"အမောင် ထတော့ထတော့ ။ နေမြင့်နေပြီ"
စနေ၊တနဂ်နွေဆိုလျှင် နေမြင့်အောင်အိပ်တက်သည်မှာ
နောင်လေးအကျင့်ဖြစ်သည်။ယခုလည်း
ရာသီဥတု အေးအေးလေးနှင့် အိပ်ရာမှမချင်တော့ပေ။
လွန်းမောင်နှိုးနေသည်မှာလည်း ၂ခါမကတော့။
ယခုနှင့်ဆို၈ခါမြှောက်ပင်။"ခွန်းသရစောနောင်။ ထပါတော့ဆို အဆူခံချင်နေပြန်ပြီလား"
ခပ်ကြမ်းကြမ်းနှင့်လွန်းမောင်၏အသံကြောင့်
မျက်လုံးလေးအနည်းငယ်ပွင့်လာသည်။ အသက်အရွယ်
၈နှစ်မျှကွာခြားသောကြောင့် တစ်ခါတစ်လေ
နောင်လေးတစ်ယောက်လွန်းမောင်ကအပေါ်သိပ်ဆ်ိုးလှပြီး
ပေကပ်ကပ်နှင့်ပင်။ ယခုလည်းပေကပ်နေတော့သည်။လွန်းမောင်သည်အသံနှင့်အတူ ကုတင်သို့တစ်စောင်း
လှဲအိပ်လိုက်ကာ နောင်လေးဘက်လှည့်ကာခေါင်းလေးအား
လက်လေးနှင့်ထောင်၍နောင်လေးအားစိတ်ပျက်ပျက်နှင့်
ကြည့်နေသည်။ နောင်လေးသည်မျက်လုံးလေး
မှေးမှေးလေးနှင့်မျက်လုံးလေးပျောက်ကွယ်သည်အထိ
နှစ်နှစ်ကာကာပြုံးပြသည်။လွန်းမောင်ရင်ခွင်ထဲသို့တန်း၀င်၍
ထုံးစံအတိုင်းချိုတော့လေသည်။"အကိုမောင်ကလည်းးးး ခနလေးဒီလိုလေးနေအုန်းမယ်
မရဘူးလား နောက်ပြီးရင်အာဘွားအများကြီးပေးပါ့မယ်။
နော် နော် နော်........ "စကားများပြောနေသော်လည်းမျက်လုံးကတော့မပွင့်လာပေ။
ထို့နောက်လွန်းမောင်ရင်ခွင်အတွင်းခေါင်းလေးတိုးဝှေ့လျက်
ပွတ်သီးပွတ်သတ်နဲ့ပင်။"အတက်ကလေး နေပါနေပါ တစ်သက်လုံးနေ"
လွန်းမောင်အရည်မပျော်ဘဲမနေနိုင်တော့။ လက်ခံပေးရပြန်ပြီ။
ရွှေအိုရောင်ဆံသားကောက်ကောက်လေးများအား
လက်ချောင်းသွယ်သွယ်လေးများနှင့်ကစားနေကာနောင်လေး
အိပ်ရာမှန်ိုးချိန်ကိုစိတ်ရှည်ရှည်နှင့်စောင့်နေရှာသည်။'အမောင် အကြာကြီးမရတော့ဘူးနော်။
ဒီနေ့ရူခင်းလှတဲ့နေရာတွေလိုက်ပို့ပေးမယ်။ ပြင်ဆင်တော့"နောင်လေးမျက်လုံးများလင်းလတ်လာသည်။
နောင်လေး၏မွေးရပ်မှာအင်းလေးတွင်ဖြစ်၍ ကလောသို့
သိပ်မရောက်ဖြစ်။ ထို့ကြောင့်ကလောရှိနေရာများအား
သိပ်မရောက်ဘူးပေ။ အင်းလေးမှာမွေး၍ ရန်ကုန်တွင်
ကြီးပျင်းသူဖြစ်တာမို့ ကလောဘက်တော့အနည်းငယ််စိမ်းသည်။
လွန်းမောင်ရင်ခွင်ထဲမှခေါင်းလေးပေါ်ထွက်လာသည်။
KAMU SEDANG MEMBACA
မောင့်နေကြာ (mg's sunflower/Ongoing )
Aksi*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *