"ကြီးမေရေ"
"ဟော အဆင်သင့်ဖြစ်ပြီလားနောင်လေး"
နောင်လေးကတက်ကြွစွာဖြင့် လွယ်အိတ်အသေးလေးအားစလွယ်သိုင်းကလှေကားပေါ်မှပြေးဆင်းလာ၏။နောက်တွင်အထုပ်အပိုးများဆွဲကာလွန်းမောင်မှာကပ်ပါလာတော့သည်။နောင်လေးကတက်ကြွစွာဖြင့်ဧည့်ခန်းထဲရှိကြီးမေအရှေ့ကို၀င်ထိုင်၏။
"ဟုတ်ကြီးမေ မသွားခင် ကြီးမေကိုကန်တော့မို့"
"လာလေအကိုမောင်"
ခရီးထွက်မို့နှိုးဆော်တုန်းကလွန်းမောင်ဖြစ်သော်လည်းအမှန်အကန်တက်ကြွနေသူမှာ နောင်လေးသာဖြစ်နေသည်။လွန်းမောင်ကလည်းခပ်ယဲ့ယဲ့လေးပြုံးလျှက်ဧည့်ခန်းအတွင်း၀င်လာ၏။နောင်လေးကခုံပေါ်မှဆင်း၍အောက်ကြမ်းပြင်၌ထိုင်တော့လွန်းမောင်ကလည်းနောင်လေး နဘေးတွင်၀င်ထိုင်၏။
"သာဓု သာဓု သာဓု ပါကွယ်။သွားလမ်းသာလို့ပြန်လမ်းဖြောင့်ပါစေကွယ်။ ရန်လည်းဖြစ်မနေကြနဲ့အုန်းနော် ခရီးဝေးသွားရင်စကားမမှားစေနဲ့"
"ဟုတ်ကဲ့ပါခင်ဗျ သားတို့သွားပြီနော်ကြီးမေ"
"ကောင်းပါပြီကွယ်"
လွန်းမောင်ကလဲနောင်လေးလက်လေးအားဆွဲကာဧည့်ခန်းအတွင်းမှထွက်လာ၏။နောင်လေးကလည်းခုန်ဆွခုန်ဆွနှင့် ကလေးဟန်လုပ်ကာ ကောက်ကောက်ပါအောင်လိုက်သွား၏။
"အိတ်တွေအကုန်တင်ပြီးပြီနော် အကိုလေး"
"ကျေးဇူးပါ ကြီးမေကိုဂရုစိုက်လိုက်အုန်း စိတ်ချမယ်နော်"
"ဟုတ်စိတ်ချပါ"
လွန်းမောင်ကလည်း ခြံစောင့်အားခေါင်းလေးငြိမ့်ပြကာ ကားသော့အားယူလိုက်၏။နောင်လေးအတွက်ကားတံခါးဖွင့်ပေးကာအရင်၀င်စေ၏။
နောက်မှသာလျှင်လွန်းမောင်ကားထဲ၀င်သည်။အသေးအဖွဲ့ဦးစားပေးမှုလေးတွေကို နောင်လေးသိပ်သဘောကျ၏။
ဒီအရာများကြောင့်သာ သူ့ဘ၀ဟာ နွေးထွေးမှု၊လုံခြုံမှုများ လွှမ်းခြုံလျက်ရှိနေခြင်းဖြစ်သည်။************
"အမောင်"
"ဟင်"
ဂိမ်းကိုအသည်းအသန်ဆော့နေတဲ့နောင်လေးအားကြည့်ကာလွန်းမောင်ဆူမို့အကြံ နောင်လေးပြန်ထူးပုံမှာပိုတောင်ဆူချင်စရာကောင်းသေး၏။
ESTÁS LEYENDO
မောင့်နေကြာ (mg's sunflower/Ongoing )
Acción*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *