"Good Afternoon ပါ CEO
ဒီနေ့မလာတော့ဘူးထင်ထားတာ ။ အော်နောင်လေးပါလာတာပဲ"
တနေကုန်လျှောက်သွားနေရင်းနေလယ်၁၂နာရီ
တောင်ကျော်ခဲ့ပြီဖြစ်သည်။ ရုံးထဲကို
နောင်လေးလက်ကိုဆွဲပြီး၀င်လာတယ်။ ရုံးထဲ၀င်လာတော့
ဖိုင်တွေကိုင်ပြီး စားပွဲကနေထလာတဲ့ရဲရင့်ကိုတွေ့တယ်။"Good Afternoonပါ။ဟုတ်တယ်လမ်းကြုံလို့တခါတည်း၀င်လာတာ။
ဒါနဲ့ဘယ်သွားမို့လဲ"လက်ထဲမှာဖိုင်တွေကိုင်ထားသည်မို့
လွန်းမောင်ကမေးလိုက်တယ်။"အော်ဟုတ်ကေသီကျော့ဆီသွားပေးဖို့ပါ။
ပြင်ဦးလွင်ကProject အတွက်ကုန်ကျစရိတ်တွေပါ။ ""အော်။ ကောင်းပြီ။ ဒါဆိုခွင့်ပြုအုန်းနော်။ အော်
ကေသီကျော့ကိုတခါတည်း ပြောလိုက်ပါ။
ရှမ်းပြည်ဘက်က projectအခြေအနေလေး
အချိန်ရရင်တင်ပြပေးပါလို့""ဟုတ်ကဲ့။ ပြောလိုက်ပါမယ်။ ဒါဆိုကျွန်တော့်ကိုခွင့်ပြုအုန်းနော်"
"ကောင်းပြီ"
ရဲရင့်လည်းနှုတ်ဆက်စကား ပြောပြီးပြန်ထွက်လာခဲ့တယ်။
လွန်းမောင်ကလည်းနောင်လေးလက်ကိုဆွဲကာရုံးခန်းကို
ဦးတည်ကာပြန်ထွက်လာခဲ့တယ်။**********
အခန်းထဲရောက်တော့လွန်းမောင်က တံခါးလော့ချပြီး
ၔည့်တွေစားပွဲပေါ်ကိတ်မုန့်ကိုချလိုက်သည်။
ထို့နောက်ဆိုဖာပေါ်၀င်ထိုင်လိုက်သည်။"လာပါအုန်းဘေဘီလေးရယ်"
လွန်းမောင်ဟာပင်ပန်းသည့်ပုံစံဖြင့်
နောင်လေးကလဲလက်လေးကားပြလိုက်သည်။
နောင်လေးကလည်းအလိုက်တသိနဲ့ပင်
လွန်းမောင်ရဲ့ပေါင်ပေါ်တက်ထိုင်လိုက်ကာ
လွန်းမောင်ကိုသိုင်းဖက်ထားလိုက်သည်။"ပင်ပန်းနေပြီလား"
နောင်လေးသည်လွန်းမောင်ရဲ့ဆံသားလေးတွေကို
ပွတ်သတ်ပေးနေသည်။"မပင်ပန်းပါဘူး။ ကို့အသည်းလေးအတွက်ဆို
အချိန်ပြည့် Active (တက်ကြွခြင်း) ဖြစ်နေတာပါ။""ပိုပြီ လူပိုကြီးကပ်ချွဲပြန်ပြီ"
နောင်လေးသည်နှာခေါင်းလေးရှုပ်ကာပြန်ပြောသည်။
CZYTASZ
မောင့်နေကြာ (mg's sunflower/Ongoing )
Akcja*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *