"အမောင်"
မနက်ကတည်းကအပြင်သွားနေကသည်မို့
ဆိုဖာပေါ်မှာ အိပ်ပျော်နေတဲ့နောင်လေးအားကြည့်၍
ပြုံးနေမိသည်။ နောင်လေးအိပ်ဆက်နေရာဆိုဖာဘေးရှိ
ကြမ်းပြင်၌ ဒူးလေးထောက်ကာနောင်လေး၏
ရွေအိုရောင်ဆံသားကောက်ကောက်လေးတွေကို
ပွတ်သတ်ပေးနေသည်။"အမောင်ရယ်။ အမောင့်ကိုသိပ်...ပိုင်ဆိုင်ချင်တာပဲ။
ဘယ်လိုအခက်အခဲရှိရှိအမောင့်ကိုလက်ထပ်ယူမှာပါ။
အမောင့်ရဲ့ဖြစ်တည်မှုအားလုံးကိုမြတ်နိုးတန်ဖိုးထားမိတယ်။
အမောင်ကျောင်းပြီးရင်အကိုမောင့်မိတ်ဆွေ၊အသိုင်းအ၀ိုင်းရဲ့
အရှေ့မှာလက်ထပ်ထိမ်းမြားမှာပါ။
အကိုမောင်ကိုလက်ထပ်ယူမယ်မလားအမောင်။ "အိပ်ဆက်နေသောအမောင့်အားတစ်စိမ့်စိမ့်ကြည့်ကာ
တစ်ယောက်တည်းစကားတွေတိုးတိတ်စွာပြောနေမိသည်။
နောင်လေး ကလွန်းမောင်အသံကြောင့်နိုးသွားခဲ့သော်လည်း
ဘာမျှသဲသဲကွဲကွဲမကြားခဲ့ပေ။ နိုးနိုးခြင်းပဲ
မျက်လုံးလေးစင်းစင်းလေးနှင့်လွန်းမောင်အားမော့ကြည့်ကာ
ယဲ့ယဲ့လေးပြုံးလေသည်။ ချက်ချင်းပဲလွန်းမောင်ရဲ့
လည်တိုင်အားသိုင်းဖက်လိုက်သည်။"အကိုမောင်"
အိပ်ချင်မူးတူးနဲ့ မျက်လုံးစင်းစင်းလေးနှင့်
ပြုံးစိစိပြောနေပုံမှာ ကလေးငယ်တစ်ယောက်လိုပင်။"ဗျာ"
*ဗျာ* နောင်လေးထပ်အသက်အရွယ်ကြီးနေသော်လည်း
တယုတယနှင့်ပြန်လည်ထူးသံ။
အမောင်တန်ဖိုးထားမြတ်နိုးရသောအသံ။
နား၀င်လည်းသိပ်ချ်ိုလှ၏။"ဘယ်နှနာရီရှိပြီလဲ။ "
လွန်းမောင်ကနာရီကိုကြည့်ကာစက္ကန့်ပိုင်း
အတွင်းပြန်ဖြေသည်။"၄နာရီထိုးဖို့၈မိနစ်နဲ့၉စက္ကန့်အလိုပါအမောင်။ "
နောင်လေးသည်လွန်းမောင်၏အဖြေကြောင့်ပြုံးမိပြန်သည်။
"အာ.... ကိုကိုတိကျပဲ။
အိပ်လိုက်တာညနေတောင်စောင်းသွားပြီ""နာ၀င်ချိုလိုက်တာကွာ။ ကိုကိုတဲ့ပြန်ခေါ်ပါအုန်းလား"
နောင်လေးသည်လွန်းမောင်၏
တောင်းဆိုမှုကြောင့်နှခမ်းလေးဆူလာသည်။
ESTÁS LEYENDO
မောင့်နေကြာ (mg's sunflower/Ongoing )
Acción*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *