* ဒေါက် ဒေါက် ဒေါက် *
နေကြာပန်းပုံထွင်းထုထားသောသစ်သားပြားအပေါ်
*လွန်း*ဟုအမည် ထွင်းထားသောသစ်သားပြားလေး
ချိတ်ဆွဲထားသော တံခါးလေးအား
ဖြူဖွေးနေသောလက်သွယ်သွယ်လေးများနှင့်
တံခါးခေါက်လိုက်သည်။"အမောင်"
အခန်းထဲမှလွန်းမောင်ထွက်လာသည်နှင့်
အပြင်၌ အညိုရောင်ဆွယ်တာလက်ရှည်လေးကို
ခေါက်၍ကိုင်ထားသောနောင်လေးအားတွေ့လိုက်သည်။
နောင်လေးကဘာမျှပြန်မပြောပဲချက်ချင်းပဲ
ရင်ခွင်ထဲတန်း၀င်တော့သည်။"အဟင့် အဟင့် "
"အမောင်မငိုကဘူးလေ လိမ္မာပါကွာ"
ရင်ခွင်ထဲ၀င်၍ပြေးဖက်ကာငိုနေသော
နောင်လေးအားဆံပင်လေးပွတ်ပေးကာ
နှစ်သိမ့်ပေးနေရသည်။"အကိုမောင်မသွားပါနဲ့လား အဟင့်"
နောင်လေးအလွန်၀မ်းနည်းမိသည်။အမြဲတမ်း
အနားမှာလွန်းမောင်တစ်ယောက်ထဲရှိနေသည်မို့
ယခုမခွဲချင်မခွာချင်။ ကိုယ်တိုင်တောင်
လိုက်သွားလိုက်ချင်မိသည်။"မသွားလို့မဖြစ်လို့ပါအမောင်ရယ်။
အမောင်ကိုဘယ်ခွဲချင်ပါ့မလဲ""အကိုမောင်အဝေးရောက်နေရင်
အမောင့်ကိုအချစ်လျော့ပြီးမေ့သွားမှာပေါ့"လွန်းမောင်သည်ယဲ့ယဲ့လေးပြုံးကာ
ရင်ခွင်ထဲရှိခေါင်းလေးအား ဖြေးဖြေးလေး
ရိုက်လိုက်သည်။"ဒီကလေးကတော့ "
"မဟုတ်လို့လား"
"ဘာလို့အချစ်လျော့ကမှာလဲ
အသက်တစ်ခါရှုတိုင်းအမောင်ကိုချစ်တဲ့စိတ်
ပိုင်ဆိုင်ချင်တဲ့စိတ်တွေ 1% တိုးတယ်သိလား""ပိုပြန်ပြီ"
နောင်လေးကရင်ခွင်ထဲမှခေါင်းလေးထွက်လာ၍
နှခမ်းလေးဆူကာ ရင်ခွင်လေးအားထုလိုက်သည်။"မပိုပါဘူးဗျာ ဟားဟား "
"ဒါနဲ့ ဒီ နေကြာသစ်သားပြား လေးကိုယူသွားမှာလား"
နောင်လေးကလွန်းမောင်အားတစ်ဖက်ရှိတံခါးမှ
နေကြာသစ်သားပြားလေးကိုညွန်ပြလိုက်သည်။
KAMU SEDANG MEMBACA
မောင့်နေကြာ (mg's sunflower/Ongoing )
Aksi*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *