ရက်တွေ၊လတွေအလီလီပြောင်းလဲခဲ့ပြီ
အချစ်တွေဟာပိုမိုဆန်းသစ်လာသည်။ ပိုမိုလည်း
လွှမ်းဆွတ်တက်လာသည်။"လူနာ - ခွန်းသရစောနောင် ၀င်လို့ရပါပြီရှင့်"
သူနာပြုတစ်ယောက်အခန်းထဲမှထွက်လာပြီး
ခေါ်လိုက်သောနာမည်ကြောင့်နောင်လေးထိုင်ရာမှ
ထကာဆေးခန်းထဲ၀င်သွားသည်။"ဒေါက်တာ"
"အော် ထိုင်ပါ"
အလုပ်စားပွဲခုံ၌ထိုင်နေသောဒေါက်တာဦးလရောင်ရှိန်းက
လှိုက်လှဲစွာနဲ့ပြုံးပြကာကြိုဆိုသည်။
ဒေါက်တာကနောင်လေးတို့မိသားစုရဲ့
Family Doctor တစ်ယောက်ပင်။
နောင်လေးတို့မိသားစု၏အားအကိုးရဆုံး
ဒေါက်တာပင်ဖြစ်သည်။
နောင်လေးကလည်းဒေါက်တာရဲ့အရှေ့မှာပဲ
၀င်ထိုင်လိုက်တယ်။"စိတ်ကိုခိုင်ခိုင်ထားနောင်လေး
လူရင်းတွေမို့ပွင့်ပွင့်လင်းလင်းပဲပြောချင်တယ်""ပြောပါဒေါက်တာ။ ကျွန်တော်စိတ်ခိုင်ပါတယ်။"
"ဆေးစစ်ချက်အရတော့ ရောဂါကအရင်ကထပ်
ပိုဆိုးလာတယ်။ အများကြီးဂရုစိုက်ဖို့လိုနေပြီနောင်လေး"ဒေါက်တာရဲ့စကားသံကြောင့်
နောင်လေးမျက်နှာညိုးသွားသည်။
စားပွဲပေါ်ရှိပန်းအိုးအသေးလေးကိုသာ
စိုက်ကြည့်နေမိသည်။"level - 3ကိုတက်သွားတယ် နောင်လေး
ပြောချင်တာက....."ဒေါက်တာရဲ့စကားမဆုံးခင်မှာပဲ
ညိုးသွားတဲ့မျက်နှာဟာပြန်လည်ပြုပြင်ကာ
ဒေါက်တာအားစ်ိုက်ကြည့်လိုက်သည်။
ဒေါက်တာသည်ဆက်ပြောရန်လည်း
နောင်လေးအတွက်စိတ်မကောင်းဖြစ်နေဟန်။"ကျွန်တော်အသက်ရှင်ဖို့ ဘယ်လောက် လောက်
အချိန်ကျန်သေးလဲဒေါက်တာ""လိုပါသေးတယ်။ ဆေးကိုသာမှီရင်
၃နှစ်လောက်အသက်ရှင်နိုင်ပါသေးတယ်။ "နောင်လေးအသက်မဲ့စွာပြုံးမိသည်။
ဒီဘ၀တွင်အကိုမောင်နဲ့အတူရှင်သန်ရပ်တည်ရန်
၃နှစ်ကျော်ခန့်သာကျန်တော့သည်။"အော်..... ဟုတ်ကဲ့။
ကျွန်တော်အရင်ကထပ်ဂရုစိုက်ပါ့မယ်။ ""ကောင်းပြီနောင်လေး။ အရင်အပတ်ကမှာစရာတွေ
အကုန်မှာပြီးပြီဆိုတော့ ဘာမှထပ်မမှာတော့ပါဘူး။
ကျန်ရှိနေတဲ့အချိန်တွေမှာသာပျော်ပျော်နေပါ။ "
ESTÁS LEYENDO
မောင့်နေကြာ (mg's sunflower/Ongoing )
Acción*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *