အပိုင်း(၂၅)
လမ်းမပေါ်မှာ တရိပ်ရိပ်ပြေးနေတဲ့ ကားလေးနဲ့မတူ မောင်းနှင်သူမှာ တိတ်ဆိတ်လျှက်။ တကယ်တော့ ကြောက်စရာကောင်းလောက်ေသာ ဒေါသတို့နှင့်အတူ တိတ်ဆိတ်နေခြင်းသာခြင်းသာဖြစ်သည်။ စတီယာရင်ကို ကိုင်ထားသော လက်နှစ်ဖက်လုံးဟာ သွေးအလိမ်းလိမ်းစွန်းနေသော အဝတ်စနှင့် ပတ်နှောင်ထားခြင်းခံရသည်။ တွန့်ချိုးထားသော မျက်မှောင်နှစ်ခုတို့သည် အဘယ်မျှ စိတ်ရှပ်နေကြောင်းလည်း ဖော်ပြနေသယောင်။
မောင်ငေးစိုက်ကြည့်နေတုန်း တောက်ခတ်သံတစ်ချက်ထွက်ပေါ်လာပြီး လက်တစ်ဖက်တည်းနဲ့ ကားကို ထိန်းမောင်းရင်း ကျန်လက်တစ်ဖက်က ဖုန်းကို ထုတ်ကာ ခေါ်ဆိုမှု ပြုလုပ်နေသည်။
"အကုန်လုံးအဆင်သင့်ပြင်ထားလိုက်"
"................."
"အင်း .....တည်နေရာပို့လိုက်မယ် ဟင့်အင်း မလာနဲ့ ငါခေါ်မှလာခဲ့"
"..........."
"အိုခေ စိတ်ချမယ် မလွဲစေနဲ့"
တဖက်က ဘာပြောမှန်းမောင်မသိပေမယ့် ဒီအမျိုးသမီးရဲ့ ညွှန်ကြားချက်တွေက အခုနက စိတ်ရှုပ်စရာလူနဲ့ ပတ်သတ်မှန်း မှန်းမိပါသည်။ စိတ်တိုနေချိန် ဘာမှ နားဝင်မှာ မဟုတ်မှန်းသိတာကြောင့် မောင် ဘေးနားကနေပဲ ငြိမ်ငြိမ်လေး ထိုင်နေမိသည်။ အရှိန်နှုန်းက တဖြေးဖြေးမြန်လာတာရယ် အနာတရဖြစ်ထားသည့် လက်ကို စိုးရိမ်တာကြောင့် မောင် လူချင်းလဲကာ ကားမောင်းဖို့ ဖျောင်းဖြတာတောင် အဖြေပြန်မရ။
"မေ ဘာဖြစ်နေတာလဲ ကျွန်တော်ပြောတာ နားထောင်ပါဦး"
တောက်
အသံမြင့်ကာ နောက်တကြိမ်အော်လိုက်မှ မောင့်ကို လှည့်ကြည့်သည်။ ကြည့်ပုံကြည့်နည်းတွေက မူမှန်မနေ။ တောက်တချက်ခေါက်ပြီး ကားကို လမ်းဘေး အကြမ်းပတမ်းထိုးရပ်လိုက်သည်။ မောင် ဘာမှ မပြောရသေးခင် ကားတံခါးကို ဖွင့်ကာ ဆင်းသွား၏။ ဒီအမျိုးသမီးလုပ်လိုက်ရင် အကြမ်းအရမ်းတွေချည်းပဲ။ ကြည့်အခုလည်း ဘာမှမရှိတဲ့ မြေပြင်ကို ကန်ကျောက်ကာ ပေါက်ကွဲနေပြန်သည်။ စိတ်ရှိလက်ရှိ အော်ဟစ်နေပြန်တာလည်း ပေါက်ကွဲတတ်တာ သူ့အပြင်နှစ်ယောက်မရှိသလို။
YOU ARE READING
တိမ်ခိုးလေနှင်(Normal)
Romanceတိမ်ခိုးတိမ်စိုင်တွေဟာ လေပြေညင်းကနှင်ရင် အဝေးသို့လွင့်လို့ ကွယ်ပျောက်ရတယ်