"အမောင်"
"ဗျာ"
အိမ်အောက်ထပ်ရှိမီးဖိုခန်းထဲ၌ ဟင်းကူချက်ပေးနေသောနောင်လေးမှ လွန်းမောင်၏ခေါ်သံကိုကြားသည်ဖြင့် မပြေးရုံတမယ်ပင် ဧည့်ခန်းရှိရာသို့ပြေးထွက်လာ၏။
"ရုံးသွားတော့မယ်မဟုတ်လား အကိုမောင်။မနက်စာမစားတော့ဘူးလား"
"မစားတော့ဘူးအမောင်။ရုံးနောက်ကျနေလို့"
နောင်လေးကလည်းခပ်ယဲ့ယဲ့သာပြုံးပြကာခေါင်းငြိမ့်လျက် လွန်းမောင်၏လက်ကိုင်အိတ်ကိုဆွဲယူကာကားရှိရာသို့သွား၏။
ကားတံခါးအားသူကိုယ်တိုင်ဖွင့်ပေးကာ လက်ဆွဲအိတ်လေးအရင်ထည့်လိုက်သည်။
လွန်းမောင်ဘက်ပြန်လှည့်ကြည့်ရာ လွန်းမောင်သည် နောင်လေး၏ရွေအိုရောင်ဆံသားကောက်ကောက်လေးတွေအား ပွတ်သတ်ပေးနေ၏။"စောစောပြန်လာခဲ့မယ်နော်အမောင်။အခုနောက်ပိုင်းအမောင့်အနားကမခွာချင်ဘူး"
"ခရီးကပြန်လာကတည်းကပိုကိုပိုလွန်းတယ်"
နောင်လေးတစ်ယောက်လွန်းမောင်ရဲ့ရင်အုပ်အကျယ်လေးအား မထီတထီလေးရိုက်လိုက်ကာနှာခေါင်းလေးရှုပ်ပြ၏။
"ပိုကမှာပေါ့ မကြာခင်ကိုယ့်မိန်းမဖြစ်မယ့် ကောင်လေးအနားကပ်နေချင်တာ စန်းသလား"
"မဆန်းပါဘူးခင်ဗျာ ပုံမှန်ပါပဲခင်ဗျ အခုတော့ရုံးနောက်ကျနေပါ့မယ် သွားလိုက်ပါအုန်း"
စကားလမ်းကြောင်းကိုသိသိသာသာလွှဲပြစ်ကာကား တံခါးအားဖွင့်ပေးစေသည်။လွန်းမောင်အားလက်မောင်းမှအတင်းတိုးကာ ကားအတွင်းအတင်း၀င်ခိုင်းသည်။
"ဟီးဟီး သွားပြီအချစ်"
ကားလေးမောင်းကာထွက်သွားသောလွန်းမောင်ကိုကြည့်ကာနောင်လေးတဆွေ့ဆွေ့ငေးရသည်။တိမ်ညိုတိမ်းမိုင်းအနည်းငယ်ကကောင်းကင်အထပ်နေရာယူလျက်ရှိကာလေပြေလေညင်းလေးများဟာ တိုက်ခိုက်နေ၏။
"အဟွတ့် အဟွန့် "
"သား အထဲ၀င်တော့လေ မနက်စာစားမယ်။ အပြင်မှာလေတွေတိုက်နေတာကိုး"
"ဟုတ် ဟုတ်ကြီးမေ "
ကြီးမေရဲ့လှမ်းခေါ်သံကြောင့်နောင်လေးအသိပြန်ကပ်၏။
နှာခေါင်းထပ်မှ လျှံကျလာသော သွေးများအား ပဝါစအနက်လေးနှင့် ကမန်းကတန်းသုတ်ကာ အမြန်သိုဝှက်လိုက်၏။ထိုနောက်အိမ်အတွင်းသို့ပြန်၀င်ကာ ဆက်လျှက်ပင်ဟန်ဆောင်ကောင်းနေ၏။
YOU ARE READING
မောင့်နေကြာ (mg's sunflower/Ongoing )
Action*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *