"မောင့်ကလေးလေးရေ! Good morning"
လွန်းမောင် ကသွားတိုက်တံ၊သွားတိုက်ဆေးနဲ့မျက်နှာသုတ်ပ၀ါတို့ကိုယူလာပြီး
နောင်လေးအခန်းထဲ၀င်လာကာတံခါးကို လော့ချလိုက်တယ်။
အဲ့နောက်စတီခုံပေါ်မှာချခဲ့ပြီး
နောင်လေး အိပ်နေတဲ့ကုတင်ဆီကိုသွားကာနှိုး တော့သည်။
လွန်းမောင်ကနောင်လေးဘေးနားကို
တစောင်းအနေအထားဖြင့်လဲလျောင်းကာ
ခေါင်းကိုလက်လေးနှင့်ထောက်ထားလေသည်။"အကို့မောင့်ကလေးလေး အိပ်ပုတ်လေး"
နောင်လေးရဲ့နှာခေါင်းလေးကို မထိမထိလေး
လိမ်ဆွဲလိုက်သည်။
အဲ့နောက်နောင်လေးသည်လွန်းမောင်ကို
ကျောပေးထားရာမှလွန်းမောင်ဘက်လှည့်လာပြီး
လွန်းမောင်အားသိုင်းဖက်လိုက်သည်။
အဲ့နောက်နောင်လေးသည်လွန်းမောင်ရင်ခွင်ထဲအား
ခေါင်းလေးတိုးဝေ့လိုက်သည်။"အကိုမောင်ကလည်း......အိပ်ပုတ်မကြီးပါဘူး
အခုတောင်ဘယ်နှနာရီရှိသေးလို့လဲ"မျက်လုံးကိုမဖွင့်ပဲတိုးတိုးလေးနဲ့
နှခမ်းလေးထော်ကာပွစိပွစိလုပ်တော့သည်။"၇နာရီခွဲနေပြီကလေးငယ်ရဲ့။
ဘယ်ချိန်ထိအိပ်အုန်းမို့လဲ ပြော""နောက်၅မိနစ်ပါပဲ။ဒီတိုင်းလေးနေချင်သေးတယ်။"
နောင်လေးကလွန်းမောင်အနားပိုတိုးကပ်ကာ
သိုင်းဖက်ထားလေသည်။"အကိုမောင့်ရင်ခွင်ထဲ ၅မိနစ်မကဘူး
တစ်ဘ၀လုံးနေလို့ရတယ် နေမယ်မလားကလေးငယ်""နေမှာပေါ့ အကိုမောင်ရဲ့။
အမောင့်အတွက်တော့ အကိုမောင့်ရင်ခွင်လေးက
သိပ် နွေးထွေးတာပဲ အကိုမောင်ရယ်""ဟောကွယ်"
လွန်းမောင်ကနောင်လေးရဲ့ရွှေအိုရောင်ဆံပင်
ကောက်ကောက်လေး တွေကိုဖွဖွလေးနမ်းကာ
ပွတ်သတ်ပေးနေသည်။"ဒီနေ့စနေနေ့ အပြင်သွားမယ်လေ"
"အကိုမောင်ကစနေနေ့အလုပ်ပိတ်တယ်ပေါ့"
"မပိတ်ပါဘူး။ ၀င်တန်းတွေရှိတယ်။ "
"ဘာလို့မသွားတာလဲ"
VOCÊ ESTÁ LENDO
မောင့်နေကြာ (mg's sunflower/Ongoing )
Ação*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *