"ကဲ အမောင်ရေ အမြန်ထတော့လေကွာ လှေသမားကရောက်တော့မယ်ကွ ဘာလဲ ဒီကလေးရိုက်ကတော့မှာလား"
လွန်းမောင်ရဲ့ခပ်မာမာအော်ငေါက်သံကြောင့်နောင်လေးအိပ်ရာမှမျက်လုံးမပွင့်ဘဲထထိုင်လိုက်တော့သည်။ထို့နောက်ခေါင်းကိုကုတ်၊မျက်လုံးကိုပွတ်လျက်နှာခေါင်းလေးရှုံလာပြန်သည်။
"အကိုမောင်ကလဲ ခနလေးအိပ်ပါ့ရစေအုန်းဗျ။သူပဲမနေ့ညကမအိပ်ခိုင်းဘဲနဲ့ အခုမှလာနိုးနေတယ်။အကျင့်ပုတ်"
"အောင်မယ် သူကလာစပြီးတော့ လူကြီးကိုများအကျင့်ပုတ်ကောင်တဲ့ ငရဲကျနေမယ် "
လွန်းမောင်ကဖန်ခွက်ထဲရေထည့်ကာနောင်လေးအရှေ့၌၀င်ထိုင်လိုက်တယ်။ထို့နောက်နောင်လေးအားဖန်ခွက်လေးထိုးပေးလိုက်လေ၏။
အိပ်ရာမှထထခြင်းအမြဲရေတိုက်တက်တဲ့လူကြီးပင်။ရေအားမော့သောက်လိုက်ပြီးဖန်ခွက်ကိုစားပွဲလေးအပေါ်တင်ထားလိုက်သည်။ထိုနောက်စောင်ကိုပြန်ဆွဲ၍ခေါင်းမြုံးခြုံလျက်ပြန်
အိပ်တော့သည်။"ခွန်းသရစောနောင်!"
"ဟင်"
"အပြစ်ပေးခံချင်နေသလား"
နောင်လေး၏မျက်၀န်းတစ်စုံသည်ချက်ချင်းပင်ဝိုင်းစက်သွား၏။
ထို့နောက်ချက်ချင်းထထိုင်ကာမချိုမချင်လေးပြုံးသွား၏။"ထပါပြီဗျာ အဲ့လူကြီးကလေဆူဖို့ကြီးပဲ။နေ့ဘက်နဲ့ညဘက်ကွာ့ပါ"
"ဒီ ကလေး"
နောင်လေးကပြုံးစိစိလုပ်ကာရေချိုးခန်းထဲ၀င်သွား၏။လွန်းမောင်မှာတော့ခပ်ယဲ့ယဲ့လေးပြုံးကာတစ်ဖက်ရှိပစ္စည်းများ၊အထုပ်များကိုစစ်ဆေးနေ၏။
************
"အကိုမောင်"
"ဟင်"
လက်လေးတစ်ဖက်ဖြင့်နောင်လေးလက်လေးအားဆုပ်ကိုင်ကာတစ်ဖက်ရှိရေပြင်အားငေးမောနေမိသောလွန်းမောင်သတိပြန်ကပ်လာ၏။"ကြာပန်းခူးပေး"
လွန်းမောင်ကခေါင်းလေးငြိမ့်ပြကာဦးအယ်ဆိုင်းအားကြာပန်းရှိရာ၌သို့လှေဆိုက်ခိုင်း၏။ထို့နောက်ကြာပန်းများအနီးရောင်ရှိသောအခါ
ကြာပန်းအားလှမ်းခူးလိုက်၏။
ESTÁS LEYENDO
မောင့်နေကြာ (mg's sunflower/Ongoing )
Acción*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *