*ဒေါက် ဒေါက် ဒေါက် *
(တံခါးခေါက်သံ)"CEO ကေသီကျော့ပါ"
"အော်အင်း၀င်ခဲ့ကေသီကျော့"
အခန်းထဲကိုကေသီ၀င်လာတော့
အခန်းထဲမှာထိုင် နေတဲ့ဦးသြရတုလွန်းမောင်ဆိုတဲ့
အမျိုးသားတစ်ဦးဆီဦးတည်သွားတယ်။
အဲ့အမျိုးသားရဲ့မျက်လုံး တွေကတလဲ့လဲ့တောက်ပနေပြီး
မျက်ခုံးထူထူး၊အသားဖြူဖြူ၊နှာတံစင်းစင်းနဲ့ ပေါ့။ကေသီကျော့အထဲ၀င်ပြီးတံခါးကို ဖြေးညင်းစွာပြန်ပိတ်ခဲ့တယ်။
"CEOဒါက နောက်ထပ်လုပ်ဆောင်မယ့် project အကြောင်းပါ"
"အွန်း။ ဒီဇိုင်းက ရော??? "
"ဒီဇိုင်းက CEOဒယ်ဒီဆီမှာပါ "
လွန်းမောင်၏ဖခင်ပင်။ မြန်မာနိုင်ငံမှာထွက်ခွာကာ
UK ၌အခြေချနေသည်မှာ အတော်ကြာနေပြီပင်။
တစ်ခါတရံမှသာ မြန်မာပြည်သို့ပြန်လာတက်သည်။"ဒယ်ဒီက မနေ့ကပဲ UK ပြန်သွားပြီလေ "
" ဟုတ်ပါတယ်။ CEO အရှေ့ရက်တွေက
အလုပ်ကိစ္စနဲ့ရှမ်းပြည်ဘက်သွားတုန်းက
ဒယ်ဒီကမပေးဖြစ်လိုက်တာပါ။ ဒီဇိုင်းက်ိုတော့
ကေသီတို့ကိုပေးခဲ့ရင်စိတ်မချလို့ သူငယ်ချင်း၁ယောက်ဆီ
ပေးခဲ့တယ်လို့မှာခဲ့ပါတယ်"တည်ကြည်စွာနေတက်ပြီးပြတ်သားတဲ့အသံတချို့နဲ့စကားသံများကြောင့်တခါတရံကေသီကျောချမ်းမိသည်။
"ဒယ်ဒီသူငယ်ချင်းကဘယ်မှာလဲ"
ကေသီကလက်ထဲကဖိုင်တွဲရဲ့အနောက်ဘက်က
စာရွက်ခေါက်လေးတစ်ခုကိုလှမ်းပေးလ်ိုက်၏။"ဒီလိပ်စာပါ"
"သူကရန်ကုန်တက္ကသိုလ်၀င်းထဲမှာနေတာလား"
"ရှင်"
လွန်းမောင်စကားအားနားမလည်သယောင်ဖြင့်
ကြောင်အအဖြစ်နေကပြန်သည်။နုံနုံအအတွေကိုလွန်းမောင်မကြိုက်။"ဥပဒေတက္ကသိုလ်ဘက်ကဆရာပဲ။
ဦးတေဇထွန်း...? ငါ့ဘာသာပဲသွားရှာလိုက်ပါ့မယ်""ဟုတ်ကဲ့"
"အခုဘာကိစ္စရှိသေးလဲ"
"ဘာမှမရှိတော့ပါဘူး။ သွားခွင့်ပြုပါအုန်းနော်'"
VOUS LISEZ
မောင့်နေကြာ (mg's sunflower/Ongoing )
Action*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *