့မျက်နှာပန်းလှဖို့ ရှောင်းကတော်အကြိုက်တွေအများကြီးကြိုစီစဥ်ထားတာ..."

ရိပေါ်က မျက်စောင်းမမည်တဲ့အကြည့်လေးဦးအားပို့လွတ်လိုက်ပါရဲ့...

" အဲ့လိုဆိုတော့ ရိပေါ်ကဘယ်ကောင်းပါ့မလဲဦးရ။ ရိပေါ်ဖြင့်မသိလိုက်ပါပဲကို..."

" စကားပုံ တစ်ခုရှိတယ် သိလားbaby ။ *လင်ပစ္စည်း မယားပိုင်*တဲ့...
လင်ယောက်ကျားရဲ့ဥစ္စာပစ္စည်းမှန်သမျှ ထိုသူရဲ့သက်ဆိုင်သူက သူပိုင်တာပဲလေ...။ အဲ့တော့...ကိုယ့်ပစ္စည်းဥစ္စာအားလုံးကလဲ baby အပိုင်ပဲပေါ့။ခွဲခြားနေဖို့မလိုဘူး။"

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now