ဘန်ဂလိုလေးထဲထိုင်နေပြီးဂစ်တာကြိုးညှိနေတဲ့လွန်းမောင်တစ်ယောက်ကတော့ သူ့အတွေးနှင့်သူသာ ပြုံးယောင်ယောင်။လက်ကသာလျှင်ဂစ်တာကြိုးညှိနေသည်မျက်နှာထားမှာတော့ပြုံးဖြီးလို့နေ၏။ထို့အချိန်အခန်းတံခါးသံလေးကြားလာ၍လှည့်ကြည့်လိုက်ရာအိပ်ချင်မူးတူးနှင့်မျက်လုံးလေးပွတ်သက်ခါထွက်လာသောနောင်လေးအားတွေ့လိုက်ရသည်။တကယ့်ကိုချစ်စရာပင်။
"အမောင် နိုးပြီလား"
"အွန်း ဘာလုပ်နေတာလာဟင်"
လွန်းမောင်ဘေးမှ၀င်ထိုင်၍လက်လေးအားလှမ်းချိတ်ကာပုခုံးလေးအပေါ်မှီရမ်းလိုက်၏။
"ဂီတာတီးမို့လေကလေးရယ့်။၀န်ထမ်းကောင်လေးတစ်ယောက်ဆီကဌားလာတာ။"
"ဘာသီချင်းတီးမို့လဲဟင်"
လွန်းမောင်ကနောင်လေးအားလှမ်းကြည့်လိုက်ပြီးယဲ့ယဲ့လေးပြုံးသည်။
"ဘာသီချင်းလဲဆိုတော့"
လွန်းမောင်ကဂီတာဘက်အားစိတ်နစ်ကာ ဆောင်းဦးလှိုင်ရဲ့ "အချစ်ကအမှား"ဆိုတဲ့သီချင်းလေးအား တီးလုံးလေးသာတီးပြ၏။
ဆောင်းဦးလှိုင်ရဲ့"အချစ်ကအမှား"ဆိုတဲ့သီချင်းဟာနောင်လေး၏အကြိုက်ဆုံးသီချင်းလို့ဆိုလျှင်တောင်မမှားလှပေ။~~~ကျန်နေသေးတဲ့ ဘ၀ခရီးတွေ ~~~
ကိုယ်တစ်ယောက်ထဲတော့မဖြစ်တော့ပါ
မင်းလိုက်နိုင်မလားကွာ~~~အကြိမ်ကြိမ်အနူးအညွတ်ပန်ကြားကာ~~~
ကိုယ်မျှော်လင့်တဲ့ဘ၀တစ်ကွေ့မှာ
တို့နှစ်ယောက်အတူ မခွဲခွာ~~~မှားလား အချစ်များအကုန်လုံး ~~~
မင်းအတွက်
ငါလဲရူးတော့မယ်ကလေးရာ~~~ဆုံးဖြတ် အချစ်အမုန်း နောက်ဆုံး~~~
ပြောအုန်း တစ်စုံတစ်ခု မင်းရွေးချယ်ပေးပါ
ဒီဘ၀ မှားလား~~~ကျန်နေသေးတဲ့ အနာဂတ်တွေ~~~
ကိုယ်တစ်ယောက်ထဲတော့ မသွားတော့ပါ
မင်းလိုက်နိုင်မလားကွာ~~~အကြိမ်ကြိမ် ဦးညွတ်ပန်ကြားကာ~~~
ကိုယ်မျှော်လင့်တဲ့ ဘ၀တစ်ကွေ့မှာ
တို့နှစ်ယောက်အတူ မခွဲခွာ
BINABASA MO ANG
မောင့်နေကြာ (mg's sunflower/Ongoing )
Action*အကယ်၍များသာ အနာဂတ်ကိုကြိုသိခဲ့ရင် အိမ်ပြန်လမ်းကို အဓိပတိလမ်းမအထက် မလျှောက်လှမ်းခဲ့ပါဘူး အကိုမောင်ရယ်... *