(31)Unicode

148 11 1
                                    

အပိုင်း(၃၁)

"လက်တွေ့လောကမှာ အရာရာဟာ အေးချမ်းနေတယ်ဆိုရင် မယုံလိုက်နဲ့မေ အဲ့တာအတုယောင်ပဲဖြစ်လိမ့်မယ်"

အသက်လေးဆယ်ကျော်အမျိုးသမီးတစ်ယောက်က ဆယ်နှစ်အရွယ်ကသစ်မေရဲ့ မျက်နှာချင်းဆိုင်မှာရှိနေပြီး နှစ်ယောက်သားရဲ့ ပတ်ဝန်းကျင်မှာတော့ တိမ်ခိုးတိမ်ငွေ့တွေကသာ ဖုံးလွှမ်းနေသည်။

"အားရီ သမီးတိမ်တွေကို သဘောကျတယ် ဒီလိုကောင်းတဲ့ အရာက အိမ်မက်ဆိုရင်တောင် ခဏခဏတွေ့ရရင်ကောင်းမှာပဲ"

ကျစ်ဆံမြီးလေးနှစ်ဖက်မှာချည်ထားတဲ့ ဖဲကြိုးလေးကို ဆော့ကစားရင်း တူမဖြစ်သူက ဖြစ်ချင်ရာကို ပြောနေပြန်တော့ အမျိုးသမီးကြီးမှာ မတတ်နိုင်စွာပြုံးမိပြန်သည်။ သူမမေ့သွားတာ ဖြူစင်တဲ့ နှလုံးသားနဲ့ ကလေးမလေးဟာ လောကကြီးရဲ့ မာယာတွေကို မသိနိုင်သေးဘူးလေ။ ဘဝဆိုတာလှုပ်ရှားရုန်းကန်ရမှာပဲမို့ စိတ်ကူးနဲ့ လက်တွေ့ကို ကောင်းစွာခွဲခြားတတ်ဖို့၊ အယောင်ဆောင်မေတ္တာတွေကို ခွဲခြားတုံ့ပြန်တတ်ဖို့ ဒီကလေးမလေးကို သူမအတွေ့အကြုံတွေနဲ့ ရင်းပြီးသင်ပေးရမှာပဲ။

သဘာဝပတ်ဝန်းကျင်ကို နှစ်ခြိုက်ပြီး တိမ်တွေတောင်တွေနဲ့ မိုးစက်တွေကို သဘောကျတတ်တဲ့ ကလေးမလေးရဲ့ မျက်နှာနုနုလေးကို ပါးနှစ်ဖက်ကနေ အသာအုပ်ကိုင်လိုက်ပြီး သူမနဲ့ မျက်နှာချင်းဆိုင်စေလိုက်သည်။

"တိမ်စိုင်တွေကို မေသဘောကျလို့ရတာပေါ့ ကြည့်လို့လည်းရတယ် မြတ်နိုးလို့လည်းရတယ် တစ်ခုပဲ မှတ်ထားကွယ် မေ သဘောကျတဲ့ ဘယ်အရာမဆို တစ်နေ့ကျရင် ပျက်သုန်းသွားလိမ့်မယ် အဲ့ဒီအချိန်ကျရင် ခံနိုင်ရည်ရှိဖို့လိုတယ် လက်လွှတ်တတ်ဖို့လိုတယ်"

"ဘယ်လိုမျိုးလဲ အားရီ"

"တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်ကို လက်လွှတ်တတ်ဖို့ဆိုတာ နည်းလမ်း နှစ်မျိုးရှိတယ်လို့ ထင်တာပဲ ပထမတစ်ခုက ဖြစ်သမျှကို လက်ခံလိုက်ပြီး ကိုယ့်ဘဝတစ်လျှောက်လုံးမှာ အမှတ်တရလှလှလေးအဖြစ် သိမ်းဆည်းသွားပြီး နေထိုင်သွားဖို့ပဲ နောက်တစ်နည်းကတော့ အခက်ဆုံးလည်းဖြစ်သလို အလွယ်ဆုံးနည်းလဲ ဖြစ်တယ် ...မဆုံးရှုံးခင်မှာ စိတ်ရင်းနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးလိုက်ပါ အကယ်၍ လက်လွှတ်လိုက်ရတယ်ဆိုရင် ကိုယ့်ရဲ့ အလေးနက်ထားမှု့ကို တစ်ဖက်သားကလည်း နားလည်သဘောပေါက်မှာပါ ‌ကိုယ့်အတွက်လည်း မထိခိုက်မနာကျင်ရတော့ဘူးပေါ့ကွယ်"

တိမ်ခိုးလေနှင်(Normal)Where stories live. Discover now