19🍁

3.1K 230 22
                                    

ရိပေါ်က ပါးနပ်ပါတယ်။
နေ့လည်တုန်းက ဦးကိုကလန်ကဆန်လုပ်ပြီးကျိယန်နှင့်အပြင်သွားပြီးပြန်လာကတည်းက တိတ်တိတ်ကလေး ကိုယ့်နေရာကိုယ်ထိုင် ကာ လုပ်စရာရှိတာလုပ်နေခဲ့တာ...

ဦးက ဘာမှမဆူပေမဲ့ရိပေါ်ကိုစကားလဲမပြောပဲ အဖတ်မလုပ်ပဲနေနေတာ....
ဒီလိုကျတော့လဲ ရိပေါ်ကမနေတတ်ပေ။

ခါတိုင်းဆို ဦးကရုပ်တည်ကြီးပေမဲ့ ရိပေါ်ကို အလုပ်အကြောင်းပြောသေးတယ်။
ခုက ရိပေါ်ပြန်ဝင်လာကတည်းကတစ်ချက်သာကြည့်ပြီးအဖတ်ကိုမလုပ်တော့တာ အခုရုံးဆင်းတော့မဲ့အချိန်ထိပဲ....

ရိပေါ်လေး စိတ်ညစ်နေပါပြီနော်....။

ရှောင်ကျန့်က မသိမသာလေးဘေဘီ့ဘက်ငဲ့ကြည့်တော့ အဆိုးတုံးကဘာအလိုမကျသည်မသိ နူတ်ခမ်းကိုထော်လို့ပဲ။

နေ့လည်က ကိုယ့်ကိုကလန်ကဆန်လုပ်သွားတာစိတ်တိုချင်ပေမဲ့လဲ အဆိုးလေးကိုစိတ်ကမဆိုးရက်တော့အခက်သား....။

အဲ့တော့ဘာမှပြောမနေပဲ နေနေလိုက်တော့လဲ ကိုယ့်ဘက်ကြည့်လိုက်မျက်နှာလေးငယ်ချလိုက် ခနနေတော့မဲ့သွားလိုက် မျက်စောင်းထိုးကာနူတ်ခမ်းစူလိုက်နဲ့ မျက်နှာလုံးလေးကအလုပ်ကိုရူပ်လို့....!

ကိုယ်ကစိတ်ဆိုးရမလားမှတ်တယ် သူကပြန်ပြီးကောက်နေရတယ်လို့။ ဒီအဆိုးလေးက သူအလိုလိုက်လို့ဆိုးနေပါပြီ။

ဒီလိုနဲ့ရုံးသာဆင်းသွားတယ် နှစ်ဦးသားက ထိုမျှအတိုင်းတိတ်ဆိတ်လို့ပဲ....
.............................

"ဝမ်ဝမ်...သားမျက်နှာလဲမကောင်းပါလား... ဘာဖြစ်နေတာလဲ။"

ညစာစားသောက်ပြီး တူအရီးနှစ်ယောက် TV ကြည့်နေစဥ် လီလီကမျက်နှာမကောင်းတဲ့ကလေးကို မေးလိုက်တယ်။
အလုပ်ပြန်ရောက်ကတည်းက မျက်နှာမကောင်းတာမို့ သူမမေးချင်နေခဲ့တာ....

"တီတီ.... ဦးကလေ ဝမ်ဝမ့်ကိုမခေါ်ဘူးဗျ။"

"ဟေ... ဘယ်လို...!!"

ရိပေါ်က အားကိုးရသွားသလို လီလီ့ကိုတိုင်တန်းပါတော့တယ်။

"ဟုတ်တယ် တီတီ... ဦးကလေ......"
စလို့ နေ့လည်ကဖြစ်ကြောင်းကုန်စင်အား ရိပေါ်ကပြောပြလိုက်သည့်အခါ တီတီကခပ်ဖွဖွရီမောလာခဲ့တယ်။

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now