"အမောင်!"
မနက်ခင်းတစ်ခုမှာ မျက်လုံးနှစ်လုံးဖွင့်သည်နှင့်အတူ ချစ်ရသူအားအော်ခေါ်သံအား အရင်အစပြုလာသည်။
ညကအတူတူအိပ်ခဲ့သောနောင်လေးဟာ လွန်းမောင်ပြန်လည်နိုးထချိန်တွင် သူ့အနားရှိမနေခဲ့ပေ။
အလျင်စလိုနှင့်အိပ်ရာထဲမှထလာကာ ရေချိုးခန်းထဲအရင်ပြေးကြည့်၏။မတွေ့ပေ။ဒါကြောင့်ဖုန်းဆက်ဖို့ပြင်တော့ ပြတင်းပေါက်အနီးရှိ ဖုန်းကိုသွားယူသည်။"အဟွတ် အဟွန့် "
ချောင်းဆိုးသံတစ်စုံကြောင့် သူခြေလှမ်းများရပ်တန့်သွားသည်။ဒီချောင်းဆိုးသံသည်သူနှင့်အလွန်ရင်းနှီးနေဟန်။အမှန်ပင်။နောင်လေး၏ချောင်းဆိုးသံပင်။ ပြတင်းပေါက်၏အခြားတစ်ဖက်မှ ထွက်ပေါ်လာသောချောင်းဆိုးသံကြောင့်လွန်းမောင်လိုက်ကာကိုဖယ်ရှားကာအပြင်ကိုကြည့်လိုက်သည်။ ဘန်ဂလိုအပြင်၀ရံတာလေး၌နေထွက်ချိန်လေးအားတငေးငေးဖြင့် လက်၌ချည်ကြိုးလေးနှင့်ပုလဲလေးကိုသီနေသေး၏။
"အကိုမောင် နိုးလာပြီလား "
"အွန်း ဘာလုပ်နေတာလဲအမောင်"
လွန်းမောင်ကပြောပြောဆိုဆိုနှင့်နောင်လေးဘေးရှိ ကြိမ်ခုံလေး၌၀င်ထိုင်၏။
"ဟင် အော် ပုလဲသီနေတာလေ"
"ဘာလုပ်မို့လဲ နောက်ပြီး ဒါတွေကကော ဘယ်ကရတာလဲ"
"ဈေးရောင်းတဲ့ကလေးလေးဆီကမှာထားတာအကိုမောင်ရယ့်။ချည်ကြိုးနဲ့ပုလဲလေးလိုချင်လို့ကလေးလေး၀ယ်လာပေးတာ။
မုန့်ဖိုးပြန်ပေးလိုက်တယ်"လွန်းမောင်ကနားလည်သည့်ဟန်နှင့်ခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြသည်။နောင်လေးက ချည်ကြိုးလေးအားယူ၍ လက်ချောင်းရှည်ရှည်လေးများနှင့် အသာတချည် တိုင်းယူ၏။ဆွဲကြိုးအနေအထားလောက်ရှိသောချည်ကြိုးလေးအား ၄/၅ပတ်လောက် ထပ်ယူ၏။ ထို့နောက်ကြိုးလေးအားဆွဲကြိုးအနေဖြစ်ရန် ၄/၅ပတ်လောက်ပြန်ပတ်၏။ချည်ကြိုး၄/၅ချောင်းလောက်ကိုစုလိုက်ကာ ပုလဲတစ်လုံးအားထည့်လိုက်၏။ဘယ်ဘက်ထိပ်၊ညာဘက်ထိပ်ကိုချည်ကာ ဆွဲကြိုးလေးအားလည်ပင်း၌တိုင်းတာလိုက်၏။အတော်ပင်။
YOU ARE READING
မောင့်နေကြာ (mg's sunflower/Ongoing )
Action*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *