31🍁

2.4K 142 6
                                    

ပုံမှန်ရုံးတတ်ရက်တွေပြန်လည်ရောက်ရှိလာခဲ့တယ်။

ကိစ္စတွေအားလုံးပြီးဆုံးသည်ထိ ရုံးခွင့်ရက်ရှည်နဲ့ရိပေါ်က အိမ်တွင်းအောင်းခဲ့ရတာ ၁၄ ရက်နှစ်ပါတ်အတိ...။

အိမ်တွင်းအောင်းတာကနာမည်သက်သက်ပေါ့ ။တစ်ကယ်တော့ တီတီ့ရဲ့အဖေပါဝင်နေတဲ့ကိစ္စကြောင့်ဟွားအိမ်ကိုတီတီနဲ့ရိပေါ်ကူးလူးနေရတာ...

အဆက်သွယ်ပြတ်နေတာကြာပေသည့် တီတီ့အနေနဲ့မိဘဖြစ်နေတာကြောင့်ဘယ်လိုများမျက်ကွယ်ပြုနိုင်ပါလိမ့်မလဲ...

ဟွားဦးလေးကြီးကအတော်လေးခေါင်းမာသည့်အစားထဲကပင်။
တီတီ့ကိုမြင်တော့ အော်ထုတ်နှင်ထုတ်လိုက်ပုံများ....

ရိပေါ်ကိုလဲ ရစရာမရှိအောင်နစ်နစ်နာနာတွေပြောဆိုသေးတာ....

တီတီ့မှာခံစားရပေမဲ့ ဟွားဦးလေးကြီးနဲ့အတိုက်ခံလုပ်လို့ဖျောင့်ဖျတာတောင် ဇွတ်တရွတ်နိုင်စွာလုံးဝအလျော့မပေးခဲ့။

ဟွားအန်တီက ကြားထဲကပြေရာပြေကြောင်းညှိနိုင်းပေးမှသာ ခတ္တလက်ခံစကားပြောခဲ့တာ...

ထိုခနမှာပဲ ဟွားဦးလေးကြီးအားဦးစီမှာ အပြစ်တွေဝန်ခံပေးဖို့နဲ့ဒါမှသာသက်သာမည်ဖြစ်ကြောင်းရှင်းပြတော့ မျက်နှာအပျက်ပျက်နဲ့ဖြစ်တယ်။

" ကိုယ့်ယောက်ကျားငွေတွင်းကိုများဦးနှောက်မရှိကွာရှင်းပြီး ဘယ်တောကြိုအုံကြားက ကောင်မှန်းမသိလက်ထဲထည့်ပေးလိုက်တာ အခုတစ်ခါငါ့မျက်စိရှေ့ပေါ်လာပြီး ဆရာလာလုပ်နေပြန်တာလား...! ကျက်သရေမရှိတဲ့ဟာတွေငါ့အိမ်ကမကြိုဆိုဘူး အခုထွက်သွား....!"

ဤသို့ ထပြောလာတဲ့တီတီ့အဖေကြောင့်ရိပေါ်ဖြင့်ရင်ထဲဘယ်လိုတောင်ဖြစ်သွားရတယ်မသိ...

လက်သီးတင်းတင်းစုပ်မိတဲ့တစ်ခန ရိပေါ်လက်ပေါ်အုပ်မိုးလာတဲ့တီတီ့လက်တွေ...

ရိပေါ်တီတီ့ကိုလှည့်ကြည့်တော့ တောင်းပန်သည့်မျက်ဝန်းတွေနဲ့ ခေါင်းအသာခါပြတယ်။

ဒေါသမထွက်ပါနဲ့စိတ်မကောင်းမဖြစ်ပါနဲ့ဆိုတဲ့သဘောမျိုးထင်ပါရဲ့...

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now