"အကိုမောင်"
ကန်တော်ကြီးအတွင်းခုံတန်းလေးမှာထိုင်လျက်
လွန်းမောင်၏ပုခုံးအား နောင်လေးတစ်ယောက်
ခေါင်းအုံးလုပ်ကာမှီငြမ်း၍ မျက်နှာလေးမှိန်ကျနေသည်။"ဗျာ "
"ရှမ်းပြည်ရောက်ရင်ရှမ်းမလေးတွေနဲ့တွေ့ပြီး
အမောင်ကိုမမေ့ကဘူးနော်"နောင်လေး၏ ကလေးဆန်ဆန်နှင့်တောင်းဆိုမှုကြောင့်
လွန်းမောင်အသံထွက်အောင်ဟက်ခနဲရီမိသည်။
ထို့နောက်ရွှေအိုရောင်ဆံသားကောက်ကောက်လေးတွေကို
ဖွပြစ်လိုက်သည်။"ဒီကလေးငယ်နဲ့တော့ ခွဲရခံနီးလေပိုပြီး
အလွမ်းသယ်လေပါလား""ဟာအကိုမောင်ကလဲ အကြာကြီးခွဲကမှာကို
၂နှစ်ကျော်ကြီးကနည်းသလား"နောင်လေးသည်မျက်ရည်လေးများ၀ဲလာ၍
နှခမ်းလေးထော်လာသည်။ ထို့နောက်နှာခေါင်းထိပ်လေးတွေပါ
နီရဲတပ်လာသည်။"ဒီကလေးလေးနဲ့တော့ ၂နှစ်ကျော်ဆိုပေမယ့်
အလယ်မှာနွေကျောင်းပိတ်အုန်းမှာပဲ။ အဲ့အချိန်တွေ
ကို့ဆီလာလည်ပေါ့။ သီတင်းကျွတ်၊သကြ်န်၊ဒီဇင်ဘာတို့လို
ကျောင်းပိတ်ရက်အရှည်တွေမှာလဲ လာလည်ပေါ့ကလေးရဲ့။ ""ကြားရက်တွေက အကိုမောင့်ကိုလွမ်းနေရမှာပေါ့"
"ဒီကလေးလေးနဲ့တော့ကွယ်
မွ...! "စကားတွေများပြီးအလွမ်းသယ်နေတဲ့
နောင်လေးအားအသည်းယားကာ နှဖူးလေးအား
ရုတ်တရက်နမ်းလိုက်သည်။
အလွမ်းလည်းသယ်ချင်စရာပင်။
ရုတ်တရက်ခွဲကမည်ဟုဆိုသောကြောင့်
အလွန်လဲ၀မ်းနည်းရပေသည်။ မနက်ဖြန်၊သန်းဘက်ခါဆို
အဝေးကိုသွားရတော့မည့်လွန်းမောင်အား အနားကပ်ကာ
တစိမ့်စိမ့်သာထိုင်ကြည့်ချင်မိတော့သည်။နောင်လေးသည်ရုတ်တရက်တစ်ခုခုကိုသတိရသွားဟန်။
လွန်းမောင်ရင်ခွင်မှအသည်းအသန်ပြန်ထလာကာ
ရင်ခွင်အုပ်အကျယ်ကြီးအားလက်သီးလေးဆုပ်ကာ
မထီတထီဖြင့် ၄၊၅၊၆ချက် လောက်တဖျက်ဖျက်ဖြင့်
ဆက်တိုက်ရိုက်လိုက်သည်။"လူဇိုးကောင်! အကျင့်မကောင်းဘူး။
ရော့ ဟွန့်""ဟာအမောင် ဘာဖြစ်တာလဲ။
ရပ်အုန်းအမောင်"
ŞİMDİ OKUDUĞUN
မောင့်နေကြာ (mg's sunflower/Ongoing )
Aksiyon*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *