"မဆော့ချင်ပါဘူးဆို အကိုမောင်ကလဲ"
"အချစ်ကလဲ လာပါကွာ အကိုမောင်ရှိတယ် "
ကမ်းစပ်အနီးကျောက်တုံးလေးပေါ်မှာဘောင်းဘီလေးခေါက်တင်ပြီးထိုင်နေတဲ့နောင်လေးကိုလွန်းမောင်မရမကဆွဲခေါ်လေ၏။လွန်းမောင်မှာရေကစားရင်း ဆံပင်ကအစတစ်ကိုယ်လုံးရေဆိုနေပြန်၏။
"အကိုမောင့်ကိုယုံ"
ရေကိုမုန်းတဲ့နောင်လေးအတွက်တော့ ဒါဟာစိန်ခေါ်မှုတစ်ခုလိုပင်။လွန်းမောင်အားယုံကြည်သော်လည်း ရေအားသူမုန်း၏။နောက်ဆုံးလွန်ဆန်လိုမရချိန်မှသာပင်ရေထဲဆင်းသွားက၏။
"ဟိုးအဝေးကြီးမသွားဘူးနော် အမောင်ကြောက်တယ်ဗျ"
"အကိုမောင့်ကိုယုံပါဆို"
လွန်းမောင်က အကိုမောင့်ကိုယုံဆိုတဲ့ စကားနှင့်သာ နောင်လေးကိုလက်ဆွဲ၍ ပင်လယ်ထဲ ပြေးထွက်လာ၏။
ပင်လယ်ရေထဲ နောင်လေး၏ခါးလောက်ထိ နစ်သွားချိန်၌ လွန်းမောင်၌ပေါင်လောက်သာနစ်သေး၏။အရပ်အမောင်းအရတော့်ကိုကွာခြား၏။"အကိုမောင်ဝေးနေပြီလေဗျာ ကျွန်တော်ကြောက်လာပြီ "
"အကိုမောင့်လက်ကိုသာကိုင်ထားတော့ အမောင်"
"လှိုင်း အာ့!"
လွန်းမောင်ကနောင်လေးအားလှမ်းဆွဲလိုက်ကာ ခါးလေးအားဖက်ထားလိုက်၏။လှိုင်းရဲ့အရှိန်ဖြင့် ပင်လယ်ရေဟာ နောင်လေးရဲ့ခါးမှ ရင်လောက်ထိ ထိုးတက်လာ၏။
"အကိုမောင်ရှိတယ် အကိုမောင်ဖက်ထားပေးမယ် "
ခွန်အားဖြစ်စရာစကားအချို့ကြောင့် နောင်လေးအတွက်ရင်အေးရပြန်ပြီ။လွန်းမောင်သည်ရေအတွင်း၌နောင်လေး၏ခါးကိုတင်းကြပ်စွာဖက်ထားပေး၏။နောင်လေးကလည်း လွန်းမောင်ရင်အုပ်ထဲ ကုပ်ကုပ်ကလေးပါပဲ။လွန်းမောင်ကတဖြည်းဖြည်းနဲ့ပင်လယ်နက်ပိုင်းထိသွား၏။
"အကိုမောင် အေးလာပြီ နောက်ပြီး ကြောက်တယ် "
"အချစ်လေးရယ် မကြောက်ပါနဲ့ အမောင်အေးနေရင် ပြန်တက်ကြမယ်လေ လာ"
လွန်းမောင်ကပင်ဦးဆောင်၍ကမ်းစပ်နားအားပြန်လည် ပြေးလာ၏။အသွားတွင်နှေးတုန့်နှေးတုန့်လုပ်နေတဲ့နောင်လေးကကမ်းစပ်ကိုပြန်ရာတွင် ခြေသွက်နေဟန်ရှိ၏။
BINABASA MO ANG
မောင့်နေကြာ (mg's sunflower/Ongoing )
Action*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *