"အကိုမောင်....! "
အိပ်ရာမှတရေးနိုး၍ ကုတင်မှမထ ကသေး
လွန်းမောင်အားစတင်အော်ခေါ်တော့သည်။"အကိုမောင်....! "
၁ခါခေါ်လဲဘာမျှစကားမပြန် ၂ခါခေါ်လဲ
ဘာမျှအကြောင်းမပြန်သည်မို့ စိတ်မရှည်စွာဖြင့်
ကုတင်မှထလာသည်။ အိပ်ခန်းထဲမှထွက်လာပြီး
အောက်ထပ်၌ရှိမည်ထင်၍ အောက်ထပ်ကိုသာ
ပြေးဆင်းလာတော့သည်။ အောက်ထပ်ဆင်းလာသော်လည်း
လွန်းမောင်အားမတွေ့ပေ။ ထို့ကြောင့် အပေါ်ပြန်တပ်ကာ
၀ရံတာရှိရာကိုသာဦးတည်သွားသည်။"အကို...မောင်"
နောင်လေးကိုယ်တိုင်ထိုးပေးထားသောအညိုရောင်
ဆွယ်တာလေးအား၀တ်ဆင်ထားကာ ကော်ဖီခွက်လေးတစ်ခွက်ဖြင့်
နေထွက်ချိန်လေးအား လွမ်းဆွတ်တမ်းတ စဖွယ်ငေးမောနေသော
လွန်းမောင်အားတန်းတွေ့တော့သည်။"အမောင်"
လွန်းမောင်ကတွေ့သည်နှင့် ရင်ခွင်ထဲအပြေး၀င်သည်။
တင်းကြပ်စွာဖက်ထားကာ နှခမ်းလေးမှာလည်းထော်နေသည်။"ဘာလို့၁ယောက်ထဲထားခဲ့တာလဲ။ လိုက်ရှာနေတာတစ်အိမ်လုံး
နှံနေပြီ။ ခေါ်တာလည်းမထူးဘူး။ လူဆိုးကြီး "နှခမ်းလေးထော်ကာစိတ်ဆိုးဟန်ဖြင့်ရင်ဘက်ကျယ်သို့
မထီတထီဖြင့်ထပ်ခါထပ်ခါထုနေသည်။။"အချစ်ရာ မှန်တံခါးနဲ့လေ အထဲကအသံဘာမှမကြားရဘူး
အသက်ကလေးရဲ့ ကြည့်စမ်းပါအုန်းစိတ်ဆိုးနေတာ
ချစ်ဖို့ကောင်းလိုက်တာ..... နှခမ်းလေးကထော်နေတာပဲ
ကလေးလေးပူချူတူးအာကူကြူးလေး"နောင်လေး၏ပါးလေးအားဖွဖွလေး ဆွဲလိုက်ကာ
နှဖူးလေးသို့ မထီတထီလေးပွတ်ခနဲနမ်းလိုက်သည်။"လူနားလည်တဲ့စကားပြောပါအကိုမောင်ရယ်။
ကဲ ပြောပါအုန်းအစောကြီးထပြီးဘာလုပ်နေတာ
မဟုတ်မှလွှဲရော အရင်ကကောင်မ......... "
(ကောင်မလေးအကြောင်း)စကားမဆုံးသေးခင်ပဲနောင်လေးကိုစကားတွေရပ်တန့်သွားစေသော
အပြုအမူ.....။ မနက်ခင်းမှာခြောက်ကပ်ကပ်နှခမ်းပါးလေး
တစ်စုံမှစိုစွတ်စွတ်နှခမ်းပါအဖြစ်ကူးပြောင်းစဉ်......။
YOU ARE READING
မောင့်နေကြာ (mg's sunflower/Ongoing )
Action*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *