"ဟယ်လို ဆရာ "
"အွန်း ပြော လင်းရှိုန် "
လင်းရှိုန်က စကားဆက်သည်။
"အကိုလေးအကြောင်းကို ကျွန်တော်စုံစမ်းပြီးပါပြီ။
စုံစမ်းရသလောက်တော့ အကိုလေးပြနေကြဆေးခန်းကိုသွားပြီးစုံစမ်းခဲ့သေးတယ်ဆရာ""ဘယ်လို ဆေးခန်း...? "
လွန်းမောင်ကမေးခွန်းပြန်ထုတ်တော့ လင်းရှိုန်းစကားများဆက်ရန်
တုပ်ဆိုင်းနေမိသည်။"ဟုတ်တယ်ဆရာ။ အကိုလေးအကြောင်းစုံစမ်းရင်း အကိုလေးနဲ့သိတဲ့တက္ကသိုလ်ကစီနီယာတွေကပြောလို့ပါ"
"အော် ဆက်ပါအုန်း"
လွန်းမောင်ကစကားဆက်ခိုင်းတော့လင်းရှိုန်အရှေ့
ဆက်ပြောကတော့သည်။"အကိုလေးကိုသိတဲ့သူများပေမယ့် ခင်တဲ့သူနည်းတယ်တဲ့။
အကိုလေးကစကားနည်းပြီးအနေအေးတော့သူ့အကြောင်းသိပ်ပြီးမသိကြဘူးတဲ့။နောက်ပြီးတက္ကသိုလ်ကECကပြောတယ်..."လင်းရှိုန်က စကားပြောနေရင်းရပ်သွားတယ်။တစ်ခုခုအားပြောသင့်မပြောသင့်အားချင့်ချိန်နေဟန်.....
"ဟယ်လို လင်းရှိုန် ဆက်ပြောလေနားထောင်နေတယ်"
"ဆရာ...အဲ့တာအကိုလေးကဆေးခန်းခနခနသွားတာကိုတွေ့တယ်တဲ့နောက်ပြီးဆေးတွေအများကြီးသောက်တက်တယ်တဲ့နောက်ပြီးအဲ့တဲ့နေ့တိုင်းပဲတဲ့"
လွန်းမောင်ထိတ်လန့်သွားလေ၏။ဆေးတွေ နောက်ပြီးနေ့တိုင်းသောက်က တယ်တဲ့လား။ ဒီကလေးငယ်ဘယ်လောက်တောင်ပင်ပန်းနေလောက်မလဲ...?
"နောက်ပြီး ဆရာ.....ဟို"
"အွန်း ဆက်"
"နောက်ပြီးအကိုလေးရယ့် ဘေးခန်းကEcတစ်ယောက်ကပြောတာကတော့ အကိုလေးသွားနေကြဆေးခန်းက *happy smile *ဆေးခန်းတဲ့"
လွန်းမောင်သည်စိုးရိမ်စိတ်များဖုံးလွှမ်းပြီးထင်ထားသမျှမဖြစ်ပါစေနဲ့ဟုသာဆုတောင်းမိတော့သည်။
"မင်းအဲ့ကိုသွားစုံစမ်းသေးတယ်မဟုတ်လား"
"ဟုတ်ကဲ့ ဆရာ။ကျွန်တော်စုံစမ်းခဲ့သေးပါတယ်"
ESTÁS LEYENDO
မောင့်နေကြာ (mg's sunflower/Ongoing )
Acción*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *