စာမေးပွဲနောက်ဆုံးရောက်......
ကျောင်းနောက်ဆုံးနေ့မို့ ကျောင်းသားတိုင်းက
ခြေများနေလေရဲ့။ သူငယ်ချင်းများနှင့်
အပြင်လျှောက်လည်မယ့်သူများကတစ်ဖွဲ့တွေ
အဆောင်ပြန်ပြီးပစ္စည်းတွေသိမ်းနေကြတဲ့အဖွဲ့တွေ
စာမေးပွဲပြီးသည်နှင့်အိပ်ရာထဲထိုးအိပ်သူများကတစ်ဖွဲ့ပင်။လမ်းတွင်လူသွားလူလာများနေသည့်အချိန်ပင်မို့
အဓိပတိလမ်းမကြီးထက် ပုံမှန်ထက်စည်ကားနေသလိုပင်။
လူတိုင်းပျော်ရွှင်နေစဉ်မှာပင်နောင်လေးတစ်ယောက်
ချောက်ကပ်ကပ်အတွေးတွေနဲ့သာစ်ိတ်မပါလက်မပါဖြင့်သာ
အဓိပတိလမ်းမထက်ဖြေးဖြေးချင်းလျှောက်လှမ်းလာလေသည်။"ဟျော့်....စောနောင် "
".........."
"စောနောင် "
"ခင်ဗျာ"
အတွေးတွေနယ်ချဲ့လိုက်ပုံများ အနောက်ကနေ စတုတ္ထနှစ်ဥပဒေကျောင်းသားစီနီယာဥက္ကာဦးက
လှမ်းခေါ်နေသည်ကို တောင်မကြားပေ။"မင်းကလဲခေါ်လိုက်ရတာကို ဘာတွေတွေးနေတာလဲ။
မျက်နှာကလည်းမှိုင်မှိုင်ထွေထွေနဲ့ ဘာလဲ စော်ငြင်းလိုက်လို့လား""မဟုတ်ပါဘူးအကိုရာ ဒီတိုင်းပါပဲ။
ဒါနဲ့ဘာကိစ္စရှိလို့လဲ"ခပ်ပြုံးပြုံးဖြင့်သာ သိသိသာသာပဲစကား
လမ်းကြောင်းလွှဲလိုက်သည်။"ဒီကမင်းအားလား။နောက်ဆုံးနေ့ဆိုတော့
အရင်နှစ်ကအတိုင်းပေါ့ကွာ။ဒီနှစ်တော့စစ်ကိုင်းဆောင်မှာ"ပျော်မြူးဖို့မဲဆွယ်နေခြင်းပင်။နောင်လေးသည်
ချက်ချင်းပင်မျက်နှာပြောင်းသွားကာအားနာသည့်ဟန်ဖြင့်
ပြုံးစိစိလုပ်နေသည်။ အရင်နှစ်တွေကလည်း
မလိမ့်တပတ်နဲ့ခေါ်သွားရာနောင်လေးပါသွားခဲ့သည်။"အ....အဲ့တာ အော်မေ့နေတာ။
ကျွန်တော်ဒီနေ့ဆရာအောင်မျိုးနဲ့ချိန်းထားတာ
ဟုတ်တယ် စာမေးပွဲနောက်ဆုံးနေ့ကျရင်နားနေခန်းထဲ
လာခိုင်းထားတယ် စာအုပ်တွေဌားထားတာသွားယူမို့""မင်းကလဲ စာအုပ်ယူပြီးလာပေါ့
ညနေဘက်သွားယူညဘက်လာပေါ့ကွ"
ESTÁS LEYENDO
မောင့်နေကြာ (mg's sunflower/Ongoing )
Acción*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *