mg's sunflower(Ep-11)

30 2 0
                                    

"အဟွတ်... အဟွန့် ၊ အဟွတ် ...အဟွန့် "

တိတ်ဆိတ်စွာထမင်းစားနေတဲ့အချိန်မှာပဲ
ပုံမှန်ချောင်းဆ်ိုးတဲ့တစ်ချို့ ထွက်ပေါ်လာတယ်။ ရက်တွေကြာလာလေ ချောင်းဆိုးနှုန်းတွေမြင့်ကာ မကြာခဏလိုလိုဖြစ်လာ၏။

"အမောင် ရေသောက်လိုက်နော်"

လွန်းမောင် ကဖန်ခွက်ထဲ ရေထည့်ကာနောင်လေးကို
ပေးခဲ့သည်။ လွန်းမောင်ကနောင်လေးရေသောက်သည်အထိ
တစိမ့်စိမ့်ထိုင်ကြည့်နေမိသည်။ လွန်းမောင်ဧကန်ပင်စိတ်ပူနေမိ၏။

"အစဉ်ပြေရဲ့လား အမောင်။ "

နောင်လေးကဖန်ခွက်ကိုချလိုက်ပြီး
တစ်ရှူး တစ်ရွက်ကိုလှမ်းယူလိုက်တယ်။

"အစဉ်ပြေပါတယ်အမောင်"

နောင်လေးက မျက်၀န်းလေးတွေမှေးကျသွားသည်အထိ
လွန်းမောင် ကိုပြုံးပြလိုက်လေသည်။

လွန်းမောင် သည်နောင်လေးနှင့် မျက်စောင်းထိုးထိုင်နေရာမှထလာကာ
နောင်လေးရဲ့ဘေးမှာ၀င်ထိုင်လိုက်သည်။
သို့နောက် လွန်းမောင်က နောင်လေးရဲ့ရင်ခွင်ထဲ
တိုးဝှေ့ကာ သိုင်းဖက်ထားလိုက်သည်။

"နေရင်းထိုင်ရင်းစိတ်ထဲမှာတစ်ခုခုဖြစ်နေတယ်။
အရမ်းစိတ်ပူနေမိတယ် ဘယ်အရာကိုလည်းတော့မသိဘူး။
အရမ်းပင်ပန်းတာပဲအမောင်ရယ်"

နောင်လေးသည် လွန်းမောင် ၏စကားကြောင့်
မျက်ရည်များ၀ဲတက်လာသည်။ ရင်မှလာသောမျက်ရည်ကြောင့်ထင်၏။ဝဲတော့မကျလာ။
နောင်လေးက
လွန်းမောင် ရဲ့ခေါင်းလေးကို ပွတ်သတ်ပေးနေတယ်။
၀ဲတက်လာသောမျက်ရည်စများကို
မကျလာအောင်ထိန်းထားရသည်။

"စိတ်ဖိစီးမှုကြောင့်နေမှာပါ။ အစဉ်ပြေသွားမှာပါ။
အမောင်ရှိတယ်နော်"

နောင်လေးသည် အားပေးစကားမှလွှဲ၍
ဘာမှပြန်မပြောနိုင်။ လွန်းမောင်က
နောင်လေးအားမေ့ကြည့်ကာ ပြုံးပြပြီး
နောင်လေး အားစိုက်ကြည့်နေလေသည်။

"အမောင်"

ဂရုဏာမှုအပြည့်နှင့်အတူ
တိုးတိတ်စွာထွက်လာသည် သာယာချိုမြိန်လှသောအသံ၊
နောင်လေးဘ၀မှာ ဘာမျှမရှိတော့ရင်တောင် ဒါမှမဟုတ်
နောင်လေးအနားဘယ်သူမှမရှိတော့ရင်တောင်
လွန်းမောင် ရဲ့ *အမောင်*ဟု ခေါ်လိုက်သော
အသံသည်အားဆေးတစ်ခွက်ပင်။

မောင့်နေကြာ (mg's sunflower/Ongoing )Where stories live. Discover now