32

2.5K 121 7
                                    

နိုးထလာသည့်မနက်ခင်း ရင်ခွင်ထဲကချစ်ရသူကိုဦးစွာမြင်ရခြင်းဟာ သိပ်ကိုကြည်နူးဖွယ်ရာကောင်းတယ်ဆိုတဲ့စကားတွေကို ရှောင်ကျန့်ကယခုမှယုံကြည်တယ်။

သူ့ဘဝတစ်လျှောက်လုံး ဒီလိုစကားတွေကတစ်ကယ်ဖြစ်လာမယ်လို့ ယုံကြည်မူ့မှမရှိခဲ့တာ....

အခုတော့ အချစ်ဆိုတာသူ့ဘဝမှာရှိလာခဲ့သလို အချစ်ဆိုတာကိုနားလည်စေခဲ့တဲ့ချစ်ဦးသူချစ်ဆုံးသူလေးကလဲ သူ့ရင်ခွင်ထဲရှိနေလေပြီ....

ဖောင်းမို့အစ်နေတဲ့မျက်လုံးတွေက အတော်လေးငိုထားရမှန်းသိသာစေတယ်။
အနဲငယ်ဖူးယောင်ပြီးအောက်နုတ်ခမ်းလေးပေါက်ကာသွေးစလေးကအနဲငယ်ထင်ကျန်နေဆဲ...
တစ်ရေးနိုးသန့်ရှင်းရေးထလုပ်ပေးပြီး ရှောင်ကျန့်ရဲ့နို့စိမ်းရောင်ရှပ်လေးလဲထားပေးတာကြောင့် အဖြူလုံးလေးရဲ့လည်တိုင်ထက်ကနီရဲပုပ်နေတဲ့အမှတ်သားတွေက ထင်ထင်ရှားရှားလေးနဲ့ လှချင်တိုင်းလှနေတော့တာပဲ။

အင်း...လည်တိုင်ကနေခြေသလုံးထိ ထိုအမှတ်သားတွေရှိနေပါတယ်။

တစိမ့်စိမ့်ရင်ခွင်ထဲက ကလေးငယ်ကိုကြည့်ရင်း ပေါက်နေသည့်နူတ်ခမ်းလေးကိုအသာယာနမ်းလိုက်တယ်။
ချစ်မဝလွန်းလို့ ဘယ်လိုများလုပ်ရပါ့လေ....။

ညကအခြေနေကြောင့်သူ့ကလေးငယ်တော်တော်နှင့်နိုးလာဦးမှာမဟုတ်သေးတာကြောင့် ရှောင်ကျန့်က အရင်ထကာ လိုက်ကာတွေသေချာဆွဲစေ့လိုက်တယ်။

နေထိုးလို့သူ့ကလေးငယ်အိပ်ရေးပျက်ရမှာစိုးလို့။

လိုက်ကာတွေသေချာစေ့ပြီးတာနဲ့ ကြီးမေကိုပျားသံပုရာရည်ပူလေးဖော်ခိုင်းကာ အပူခံဘူးနဲ့သေချာထည့်လာစေပြီး ခေါင်းရင်းနားတင်လို့ရေချိုးခန်းဝင်လိုက်တော့တယ်။

ရေပန်းကရေတွေကြောပြင်ထိခတ်တဲ့အခါစပ်ဖျင်းဖျင်းခံစားမူ့ကြောင့် ပြုံးမိသေး။

တိုတိတိလက်သည်းကြောင်းတွေက အမြှောင်းလိုက် ရှောင်ကျန့်ကြောပြင်ကျယ်ကြီးဝယ် ။
..............................

ရိပေါ်မျက်လုံးတွေကို ခက်ခက်ခဲခဲဖွင့်လိုက်တယ်။
မျက်လုံးတွေကအစ်နေပြီး လူကလဲနဲနဲမှလူပ်ကိုမလူပ်ချင်။

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now