"အကိုမောင်"
"ခင်ဗျ"
တိတ်ဆိတ်စွာဖြင့်အနား၌လိုက်ပါလာတော့နောင်လေးက
မိနစ်အနည်းငယ်မှာပဲ ခေါ်သံသဲ့သဲ့လေးထွက်လာလေသည်။
လှေစစီးကတည်းကအဘယ်မျှစကားမဆိုတဲ့နောင်လေးဟာ
လွန်းမောင်၏လက်အားတင်းကြပ်စွာဆုပ်ကိုင်ထားဆဲပင်။"အခုဘယ်hotelကိုရွေးထားလဲ"
" Golden Inlay Hotel ကိုလေအမောင်။
အမောင်ပြောထားတဲ့ Hotel ပဲလေ ။""အော်......"
တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားတဲ့ စကားသံတစ်ချို့နဲ့
ဒီလှေလေးသည်ဆက်လတ်ပင်ခရီးဆက်နေတော့သည်။**********
"ရောက်ပါပြီခင်ဗျ ဟေး စောနောင်ပါလားဝေ့။
သေချာကြည့်လိုက်ရတယ် လှေပေါ်စတက်လာကတည်းက
မြင်ဖူးနေတာရော် "လှေလှော်သမား အသက်၅၀ကျော်အင်းသားတစ်ယောက်ကစကားသံဝဲဝဲနှင့်
နောင်လေးကိုအတော်မှတ်မိနေပုံဖြင့်စကားဆိုလာလေသည်။"ဦးအယ်ဆိုင်းပါလား နောင်နောင်မကြည့်မိလို့ပါခင်ဗျ။
မှတ်မိပါပြီ""ရပါတယ် စောနောင်ရာ။ မင်းအလည်ပြန်လာတာလားကွ။
ပျောက်နေတာကြာရောပေါ့"ခင်မင်မှုအတိုင်းအတာတစ်ခုထိရှိနေသော ဦးအယ်ဆိုင်းနှင့်
နောင်လေးအား လွန်းမောင်အကဲခတ်မိသည်။နောင်လေးသည်
စကားနည်း၍မျက်နှာတည်သောသူဖြစ်သော်ငြားသူစိမ်းတစ်ယောက်နှင့်ယခုလိုဆက်ဆံပြုံးရယ်နေသည်မှာ အနည်းငယ်မျှတော့ထူးစမ်းလိုက်လေခြင်း။"နောင်နောင် ရန်ကုန်မှာတက္ကသိုလ်တက်နေတာပါဗျ။
နေ၀င်နေပြီမို့ နောင်နောင်သွားအုန်းမယ်နော်။""အေးကွယ် နောက်နေ့မှတွေ့ကျတာပေါ့ "
နောင်လေးနဲ့အယ်ဆိုင်းတို့နှုတ်ဆက်စကားဆိုလို့အပြီး
တံတားလေးပေါ်၌ရပ်စောင့်နေသည့်လွန်းမောင်ဟာ နောင်လေးအား
နှစ်လိုဖွယ်ကောင်းအောင်ပြုံးပြလိုက်ပြီးလက်လှမ်းပေးသည်။
နောင်လေးကလည်းလွန်းမောင်လက်လေးအားယုယစွာ
ဆုပ်ကိုင်လျှက်တံတားပေါ်သို့တက်သွားသည်။
ŞİMDİ OKUDUĞUN
မောင့်နေကြာ (mg's sunflower/Ongoing )
Aksiyon*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *