33

1.8K 125 15
                                    

မစားရတဲ့အမဲ သဲနဲ့ပက်ကြတာသဘာဝပါပဲ...
လူတိုင်းတော့မဟုတ်ဘူးပေါ့...
လူတွေထဲက ယုတ်ညံ့တဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်ထားတဲ့လူတွေကသာ ထိုသို့ပြုမူတတ်ကြတာ...

ဒီလိုယုတ်ညံ့တဲ့စိတ်ဓာတ်မျိုးပိုင်ဆိုင်ကြတဲ့လူတွေထဲ ရှင်းမီနဲ့ရှင်းဟန်ဆိုတဲ့မောင်နှစ်မနှစ်ယောက်လဲပါတာပေါ့...

ထိုမောင်နှမအကြောင်းပြောပြရမယ်ဆိုလျှင် ရှင်းမီ....သူမဟာရုပ်ရည်အတော်လေးလှတယ်။
လှပတဲ့မျက်နှာဖွဲ့စည်းပုံလေးကြောင့်ယောက်ကျားသားတို့အတွက်ယစ်မူးဖွယ်ရာပေါ့..။

သူမရဲ့သွင်ပြင်က ကျီးအာသီးနဲ့တူတယ်။
အပြင်ပန်းကကြည့်ရင်ရနံ့အရသာနဲ့ပြည့်စုံပြီး စားချင်စဖွယ်ဆိုပေသည့် ခွဲကြည့်လိုက်လျှင်အထဲမှာ လောက်ထိုးနေတဲ့အသီးမျိုး...
မစားကောင်းတဲ့အသီးပေါ့လေ....

ရုပ်ရည်လှပချောမောပေမဲ့ နောက်ခံမရှိတဲ့သူမတို့မောင်နှမနှစ်ယောက်က နမ်ကျင်းမြို့မိဘမဲ့ကျောင်းမှကြီးပျင်းလာကြသူတွေ။

သိရသလောက်မိဘမဲ့ကလေးအတော်အများက လိမ္မာယဥ်ကျေးကြပြီး ကိုယ့်ဘဝကိုယ်နားလည်လို့ ဒူးနေရာဒူးတော်နေရာတော်တွေ။

ဒါပေမဲ့ ရှင်းမီနဲ့ရှင်းဟန်ဆိုတဲ့နှစ်ယောက်ကတော့ သူတို့ကိုယ်သူတို့သွေးနားထင်ရောက်တတ်ကြတယ်။

လှပတဲ့ရုပ်ရည်သွင်ပြင်လေးကြောင့် အသက်၁၄ နှစ်မှာပဲ လုမျိုးရိုးကလင်မယားရဲ့မွေးစားခြင်းကိုခံရတယ်။

လုမျိုးရိုးလင်မယားနှစ်ယောက်က ချမ်းသာတာမျိုးမဟုတ်ပဲအိမ်ပိုင်အိုးပိုင်လေးနဲ့နေနိုင်စားနိုင်ရုံလောက်လေး..

သားသမီးမထွန်းကားတော့ မိဘမဲ့ကျောင်းကနေထိုမောင်နှမနှစ်ယောက်ကိုမွေးစားခဲ့တယ်။

ကံကြမ္မာကဘယ်လိုရယ်မသိ ရှင်းမီအသက်၁၆ နှစ်ပြည့်မှာပဲ လုလင်မယားနှစ်ယောက်က အက်စီးဒင့်တစ်ခုကြောင့်ဆုံးပါးသွားခဲ့တယ်။

တစ်ဖက်ကလျှော်ကြေးငွေအတော်များများရခဲ့ပြီး သူတို့မောင်နှမ ဒုတိယမြှောက် မိဘမဲ့ဖြစ်ခဲ့ရပေမဲ့ ဘာမှတော့သိပ်မခံစားခဲ့ရ။

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now