(6)Zawgi

60 4 0
                                    

"ဟိုသုံးယောက်ဘယ်က ပြန်လာတာလဲ ပြောပါဦး"ခြံထဲ ဝင်ဝင်ချင်း တမာပင်အောက်ကနေ လှမ်းအော်လိုက်သည့် မေ့အသံကြောင့်ယုတို့သားအမိသုံးယောက် ခြေလှန်းတွေ အယောင်ယောင်အမှားမှား ဖြစ်ကုန်ရသည်။ သမီးငယ်ဝါဆိုရဲ့ ဆတ်ခနဲ့ တုန်သွားသော လက်ကို ယုခံစားမိလိုက်သည်။ ကလေးနှစ်ယောက်ကို လက်တဖက်ဆီက ဆွဲထားသော ယုမှာလည်း ခြေလှန်းတွေ မလှုပ်နိုင်အောင် နေရာမှာတင် ရပ်နေမိဆဲ။"ကျူရှင်ကပြန်လာတာပေါ့ မေရဲ့ မမယုသွားကြိုလိုက်တာ မေ့ဆိုင်ကိုတောင်ဖုန်းဆက်ပြောလိုက်သေးတယ် ကောင်မလေးတွေပြန်မပြောဘူးလား"မူမပျက် ချေပလိုက်သော်လည်း ကြာကြာမျက်နှာချင်းမဆိုင်နိုင်သည့် အကြောင်းများကြောင့် ကလေးနှစ်ယောက်ကို လက်ဆွဲကာ အိမ်ထဲ ဝင်ဖို့ပြင်သည်။ သို့သော် ခြေလှမ်းသွက်သည့် မေက သူတို့နားလျှောက်လာပြီး ရှေ့ကနေ ပိတ်ရပ်လိုက်သည်။ ထို့နောက် ကလေးတွေနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် ထိုင်ချလိုက်ပြီး အရင်ဆုံး ဝါဆိုနဲ့ အကြည့်ချင်းဆုံအောင်ကြည့်နေသည်။"ဝါဆိုမိုး မေ့ကိုကြည့်စမ်းပါဦး"သမီးကို မေက အမြဲတမ်း နာမည်အရင်းခေါ်လေ့မရှိတာကြောင့် ယု အလိမ်တွေပေါ်ကုန်ပြီလားလို့ ထင်မိလိုက်သည်။ သမီးက သူ့ကို အရင်မော့ကြည့်ပြီးမှ မေ့ကို မျက်နှာချင်းဆိုင်လိုက်သည်။မရဲတရဲ အမူအယာလေးနဲ့ပေါ့။"ဒီနေ့ကျောင်းမှာ အဆင်ပြေရဲ့လား ဝါဆို"သမီးငယ်လက်က ချွေးစေးတွေထွက်နေတာကို ယုခံစားမိသည်။"ဟို ပြေ ပြေပါတယ် မေ သမီးတို့ကျောင်းမှာ အဆင်ပြေပါတယ်""ဟုတ်လား .....အင်း မောင်"သမီးရဲ့ အဖြေကို ခေါင်းညိတ်ကာ သံယောင်လိုက်ပြီးမှ ဆတ်ခနဲ မောင်လို့ခေါ်လိုက်သူကြောင့် ယုတို့ တရားခံသုံးယောက်လုံး လန့်သွားသည်။ ယုလက်ထဲမှာ ကိုင်ဆွဲခြင်းခံထားရသည့် လက်လေးတစ်ဖက်ကို မောင်က ဖြုတ်ချကာ မေ့ရှေ့မှာ သတိအနေအထားနဲ့ ရပ်နေသည်။"မောင်ရော ကျောင်းမှာ အဆင်ပြေခဲ့ရဲ့လား"ကလေးရဲ့ လည်ပင်းနားဆီက လှုပ်ရှားမှုလေးတစ်ခုကို မေလည်း မြင်မှာပါ။"မောင် ဒီနေ့ကျောင်းမှာ အဆင်ပြေခဲ့ပါတယ်"ထစ်ငေါ့မှု့မရှိတဲ့ အဖြေစကားကြောင့် ယု ရင်ထဲက အလုံးကြီး ကျသွားသလိုပေါ့ပါးသည်။ သို့သော် ကြာကြာမခံလိုက် ....."ဒါပေမယ့် မောင် ဒီနေ့ကျောင်းမှာ ကိစ္စတစ်ခုတော့ရှိခဲ့တယ် မေ့ကို ပြောပြချင်တယ်"ယုနဲ့ သမီးငယ်ရဲ့ သက်ပြင်းချသံက တပြိုင်တည်းလို ထွက်သွားသည်။ မေက ယုတို့သားမိနှစ်ယောက်ကို မော့ကြည့်ကာ နောက်က လိုက်ခဲ့ဖို့ ခေါ်သည်။ စာကြည့်ခန်းထဲ ရောက်တော့ မေက တံခါးကို လော့ချလိုက်ကာ မတ်တပ်ရပ်နေသည့် သူတို့ရှေ့က ဆိုဖာပေါ်မှာ ဝင်ထိုင်သည်။"ထိုင်ကြလေ ဖင်က အိမ်အပြင်မှာကျန်ခဲ့လို့ မတ်တပ်ရပ်နေတာလား"မေ့ရဲ့ ထေ့ငေါ့သံကြောင့် ယု အကြီးပီပီ ဖြောင့်ချက်ပေးဖို့ စဉ်းစားလိုက်သည်။"မေ သိနေတာလား မမယုရှင်းပြပါ့မယ်""မမယုက ဘာကိုရှင်းပြမှာလဲ မသိပေမယ့် မေကတော့ မမယုပြောတာ နားမထောင်ချင်သေးဘူး ....ကဲ‌ ပြောမောင် ဒီနေ့ ကျောင်းတက်ရတဲ့ အတွေ့အကြုံလေး"ကျောပိုးလွယ်အိတ်ကို သေချာချွတ်ကာ ဆိုဖာပေါ်က နေရာလွတ်တွင် တင်လိုက်သည့် မောင့် ပုံစံသည် ကျောင်းအုပ်ကြီး ရုံးခန်းမှာတုန်းကလို တည်ငြိမ်နေသည်ဟု ဝါဆိုတစ်ယောက် တိတ်တဆိတ် မှတ်ချက်ချလိုက်သည်။"မောင် ဒီနေ့ ကျောင်းမှာ ရန်ဖြစ်ခဲ့ပါတယ်"ကောင်လေးက စကားကို မဆက်သေးဘဲ မေ့မျက်နှာကို တချက်ကြည့်သည်။"အကြောင်းက""မင်းသမီးလေးကို စကြတယ်မေရဲ့ ....မောင် တမင်ဆို ပြန်မတုံ့ပြန်ပါဘူး သူတို့က မင်းသမီးလေးကို အဖေမရှိဘဲမွေးလာတဲ့ ကလေးလို့ပြောတယ်"မေနဲ့ မမယု အကြည့်ချင်းဆုံသွားသည်။ မင်းသမီးလေးကတော့ သူ့ကို ကာကွယ်ပေးသည့် ကိုကိုသူရဲကောင်းကို မျက်ရည်လည်သော မျက်ဝန်းများဖြင့် ကြည့်နေသည်။ ဖြောင့်ချက်ပေးနေသူ အမောင်ကတော့ လက်သီးများကို တင်းတင်းဆုပ်ကာ ဆက်ပြောလာသည်။"မောင် မေသင်ထားသလို သည်းခံပါသေးတယ် မင်းသမီးလေးကို ဂရုမစိုက်ဖို့ပြောပါသေးတယ် ဒါပေမယ့် သူတို့က မင်းသမီးလေးရဲ့ ကျစ်ဆံမြီးကို ဆွဲတယ် ငိုတာကိုလည်း မလှဘူးလို့ပြောတယ် သူတို့က မင်းသမီးလေးကို ငိုအောင်လုပ်တယ် မောင် စိတ်မထိန်းနိုင်လို့ပါ""အဲ့တော့ ရန်လာစတဲ့ သုံးယောက်ကို သွားကျိုးအောင် ထိုးလွှတ်လိုက်တယ်ပေါ့လေ"မေက အတိအကျကို သိနေတာပါလား။ ယုဘာလို့ လိမ်မိမှန်းမသိ။ နောင်တရလိုက်တာ။"မေ ကလေးတွေကို အိမ်ပြန်ရောက်ရင် မေ့ကို ပြန်မပြောဖို့ခိုင်းတာ မမယုပါ ကလေးတွေမှာ အပြစ်မရှိပါဘူး မမယု ညာဏ်နည်းသွားတာ မေ ကလေးတွေကို အပြစ်မတင်ပါနဲ့"မေ ဘာမှ မတုံ့ပြန်သေးဘဲ ဆိုဖာပေါ် ကျောမှီထိုင်လိုက်သည်။ ဒီအိမ်မှာ မေ့ရဲ့ အရှိန်အဝါက နည်းတာမှတ်လို့ .....ကသစ်မေဆိုတဲ့ မိန်းမက ဘာမှ မလုပ်ဘဲ အသက်ရှုနေရင်တောင် အေးစက်စက် ထည်ဝါမှုတို့ လွှမ်းခြုံထားသူ။"အဲ့တော့ မမယုတို့ ဘာဖြစ်လာသလဲ"ထိုမေးခွန်းကို မေးစဉ် ဆိုဖာလက်ရန်းပေါ်မှာ တင်ထားသည့် မေ့လက်သီးဆုပ်တွေ တင်းကြပ်နေတာကို သူတို့မြင်နိုင်သည်။"ကျောင်းအုပ်ကြီးနဲ့ တွေ့လာခဲ့ရတယ် ဖြစ်စဉ်အစအဆုံးကို သိတော့ ယုတို့ကလေးတွေကို ဘာမှ ထွေထွေထူးထူးမပြောပါဘူး သွားကျိုးသွားတဲ့ ကလေးရယ် နှာခေါင်းသွေးလျှံသွားတဲ့ ကလေးအတွက်ရယ်ကို ဆေးကုသစရိတ်နည်းနည်းပေးလိုက်ရတယ်""အဲ့တော့ ဟိုဖက်က ကလေးတွေကိုရော ဘာလုပ်လိုက်လဲ""ဟမ် အမ်း ဘာလုပ်ရမှာလဲမေရဲ့ တို့ကတောင် တောင်းပန်ရဦးမှာ..""မမယု"မေ့ရဲ့ အသံက စာကြည့်ခန်းတစ်ခုလုံး ဟိန်းသွားအောင်ထွက်လာသည်။ ရဲရဲတောက်နေတဲ့ မျက်ဝန်းတွေက မေ့ရဲ့ ဒေါသဒီကရီကို ဖော်ပြနေသည်။"ဘာကိစ္စမေတို့က တောင်းပန်ရမှာလဲ မေတို့က ဘာမှားလို့လဲ ဟမ် ဝါဆိုမိုး မေ့ကိုကြည့်စမ်း မငိုနဲ့ မေပြောစရာရှိတယ်"သမီးငယ်က မျက်ရည်တွေကြားကနေ သူ့အဒေါ်ကို မော့ကြည့်သည်။"သူတို့က ဝါဆိုကို ဘယ်လိုပြောလဲ မေ့ကို ပြန်ပြောစမ်း"သမီးငယ်သည် ရှိုက်၍ ရှိုက်၍ ငိုနေရာ စကားသံပင် မထွက်နိုင်တော့။ မနေနိုင်ရက်သူကပဲ ဝင်ဖြေပေးရသည်။"ဝါဆိုကို ပြောတာ မောင်ကြားပါတယ် တစ်ခါတည်းမဟုတ်ဘူး ကျောင်းဖွင့်ကတည်းကပဲ မေ သူတို့က ဝါဆိုကို အဖေမရှိဘဲမွေးတဲ့ ကလေးတဲ့ အဖေက ပစ်ထားသွားလို့ အဖေနဲ့ မနေရတဲ့ ကလေးတဲ့ အဲ့လိုပြောပါတယ်""အဲ့တာ ငိုစရာလား ဟမ် ဖြေပါဦး ဝါဆိုရဲ့ အခုချက်ချင်း အငိုတိတ်ပြီး မေ့ကိုကြည့်စမ်း""မေ သမီးက စိတ်ထိခိုက်လို့ မပြောနိုင်ဘူး မမယုနောက်မှသေချာပြောပြ...""နောက်မှဆိုတာ ဘယ်အချိန်ကိုပြောတာလဲ မမယု ....မေထင်တာ အခုတောင် မမယု နောက်ကျနေပြီ တကယ်ဆို မမယုရဲ့ လိုအပ်ချက်တွေဆိုတာ သတိထားမိလား"နောက်ဆုံးတော့ လူကြီးနှစ်ယောက်ရဲ့ စကားဝိုင်းဖြစ်လာသည်။"မမယုကို မေပြောခဲ့ပါတယ် ဒီနေ့လို အဖြစ်တွေ ဝါဆိုမှာ ကြုံလာနိုင်တယ်ဆိုတာ သတိပေးခဲ့ပါတယ် မမယုမေ့သွားပြီလား မမယုသာ သေချာ ပြောပြထားခဲ့ရင် ဝါဆိုလေးက ဒီနေ့လို ရှုံးနိမ့်ရမှာ မဟုတ်ဘူး မျက်ရည်ကျရမှာ မဟုတ်ဘူး မမယုသိလား အချိန်တွေဟာ သိပ်ကို အကုန်မြန်တယ် ကလေးရဲ့ ရင်ဘတ်ထဲမှာ ဒီဒဏ်ရာတွေ အမာရွတ်စွဲသွားမှ မမယုက သင်ပြပေးမှာလား ပြောပြပေးမှာလား မေတို့ကလေးမှာ ဘာမှားလို့လဲ ဟင် မဆင်မခြင်ပုတ်ခတ်တဲ့ ဟိုကလေးတွေရဲ့ အမှားလေ မေတို့က ဘာလို့တောင်းပန်ရမှာလဲ"ယု မျက်ရည်ကျလုဆဲဆဲ ဖြစ်လာသည်။ တကယ်လည်း မေပြောတာတွေ မှားမနေပါ။"မင်းသမီးလေး မေ့ကိုကြည့်စမ်းပါဦး မေပြောစရာရှိတယ်"တကယ်တော့ ဘေးနားမှာ ရှိနေသူကြောင့် မင်းသမီးလေး အစောတည်းက မျက်ရည်သိမ်းပြီးပြီ။ မေ့ကို မော့ကြည့်လိုက်သော အခါ ပခုံးပေါ်ရောက်လာသည့် လက်အစုံကိုပါ ခံစားလိုက်ရသည်။"ဝါဆို မေပြောပြမယ် လူတစ်ယောက်မွေးဖွားလာဖို့ အမေနဲ့ အဖေရှိမှဖြစ်တယ်ဆိုတာ မှန်တယ် ဒါပေမယ့် လူတစ်ယောက်ဖြစ်လာဖို့ မိဘနှစ်ပါးအပြည့်အစုံရှိမှ ဖြစ်ရမယ်ဆိုတာ မဟုတ်ဘူး လူပီသဖို့ လူတော်လူကောင်းတစ်ယောက်ဖြစ်လာဖို့က ကိုယ်တိုင်ပေါ်မှာပဲ မူတည်တယ် မိဘမဲ့အနေနဲ့ ကြီးပြင်းလာပြီး ကိုယ့်ထူးကိုယ်ချွန် ကြိုးစားလို့ အောင်မြင်ပျော်ရွှင်နေတဲ့ လူတွေ ဒီကမ္ဘာမှာ အများကြီးပါ"..........."ငါတို့မင်းသမီးလေး သူတို့ပြောတာ မှန်တယ် မင်းသမီးလေးရဲ့ အဖေက အတူမရှိဘူး အဲ့တော့ ဘာဖြစ်လဲ မင်းသမီးလေးကို ချစ်ပေးတဲ့ အမေရှိတယ် မေလည်းရှိတယ် ကိုကိုလည်းရှိတယ် ပြီးတော့ တခြားသူငယ်ချင်းတွေလည်းရှိသေးတယ် နောက်ပြီး အရေးကြီးဆုံးက မင်းသမီးလေးကိုယ်တိုင်ပဲ ပြောစမ်း ပြောစမ်း အဲ့ဒီကလေးသုံးယောက်က ပိုတော်လား ပိုပျော်ရွှင်လား သူများကို ရန်စနေတဲ့ ကလေးလေးတွေက သူတို့ကိုယ်တိုင် မပျော်ရလို့ သူများပျော်ရွှင်ခြင်းတွေကို နှောင့်ယှက်နေသူတွေပဲ ဟုတ်တယ်မလား မင်းသမီးလေးက သူတို့ထက်ပိုသာတယ်မဟုတ်လား""ဟုတ် ဟုတ်တယ် သမီးက အဆင့်တစ် သူတို့က ဘိတ်ချေးမှာ ပြီးတော့ သူတို့မှာ မေ ဝယ်ပေးထားသလို အရုပ်လွယ်အိတ်လည်းမရှိဘူး မေမေထည့်ပေးသလို ထမင်းဗူးကောင်းကောင်းလည်းမရှိဘူး ပြီးတော့ ကိုကို့လိုလည်း လက်သီးမထိုးတတ်ဘူး"စိတ်ကြည်လာသည့် မင်းသမီးလေးသည် အခုမှ စကားကို တရစပ်ပြောလာသည်။"အဲ့တာကြောင့် မေပြောတာပေါ့ သူတို့လို အရှုံးသမားတွေရဲ့ စကားကို ငါတို့မင်းသမီးလေးက ဘာလို့ လိုက်ခံစားနေမှာလဲ ငိုစရာလည်းမလိုဘူး ပြန်ရန်တွေ့စရာလည်းမလိုဘူး တခုပဲ မင်းသမီးလေးလုပ်ရမှာ တစ်ခုပဲရှိတယ် လျစ်လျူရှုထားလိုက် မကြားသလို မမြင်သလို လျစ်လျူရှုထားလိုက် လောကကြီးမှာ ကိုယ်က ကြိုးစားပြီး အာရုံစိုက်မှုခံရအောင်လုပ်ပေမယ့် တဖက်လူဆီက အဖက်မလုပ်ခံရတဲ့ လူတွေက သနားစရာအကောင်းဆုံးပဲမို့ သူတို့လို အရှုံးသမားတွေကို အဲ့နည်းနဲ့ အကောင်းဆုံးတုံ့ပြန်လိုက်""ဟုတ်ကဲ့မေ သမီးမှတ်ထားရမယ်""နောက်တစ်ခုရှိသေးတယ် ငါတို့မင်းသမီးလေး အသက်ကြီးလာတဲ့ထိ မှတ်ထားရဦးမှာ""ဘာများလဲဟင်""ကိုယ်ကိုတိုင်ရှင်သန်ဖို့အတွက် ဘယ်သူမှမလိုဘူးဆိုတာပဲ အဲ့တော့ ကိုယ့်ဘေးနားမှာ ရှိမပေးနိုင်တဲ့ ဘယ်သူမဆိုအတွက် ဝမ်းနည်းစရာမလိုဘူး တစ်ယောက်တည်းလည်း ပျော်ရွှင်နိုင်ရမယ်နော်""ဟုတ်ကဲ့ မေ"မျက်ရည်တွေမရှိတော့သော မင်းသမီးလေးက ခေါင်းညိတ်သည်။ မမယုက သမီးဖြစ်သူကို ပွေ့ချီကာ မျက်နှာက မျက်ရည်စီးကြောင်းများကို သန့်စင်ပေးနေ၏။"မောင်""ဟုတ်ကဲ့‌မေ မောင် လက်ပါသွားတဲ့ အတွက် မောင်မှားပါတယ်"ဝန်ခံလာသူကို မေဘာမှ မခြိမ်းခြောက်ရသေးပါ။"တော်တယ်"မျှော်မှန်းထားသည့် ပြစ်ဒဏ်မဟုတ်ဘဲ ရရှိလာသည့် ချီးကျူးစကားကြောင့် လက်ပိုက် ခေါင်းငုံ့နေရာမှ မေ့ကို မော့ကြည့်လိုက်သည်။ အတည်ကြီးပြောနေတာလား။"တော်တယ် မောင် နေရာတကာ လက်သီးသုံးပြီးဖြေရှင်းတာ မေမကြိုက်ပေမယ့် အချိန်အခါကို လိုက်ပြီး သုံးသင့်ရင်သုံးရမယ် ကိုယ့်ထက် အားနည်းသူ တစ်ယောက်ကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းက လက်ပါမှ ရမယ်ဆိုရင် တုံ့ဆိုင်းမနေနဲ့မောင် ရဲရဲ ဝံ့ဝံ့လုပ်ပစ်လိုက် မောင့်နောက်မှာ မေရှိတယ်"......"ပြီးတော့ ကျေးဇူးတင်တယ်မောင် မောင့်ညီမလေးကို ကာကွယ်ပေးတဲ့ အတွက် မာမီယုရော မေရော မောင့်ကို ကျေးဇူးတင်ပါတယ် အနာဂတ်မှာလည်း မောင်က ငါတို့ မင်းသမီးလေးအတွက်ရှိနေပေးပါဦးနော် မေ တောင်းဆိုပါတယ်""စိတ်ချပါ မေရဲ့ မောင်က အမြဲတမ်း မင်းသမီးလေးကို ကာကွယ်ပေးမှာပါ"ဆယ်နှစ်သားကလေးက သူ့ထက်နှစ်ဝက်လောက်ငယ်သော ကောင်မလေးကို ကာကွယ်ပေးဖို့ ရဲရဲ ဝံ့ဝံ့ကတိခံလေတော့ ကြားရသူ အပေါင်းတို့ကျေနပ်မှာမလွဲပေ။"ကဲ အဲ့ဒီတော့ လက်ကျန်ကိစ္စကိုပဲ ဆက်ရှင်းတာပေါ့"မေ့စကားကြောင့် ပွေ့ဖက်နေသော သားမိသုံးယောက် စူးစမ်းလာသည်။"အကုန်လုံး တော်ကြပေမယ့် ....တစ်ခုမေ့နေတယ်မလား""ဘာလဲဟင်"အကြီးဆုံး ကြံရာပါက မေးသည်။"ဘာဖြစ်ရမလဲ မေ့ကို လိမ်တာလေ မေ့ကို ဖုံးကွယ်ထားတာလေ သုံးယောက်လုံးအတိုင်ဖောက်တွေ ညီနေကြတာ မေ မသိနိုင်ဘူးများထင်နေလား ဟမ်""တောင်းပန်ပါတယ် မေရယ် မမယုက မေ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ""အဲ့တော့ မေ့ကို လိမ်တဲ့ အပြစ်အနေနဲ့ ဝါဆို ဒီတပတ်ပိတ်ရက် အိမ်အပေါ်ထပ် အောက်ထပ် တံမြက်စည်းလှည်းပါ မောင် ခြံထဲက အမှိုက်တွေရှင်း အဟမ်း မမယုကတော့ ငါးဟင်းချက်ခွင့် တစ်လပိတ်တယ် ဒါပဲ သွားတော့"သွားတော့ဆိုပြီး သူကိုယ်တိုင် အခန်းထဲက ထွက်သွားသော မေ့ကိုကြည့်ပြီး သုံးယောက်လုံး ဆွံအနေခဲ့သည်။ နောက်တော့မှ သဘောပေါက်ကာ သုံးယောက်လုံး မျက်နှာချင်းဆိုင် ရယ်မိလိုက်သည်။ ပင်လယ်စာနဲ့ ငါးကို ရန်သူလိုသတ်မှတ်ထားသော တစ်ယောက်သောသူက သူတို့အပြစ်ကို ခုတုံးလုပ်ပြီး ငါးမစားရရေး တို့အရေးလုပ်သွားခြင်းပင်။"ဟုတ်သားပဲ မာမီယုရာ မေမကြိုက်တဲ့ ငါးဟင်းကို ခဏခဏ မချက်ပါနဲ့လားဗျာ"တတိုင်းမွှေး(21/3/23)A/N- လက်သံပြောင်တဲ့ စနေသားကို အရမ်းတွေ အသက်ကြီးပေးလိုက်ချင်ပြီ။

တိမ်ခိုးလေနှင်(Normal)Donde viven las historias. Descúbrelo ahora