"အဟွန့်အဟွန့်"
တိတ်ဆိတ်စွာမောင်းနင်းလာတဲ့ကားပေါ်မှာ
ကျယ်လောင်တဲ့ချောင်းဆိုးသံတစ်သံထွက်ပေါ်လာသည်။"အမောင် အခုတလောချောင်းတွေနေ့တိုင်းဆိုးတာဘဲ"
ကားမောင်းနေသည်ကိုလမ်းဘေးထိုးရပ်ပြီး
တစ်ရူး၃၊၄ခုကိုမြန်မြန်ယူကာ
နောင်လေးကိုလှမ်းပေးလိုက်သည်။
နောင်လေးကလည်းလျင်မြန်စွာကောက်ယူပြီး
ပါးစပ်၌အပ်ထားသည်။"အစဉ်ပြေရဲ့လား။အမောင်"
နောင်လေးသည်လွန်းမောင်အားစကားမပြန်နိုင်ပေ။
နောင်လေးကတစ်ရူး၄၊၅ရွက်ကိုထပ်ယူကာ
ပါးစပ်၌ထပ်အုပ်ထားလိုက်သည်။ခနအကြာတစ်ရူးတွေကိုဖယ်ရှားလိုက်ပြီး
တစ်ရှူးအသစ်နဲ့ပါးစပ်တစ်၀ိုက်သုတ်သင်လိုက်သည်။
ထို့နောက် တွေ့ရာအိတ်အမဲရောင်အလွတ်တစ်ခုကိုယူကာ
ထည့်လိုက်သည်။ ခနအကြာမှသာနောင်လေးစကားပြန်သည်။
လွန်းမောင်သည်နောင်လေး၏ရွှေအိုရောင်ဆံပင်လေးတွေကို
ပွတ်သတ်ပေးနေသည်။"အမောင်အစဉ်ပြေပါတယ်။ အခုတလောချောင်းဆိုးနေလို့ပါ။
ရာသီဥတုအေးလို့နေမှာပါ""ကောင်းပါပြီဗျ။ ဂရုစိုက်နော်။ အမောင်ချောင်းဆိုးရင်
အကိုမောင့်မှာရင်တွေမောလိုက်ရတာ"လွန်းမောင်စကားကြောင့်နောင်လေးပြုံးမိသည်။
"စိတ်မပူပါနဲ့အကိုမောင်ရယ်။ ဘာမှမဖြစ်ပါဘူး။ "
"ပူကတယ်ဗျ ။အကိုမောင့်မှာအမောင်တစ်ယောက်ထဲရှိတယ်
အမောင်မရှိရင် အကိုမောင့်ရင်ခွင်နားခိုမယ့်သူမဲ့သွားမှာပေါ့""ဒါပေါ့ဒါပေါ့"
နှစ်ယောက်လုံးစကားတွေပြောရင်း
ရီနေမိပြန်သည်။"ကဲကဲ အချိန်ရှိတုန်းအမြန်သွားကြမယ်"
လွန်းမောင်ကလဲကားကိုဆက်မောင်းလိုက်သည်။
ကားအထဲထပ်မှန်တိတ်ဆိတ်သွားပြန်သည်။**********
ထပ်မံတိတ်ဆိတ်စွာမောင်းနင်လာသောကားပေါ်တွင်
လွန်းမောင်ကကားကိုအာရုံစိုက်မောင်းနေပြီး
နောင်လေးကတော့ဘေးတွင်တိတ်ဆိတ်စွာ
လိုက်ပါလာသည်။ အနောက်ခန်းထဲက
ဘုရားမှ၀ယ်လာသော ယွန်းထည်သေတ္တာလေးကို
ယူကြည့်လိုက်သည်။ ထို့နောက်ခုနကထပ်ဆိုင်ရင်
ပို၍လေးသည်ကိုခံစားမိရာ ဖွင့်ကြလိုက်သည်။
ထို့အချိန်မှအထဲတွင်ဓာတ်ပုံအချို့နဲ့လက်ပတ်လေးတွေကို
တွေ့လိုက်သည်။
VOCÊ ESTÁ LENDO
မောင့်နေကြာ (mg's sunflower/Ongoing )
Ação*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *