"ကျွန်တော်လာမှဖြစ်မဲ့ကိစ္စလားဗျာ"
လွန်းမောင်ရဲ့ရုံးခန်းထဲကနေ
ခပ်မာမာစကားပြောသံတွေများထွက်ပေါ်လာသည်။*ဟုတ်ပါတယ်ဆရာ။ *
"လူစားလွှတ်လိုက်မယ်လေ"
*တကယ်မရလို့ပါဆရာ။ သူတို့ဘက်က
ဒီလမကုန်ခင်ဆရာနဲ့တိုင်ပင်ဆွေးနွေးစရာတွေရှိလို့ပါတဲ့။
နောက်ပြီး Hotal ဆောက်မဲ့ project ကဆရာ
ကိုယ်တိုင်ဦးစီးမှပိုအဆင်ပြေမှာမို့ပါဆရာ*" ကောင်းပြီလေ။နောက်အပတ်ငါအကြောင်းပြန်ပေးမယ်"
"ဟုတ်ကဲ့ပါဆရာ။ ဒါဆိုကျွန်တော်ဖုန်းချလိုက်ပါမယ်နော်"
လွန်းမောင်ကဖုန်းကိုချလိုက်ကာ
ခုံပေါ်ကိုချက်ချင်းပြစ်တင်လိုက်သည်။
ဘေးရှိခုံပေါ်မှာ ဖိုင်တွဲတစ်ခုကို
ယူကြည့်ကာစိတ်ရူပ်စွာဖြင့် တွေ့ကရာပြစ်ပေါက်လိုက်မိသည်။
ထိုချိန်တွင်ရုတ်တရက်လွယ်အိတ်လေးကို
လွယ်ကာရုံးခန်းထဲကို၀င်လာသောနောင်လေးကို
တွေ့လိုက်သည်။"အမောင်...!
ဘယ်ကနေဘယ်လိုရောက်လာတာလဲ"နောင်လေးသည် ယဲ့ယဲ့လေးပြုံး၍
သက်ပြင်းလေးချကာ ဖိုင်တွဲလေးကို
ကုန်းကောက်ကာလွန်းမောင်အနားသွားလိုက်သည်။
လွန်းမောင်၏ခါးလေးအားသိုင်းဖက်ခါ
ခြေဖျားလေးထောက်၍ နှခမ်းလေးကိုဖိနမ်းလိုက်သည်။"ပြောစမ်းပါအုန်း။ဘာတွေစိတ်တိုနေသလဲအကိုမောင်"
လွန်းမောင်သည်နောင်လေးအားပြန်လည်သိုင်းဖက်၍
ဒူးလေးညွှန့်ကာ နောင်လေးရင်ခွင်အတွင်းတိုးဝှေ့သွားလိုက်သည်။
နောင်လေးသည်လွန်းမောင်၏
ဆံသားလေးများအား ပွတ်သတ်ပေးနေသည်။"အလုပ်ပင်ပန်းလို့ပါဗျာ။ သိတဲ့အတိုင်းစီးပွားရေးလုပ်ကတာ
အတက်အကျတော့ရှိတာပေါ့""အစဉ်ပြေသွားမှာပါလူကြီးလေးရာ။
အမောင်အနားမှာရှိတယ်နော်။ ဘာမှမဖြစ်ဘူး"နောင်လေး၏ရင်ခွင်ထဲမှခေါင်းလေးပြန်ပေါ်လာပြီး
သွားလေးများပေါ်အောင်ပြုံးမိသည်။"ပြောပါအုန်း။ ဘယ်ကနေဘယ်လိုရောက်လာတာလဲ"
"သူငယ်ချင်းတစ်ယောက်ကိုနေမကောင်းလို့
သတင်းသွားမေးရင်း လမ်းကြုံ၀င်လာတာ"
BINABASA MO ANG
မောင့်နေကြာ (mg's sunflower/Ongoing )
Action*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *