နေ့ရက်တိုင်းနေ့ရက်တိုင်းမှာ လူတိုင်းကကိုယ်စိအလုပ်များနှင့်ကုန်ဆုံးသွားကြသည်။လူတွေ၊သတ္တဝါတွေသာမကပါဘူး ဂေဟစနစ်ကကြီးကလဲ ကိုယ်စီလုပ်ဆောင်ချက်များနှင့် ဆောင်ရွက်နေကြ၏။ပန်းပွင့်များဟာလည်းကိုယ်စီအလှများနှင့်တင့်တယ်ကာရယ်
အချိန်တန်ပြီထင်လျှင်ဤမြေပေါ်၌သာကြွေကျခစားရပါလော့။
စက္ကန့်တိုင်းအမြဲ ကုန်ဆုံးသွားတော့ အချိန်များကို မသိစိတ်မှတိုးတိတ်စွာရေတွက်နေ၏။အချိန်တစ်ခုခုတွင်ချစ်ရသူအားစွန့်ခွာကတော့မည်ဖြစ်သည်။မဟုတ်လား။"အကိုမောင်...! "
"မကျီစားနဲ့အချစ်"
နေမကောင်းသဖြင့် အိပ်ရာထဲတွင်လှဲနေတဲ့နောင်လေးကနှုတ်ဖျားမှတဖွဖွဖြင့် *အကိုမောင်*ဟုသာ တသသ ဖြစ်နေသည်။အဖြစ်မှန်များကိုသိနေရတဲ့အချိန်မှစ၍ ယခုအချိန်ထိ နောင်လေးမျက်နှာညှိးနေလျှင်တောင် မခံစားနိုင်အောင် စိတ်ပူနေတက်တဲ့လွန်းမောင်ဟာ နောင်လေးနှုတ်ဖျားမှသူ့အားတစ်ကြိမ်ခေါ်လိုက်လျှင် သူ့အတွက်တာ၀န်ပိုရှိနေသည်ဟု ထင်ယောင်နေဟန်။
တစ်နေ၀င်လို့တမိုးချုပ်သွားမည်ကိုလွန်းမောင်ကြောက်ရွံနေမိ၏။
ဘယ်အချိန်များ နောင်လေးအသက်ကို သေမင်းလာနုတ်ယူသွားမည်နည်း သူမသိ။သိပ်ကိုကြောက်လှသည်။"ချမ်းတယ် "
နောင်လေးကစောင်ကိုခြုံလျက်ခန္ဓာကိုယ်ဟာကွေးနေကာ ပုစွန်ထုတ်လေးလိုပင်။ပန်းနုရောင်သန်းနေတဲ့နှခမ်းလေးကအရှေ့သို့မသိမသာထော်တက်လာ၏။လွန်းမောင်ကယဲ့ယဲ့လေးပြုံးကာ ထိုင်နေရာမှထ၍ဖတ်နေလတ်စစာအုပ်ကိုဘေး၌ချခဲ့ကာနောင်လေးအနားချည်းကပ်လာ၏။ထို့နောက်စောင်တစ်ခုထဲနှစ်ယောက်၀င်ခြုံကာနောင်လေးအားရင်ခွင်အတွင်းထည့်သွင်းထား၏။ရင်ခွင်အကျယ်နှင့်ယှဉ်လျှင်တော့နောင်လေးသည်ကလေးလေးတစ်ယောက်ကိုယ်လုံးလေးသယောင် ပျောက်ချင်းမလှပျောက်သွား၏။
နွေးထွေးမှု၊ကြင်နာမှု၊လုံခြုံမှုတို့မှာပေါ့လျော့သွားခြင်းမရှိ။
ပို၍သာ တိုးလာနေအုန်းမည်။နောင်လေး၏ဆံသားလေးများအားပွတ်သတ်ခါရယ်နှဖူးပြင်လေးတဝိုက်သူ့နှခမ်းပါးလေးအားတေ့ထား၏။
YOU ARE READING
မောင့်နေကြာ (mg's sunflower/Ongoing )
Action*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *