(14)Unicode

163 15 1
                                    

အပိုင်း(၁၄)

ချစ်တယ်ဆိုတာသိပြီးနောက် ချစ်ကြောင်းဝန်ခံရမယ်လို့ မောင်သိထားတာပဲ။ အင်း ...အကြောင်းအရာတစ်ခုခုကို ဟုတ်ရင်ဟုတ်ကြောင်းအမှန်တိုင်းပြောဖို့ဆိုတာ သတ္တိရှိရမယ်မဟုတ်လား။ မောင့်မှာ သတ္တိရှိပါတယ်။ ဒါပေမယ့် မောင်ဟာ ပြည့်စုံလုံလောက်တဲ့သူတော့မဟုတ်သေးဘူး။ ကသစ်မေရဲ့ အနားမှ ဝန်းရံနေတဲ့ ယောကျာ်းတွေဆိုတာ ကိုယ်စီအရည်အချင်းတွေဂုဏ်ပုဒ်တွေနဲ့လေ။ မောင့်မှာတော့ ချစ်တဲ့ စိတ်ကလေးက လွဲလို့ လက်ဆုပ်လက်ကိုင်ပြစရာ ဘာမှရှိသူမဟုတ်။ မောင် ကြိုးစားရဦးမှာပါလေ။

"ကိုကို ကျောင်းပျက်ရက်တွေများနေပြီနော် rollကျရင် မေကဆူနေဦးမယ်"

တနင်္လာနေ့ရောက်သည့်တိုင် အိမ်မှာရှိနေသေးသော မောင့်ကို ကျောင်းပိတ်ရက်ရှည်ရထားသော ဝါဆိုလေးက သတိပေးလာသည်။ ကွန်ပျူတာနှင့် ချိတ်ဆက်ထားသော Drawing Tabletပေါ်မှာ Pen ကို ကိုင်ထားသော မောင့်လက်တွေက အနုပညာဆန်ဆန် ကျွမ်းကျင်စွာပြေးလွှားနေသည်။ ရေးဆွဲနေသည်က လက်ဝတ်ရတနာ ဒီဇိုင်းတစ်ခု။ မောင်က အခု ရတနာဒီဇိုင်းတွေကို ကိုယ်တိုင်ရေးဆွဲပြီး ဆိုင်မှာ အရောင်းချဲ့ထွင်နေသည်။ ပန်းချီဆွဲနေကျလက်တွေက အခုတော့ သိပ်ကို လှပတဲ့ လက်ဝတ်ရတနာတွေကို ဖန်တီးနေနိုင်ပြီ။ ပုံဆွဲနေရင်းမှ ဝါဆိုလေးပြောတာကို ခေါင်းသာငြိမ့်ပြနိုင်သည်။ လောလောဆယ်တော့ မောင် ကျောင်းပြန်ရောက်ဦးမယ်မထင်။ နောက်လမှာ ကျင်းပမယ့် နိုင်ငံတကာ လက်ဝတ်ရတနာပြိုင်ပွဲမှာ မောင် နာမည်စာရင်းသွင်းထားသည်မို့ ကြိုးစားရဦးမည်လေ။

ဝါဆိုလေးက မောင်အလုပ်ရှုပ်နေတာ မြင်တော့ စကားဆက်မပြောတော့ဘဲ ဘေးနားကနေသာ တိတ်တဆိတ်ကြည့်နေသည်။ မကြာခင် ဝါဆိုက အလုပ်သင်ဆရာမလေးဖြစ်တော့မည်မို့ ပိုပြီး နေတတ်ထိုင်တတ်ရှိလာသည်။ မိစုံဖစုံနဲ့ နေရပြီမို့လည်း စိတ်ကလေးကြည်နေဟန်တူပါသည်။ တကယ်တော့ ဝါဆို့ အဖေက သူ့ဇနီးနဲ့သမီးအပေါ်ကို တုန်နေအောင်ကို ချစ်ရှာပါသည်။ အစက ငြင်းဆန်နေတဲ့ မာမီယုမှာ အခုတော့ လင်သားလက်ကိုဆွဲလို့ ပတ်ဝန်းကျင်မှာ မော်မော်ကြွားကြွား။ မေပြောတာတော့ ဟိုတလောကတောင် မာမီယုရဲ့ မိဘတွေက ပြန်ဆက်သွယ်တယ်ဆိုပဲ။ အားလုံး သူ့နေရာနဲ့သူရှိတော့ ကောင်းတာပေါ့ဆိုတဲ့ အမျိုးသမီးကိုတော့ မောင် နည်းနည်း အံ့ဩမိသည်။ မေ တကယ်ပဲ ဝါဆိုတို့ မာမီယုတို့ထွက်ခွာသွားခြင်းကို ဘယ်လိုမှ မနေဘူးလား။ အင်း...အသည်းမာတဲ့ မိန်းမ။

တိမ်ခိုးလေနှင်(Normal)Where stories live. Discover now