8🍁

2.7K 189 5
                                    

ဟောက်ရွှမ်းတစ်ယောက် ဆိုင်အတွက်လိုအပ်သည်များ ကုန်တိုက်ထဲတွင် ဝယ်ခြမ်းနေစဥ် နောက်ကနေ ပြင်းပြင်းထန်ထန်အတိုက်ခံလိုက်ရတယ်။

ဘီးပါတဲ့တွန်းခြင်း ထဲ လေးလံစွာလဲထည့်ထားသေးသည်ကြောင့် အတိုက်ခံရတဲ့သူဟာ အင့်ခနဲ မြည်တမ်းလို့ ဒူးခေါက်ကွေးက ညွတ်ကျသွားတာများရုပ်ပျက်ဆင်းပျက်။

သူ့ခြင်းကိုအားယူဖိထား၍သာ ကုန်ပစ္စည်းစဥ်တွေနဲ့မတိုက်မခဲ့တာပင်....

လူက ဒေါသလဲထွက် ရှက်လဲရှက်နဲ့ ဆတ်ခနဲလှည့်လို့ အော်မိတော့တယ်။

" လူတစ်ယောက်လုံးကို မင်းမမြင်ဘူးလား...!
မင်းအလုံးက ကန်းနေတာလား ဟမ်!"

စုန့်ကျိယန်အတွက် ယနေ့ကျောင်းပိတ်ရက်ဟာ ပြသဒါးထင်ပါတယ်။
မွေးသမိခင်က ကုန်တိုက်မှာ လိုအပ်သည်များဝယ်ရန် အဖော်လိုက်လာခိုင်းရာ ငြင်းပါက ကဒ်ပြန်သိမ်းမည်ဟု ရာဇသံပေးလာ၍ စိတ်မပါလက်မပါ ကုန်တိုက်သို့ ပါလာခဲ့ခြင်းပင်။

စိတ်မပါရသည့်ကြားထဲ ပတ်ဝယ်နေတာမပြီးနိုင်သော မားအား စိတ်မရှည်ပါတော့ပဲ Wine စဥ်တွေရှိရာဘက် အမြန်လစ်ထွက်ခဲ့ချိန်မှာ ထပ်ပြီး ​စိတ်ရူပ်စရာတွေ့ပြန်သည်။

အစကတော့ ကိုယ့်အမှားမို့ကျိယန် Sorry ပြောဖို့ရာပေမဲ့ ရှေ့ကဘိုးတော်က စွတ်အော်လာသည်ကြောင့် နဂိုမားကိုမကျေနပ်သည့်စိတ်က ထိုဘိုးတော်အပေါ်ပုံကျတော့တယ်။

" ကျုပ်အလုံးကတော့မကန်းဘူး ခင်များကသာ အသက်ကြီးလာတော့ ခြေထောက်တွေမကောင်းတော့ဘူးနေမှာ။ အားဆေးလေးဘာလေးဝယ်သောက်ဦးဘိုးတော် ဒါမှ ဖျတ်ဖျတ်လတ်လတ်ရှောင်ရှားနိုင်မယ်။"

ပြောသာပြောရပေမဲ့ ရှေ့ကဘိုးတော်က အတော်ခန့်သန့်သည့်ရုပ်ရည်မျိုးပဲ။

မျက်ခုံးနက်နက် မျက်စံနက်နက်အပြင် ယောက်ကျားပီသတဲ့ခန္တာသွင်ပြင် ကြောင့် စော်ကြည်တဲ့ Suga Uncle ပုံပေါက်လို့။

ကိုကြီး အသက်ရွယ်နဲ့တော့အတူလောက်ပဲရှိလောက်ဦးမယ်ထင်တယ်။

ဟောက်ရွှမ်း အတော်အံ့သြတာပါ.....
ရှေ့ကချာတိတ်ကလေးက အခုမှအသက်ရွယ်ရှိရင် ၁၈ ၁၉ လောက်လေးပါ။ ဘယ်နှယ့်ကြောင့် ဒီလောက်ဆိုးရပါလဲ....

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now