UKမှာသာကြီးပြင်းပြီးရန်ကုန်တက္ကသိုလ်၀င်းထဲ
ဒုတိယအကြိမ်သာ
ရောက်ဖူးတာကြောင့်ကားပတ် မောင်းပြီးကြည့်ရူခဲ့သေးသည်။အဲ့အချ်ိန်မှာ ဘွဲ့နှင်းသဘင်အရှေ့
လမ်းအကွေ့မှာ ကောင်လေး၁ယောက်ကို
ကားနဲ့တိုက်မိသလိုဖြစ်ပြီး ကားကအရှိန်နဲ့ရပ်တန့်လိုက်ရသည်။အဲ့ချိန်ကားပေါ်ကဆင်းလာပြီးကောင်လေးဆီဦးတည်သွားသည်။
"ဟို sorryပါညီငယ်လေးရယ်
ဘယ်နားထိသွားလဲ အကို့ကိုပြကြည့်ပါလား""အ အားးးး! "
အတိုက်ခံလိုက်ရတဲ့ခွန်းရသစောနောင်ကောင်လေး
ကခြေထောက်ကိုလက်၂ဖက်နဲ့စုတ်ကိုင်ထားတယ်။"ခြေထောက်ခေါက်သွားတာထင်တယ်"
စောနောင်ရဲ့အသံလေးကနားထောင်လိုက်သည်နှင့်
အသံကြားသနားပါစေဆိုသည့်ဆုနှင့်ပြည့်ထားသလားလို့ တောင်ထင်ရသည်။"လမ်းလျှောက်နိုင်ပါ့မလား။"
စောနောင်ကလွန်းမောင်ကိုမော့ကြည့်လိုက်သည့်အခါ
စောနောင်ရဲ့မျက်၀န်းတွေက၀ိုင်းဆက်နေပြီး
နာကျင်မှုကြောင့်မျက်ရည်များ၀ဲနေသည်။
စက္ကန့်ပိုင်းတွင်းမှာစောနောင်လွန်းမောင်ကိုစိုက်ကြည့်
နေမိ။ အဲ့ချ်ိန်လွန်းမောင်က
စောနောင်ကိုပြန်ကြည့်လိုက်ပြီး"ညီငယ်လေး"
စောနောင်ကသတိပြန်ကပ်သွားပြီး
"ဗျ ! ဗျာ"
"အစဉ်ပြေရဲ့လား။ ခြေထောက်ကနီနေတယ်။
အကိုချီလိုက်မယ်လေနော်""အယ် အကို.....ဟို..*ရပါ...."
စောနောင်စကားမဆုံးခင်မှာပဲ
လွန်းမောင်ကဒူးအောက်ကနေလက်တစ်ဖက်
ကျောကနေလက်တစ်ဖက်နဲ့ချီချလိုက်တော့တယ်။
စောနောင်ကလည်းပြုတ်မကျအောင်
လွန်းမောင်လည်တိုင်ကိုသိုင်းဖက်ထားတော့တယ်။
အဲ့နောက်လွန်းမောင်ကကား
အရှေ့ခန်းထဲကိုစောနောင်အားထည့်လိုက်တယ်။လွန်းမောင်ကစောနောင်ဘေး၀င်ထိုင်လိုက်တယ်။ အဲ့နောက်
"အစဉ်ပြေရဲ့လားညီငယ် နာနေသေးလား"
BẠN ĐANG ĐỌC
မောင့်နေကြာ (mg's sunflower/Ongoing )
Hành động*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *