"ကဲ အမောင် ဘာလို့မျက်နှာကြီးဆူပုတ်နေတာတုန်းနည်းနည်းပါးပါးလောက်ပြုံးပါအုန်း"
လွန်းမောင်တစ်ယောက်အ၀တ်ထည့်နေရာမှထလာကာနောင်လေးရှိရာကုတင်ပေါ်ကို တင်ပါးလွှဲထိုင်ခဲ့သည်။ယဲ့ယဲ့လေးသာပြုံးကာ နောင်လေးပုခုံးပေါ်ခေါင်းလေးမှေးတင်ခဲ့သည်။
"ခေါ်ဘူး ခင်ဗျားကြီးကိုလည်းချစ်တော့ဘူး"
နှခမ်းကိုထော်၍ကုတင်ပေါ်မှာရုတ်တရက်ထ၍ ပြတင်းပေါက်ရှိရာဘက်က်ိုသာ စောင့်ကြီးအောင့်ကြီးနဲ့ထွက်သွားသည်။ ရုတ်တရတ်ထသွားသောနောင်လေးကြောင့်နောင်လေးပေါ်မှေးထားရာမှ အနည်းငယ်ယိုင်သွားသည်။
"အချစ်လေးကလည်း အကိုမောင်မှားတာသိပါတယ်။ ဒါပေမယ့်တကယ်မနေ့ညကမအားလို့ပါ ကိုယ်ပြန်လာတော့လည်းအမောင်ကအိပ်နေပြီလေ အကိုမောင်တောင်းပန်ပါတယ်နော်....."
မနက်ဖြန်ထွက်ကတော့မယ်ခရီးအတွက် စောစောပြန်လာခဲ့ပါမယ် ဆိုပြီးဂတိပေးခဲ့သော်လည်းရုံးအတွင်းရေးပြဿနာတစ်ခုပေါ်လာသောကြောင့်အိမ်အပြန်နောက်ကျကာ မနက်၃နာရီလောက်မှပြန်လာသော
လွန်းနောင်အားကောက်နေခြင်းပင်။ ဖုန်းဆက်လို့ရသော်လည်းပြန်လာမှ စိတ်ကောက်မည်လို့အပိုင်တွေးထားသောကြောင့်မာန်ကိုတင်းကာ ဖုန်းကိုလုံး၀မဆက်ခဲ့ပေ။ညလုံးပေါက်ထိုင်စောင့်နေသော်လည်း ပြန်မလာသေးသောလွန်းမောင်အားစိတ်ဆိုးကာ မနက်၂နာရီ လောက်မှ အ်ိပ်ရာ၀င်ခဲ့ရသည်။"အဲ့ဆင်ခြေပဲပေးမှာမဟုတ်လား။ နည်းနည်းပါးပါးတော့ဖုန်းလေးဆက်ပြီးအကြောင်းကြားမှပေါ့။အခုကတစ်ညလုံးနီးပါးပျောက်နေတာ မနက်လောက်မှပြန်လာတော့စောင့်ကတဲ့လူကအရူးကြီးလိုပဲ။ "
ပြတင်းပေါက်ဘက်အားထွက်သွားသောနောင်လေးအနောက်အမှီလိုက်ကပြန်သည်။နောင်လေးက ထိုင်ခုံလေးတစ်ခုံမှာ၀င်ထိုင်လိုက်ပြီး လွန်းမောင်ကလည်းနောင်လေးနှင့်မျက်နှာချင်းဆိုင် အရှေ့ဘက်တွင်၀င်ထိုင်လိုက်သည်။ လက်ကိုပိုက်ထားသောနောင်လေးလက်ကိုဖွဖွလေးယူပြီးဆုပ်ကိုင်ထားလိုက်သည်။
"အမောင်ကလည်းဗျာ ဖုန်းဆက်ဖို့နေနေသာသာ အဲ့အချိန်ဖုန်းတောင်ဘယ်နားထားမိလဲသတိမထားမိပါဘူး ယုံပါမောင်ရယ် "
ESTÁS LEYENDO
မောင့်နေကြာ (mg's sunflower/Ongoing )
Acción*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *