"ဟေးးးးး စောနောင်"
အဆောင်ပြန်မယ့်လမ်းမှာအနောက်ကသူရိန်သော်ရဲ့အသံကြောင့်
ခြေလှမ်းတွေရပ်တန့်သွားကာအနောက်ကိုလှည့်ကြည့်လိုက်တယ်။"အော် အေးသူရိန် ဘာလို့လဲ။"
"ဒီနေ့ညသပ္ပံ ဆောင်ဘက်သွားပြီး
ဂီတာတီးမို့ လိုက်အုန်းမလားလို့""မလိုက်တော့ပါဘူးကွာ ငါကဘယ်တုန်းကလိုက်လို့တုန်း"
"အရင်ကမလိုက်ပေမယ့် မင်းများအခုစိတ်ပါမလားလို့"
"မလိုက်တော့ဘူးနော်။ ငါသွားတော့မယ်။ သွားစရာလေးရှိနေလို့"
"အေးပါငါ့ကောင်ရာ ကောင်မလေးနဲ့သွားချ်ိန်းဖို့လား"
"မဟုတ်တာကွာ ငါ့မှာမှကောင်မလေးမရှိတာ
ပေါက်ကရတွေမပြောနဲ့ ငါသွားပြီ""အေးအေး"
စောနောင်ကလည်းသူရိန်တို့ကိုစကားဖြတ်ပြီး
အမြန်ပြန်ထွက်လာလိုက်တယ်။***************
စောနောင်အဆောင်ရောက်တော့
အဆောင်ရှေ့မှာကားတစ်စီးရပ်ထားတာကိုတွေ့တော့
ကားပိုင်ရှင်ကိုတန်းသိသွားပြီး ကားနားကိုပြေးသွားတယ်။
နောက်ပြီးမှန်တံခါးခေါက်ဖို့ပြင် တော့
မှန်က်ိုအထဲကလူကဖွင့်လိုက်တယ်။"ပြောစမ်းပါအုန်း။ ဘာလို့ပြေးလာတာလဲ"
စိတ်ဆိုးဆိုးအသံနဲ့နှခမ်းလေးကိုထော်ပြီး
လွန်းမောင်ကစကားစလိုက်တယ်။"ဟို..... အက်ိုမောင်စောင့်ကတာကြာနေမှာဆိုးလို့"
လွန်းမောင်ကကားထဲကဆင်းလာပြီး
စောနောင်ရှေ့ရပ်လိုက်တယ်။ အဲ့နောက်"စောင့်ကတာဘာမှမဖြစ်ဘူကွ။ ခြေထောက်ပြန်နာမယ်။ "
"ပြစမ်းပါအုန်းခြေထောက်လေး"
လွန်း မောင်ကစောနောင်ရှေ့စောင့်စောင့်လေးထိုင်ချပြီးခြေထောက်
လေးကိုလှမ်းကိုင်ကြည့်လိုက်တယ်။"ဟို .....အကို.. "
စကားမဆုံးသေးမှီလွန်းမောင်ရဲ့အကြည့်တစ်ချက်ကြောင့်
စောနောင်စကားရပ်သွားတယ်။
DU LIEST GERADE
မောင့်နေကြာ (mg's sunflower/Ongoing )
Action*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *