mg's sunflower(Ep-9)

44 2 0
                                    

"အကိုမောင်"

ကားမောင်းနေတဲ့လွန်းမောင်ကို
ဘေးနားကနေ မေးစေ့လေးထောက်ပြီး
တစ်သသ ထိုင်ကြည့်နေသည်။

"ဗျာ။ မောင့်ကလေးငယ်"

ကားမောင်းနေတဲ့ လွန်းမောင်က
နောင်လေးဘက်လှည့်ကြည့်ကာခေါင်းလေးပုတ်ပေးလိုက်တယ်။

"နေ့လယ်စာကဘယ်မှာစားမှာလဲ"

"ဘယ်မှာစားချင်လဲဗျ အစားပုတ်လေး"

ထုံးစံအတိုင်းနှာခေါင်းလေးကို
မထိမထိလေးလိမ်ဆွဲလိမ်သည်။

"ကြိုက်တဲ့နေရာမှာစား။
နေ့လယ်စာစားလို့ရရင်ပြီးရော

"ဒါဆို စားနေကျဆိုင်လေးရှိတယ်။ အဲ့မှာစားမလား။
အမောင်နဲ့ကြီးမေတို့စားနေကြဆိုင်လေ။ "

လွန်းမောင်လှည့်ကြည်ြလိုက်တော့
နောင်လေးကခေါင်းညိမ့်ပြတယ်။

လွန်းမောင်လည်းကားက်ိုအာရုံစိုက်ပြန်မောင်းပြီး
နောင်လေးကလည်းမေးစေ့လေးထောက်ပြီး
လွန်းမောင် ကိုထိုင်ကြည့်နေသည်။

***************

*မဂ်လာပါရှင့် *
ဆိုင်ထဲ၀င်လာလာချင်းပဲ
ဆိုင်က၀င်တန်း တွေကကြိုဆိုစကားပြောလေသည်။

"ဟုတ်ကဲ့ဗျ။ကျေးဇူးပါ"

လွန်းမောင်ကတံခါးဖွင့် ပေးသူကို
ကျေးဇူးတင်ကြောင်းပြောကာစကားကိုအပိုမပြောပဲ
နောင်လေးလက်ကိုဆွဲကာ၀င်လာလေသည်။

"ကြိုတင်စာရင်းပေးထားပါသလားရှင့်"

"ဟုတ်။ မရှိပါဘူး"
ကောင်တာက၀င်တန်းအမျိုးသမီးနဲ့
ပြတ်သားစွာသာစကားပြောသည်။

အဲ့နောက် VIPအခန်းကိုယူပြီး
နောင်လေးလက်ကိုဆွဲသွားသည်။

"လာ အမောင်"

နောင်လေးလဲဘာမှပြန်မပြောပဲ။
လွန်းမောင် နောက်ကိုလိုက်သွားတယ်။
အခန်းထဲရောက်တော့လွန်းမောင်က
နောင်လေးအတွက်ခုံပြင်ပေးသည်။
နောက်မှလွန်းမောင်အရှေ့တွေ
၀င်ထိုင်ခဲ့လေသည်။ သို့သော်နောင်လေး
မျက်နှာမကောင်းပေ။

မီနူးကိုလှမ်းယူပြီး နောင်လေးကိုပေးလိုက်သည်။

"အမောင် "

မောင့်နေကြာ (mg's sunflower/Ongoing )Donde viven las historias. Descúbrelo ahora