အပိုင်း(၂၂)
ပင်လယ်ဟာ မာယာများတယ်။ ကျွန်တော်ချစ်ရတဲ့အမျိုးသမီးက အဆိပ်ပြင်းတယ်။
"လူ့လောကမှာ တားမြစ်ထားတဲ့အရာတွေဆိုတာ ဥပဒေစာအုပ်ထဲကပြဌာန်းချက်တွေပဲမဟုတ်ဘူးမောင် နှုတ်ကဖွင့်ပြောဖို့မလိုတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှ ငါတို့ ရပ်တည်ရှင်သန်လို့ရမှာ"
ဆည်းဆာနေရောင်အောက်က သောင်ပြင်မှာ ကျွန်တော်နဲ့ ချစ်ရသူနှစ်ယောက်တည်း အခြေအတင်ပြောဖြစ်တဲ့ အကြောင်းအရာတစ်ခုဟာ ဘယ်လိုမှ ညှိရမယ်မထင်။ အပန်းဖြေခရီးလို့ အမည်တပ်ကာ ရောက်လာတဲ့ ဒီနေရာမှာ ကျွန်တော့်ကို အမောမပြေစေတဲ့ စကားတွေပြောပြန်တဲ့ ချစ်ရသူ။ နည်းနည်းလေးမှ ....မြူမှုန်လောက်တောင်မှ ကျွန်တော့်ကို ကိုယ်ချင်းမစာဘူးထင်ရဲ့။
"ချစ်ခြင်းမေတ္တာဆိုတာ အသွင်အမျိုးမျိုးရှိတယ်ဆိုတာ မေသိရဲ့မဟုတ်လား မောင့်အနေနဲ့ ဝါဆိုမိုးအပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာဟာ မောင်နှမချစ်သပ်သပ်ပါ မေကတော့မတူဘူး ဒါ့ထက် ဘယ်သူ့အပေါ်မှာထားတဲ့ မောင့်ချစ်ခြင်းမေတ္တာမဆို မေရရှိထားတဲ့ အနေအထားနဲ့ ယှဉ်စရာကို မလိုဘူး"
"အချစ်ဆိုတာ သံယောဇဉ်ကနေလည်းဖြစ်နိုင်တာပဲ အသနားပိုရာကနေလည်းဖြစ်တည်လာနိုင်တာပဲ မောင် နည်းနည်းလောက်စဉ်းစားကြည့်ပါ ဝါဆိုလေးကို သံယောဇဉ်မရှိဘူးလားဟင် သနားရောမသနားဘူးလား သူ့ခမျာ ငယ်ငယ်လေးကတည်းက မိတကွဲဖတကွဲ နေလာရတာ ချစ်ကြည့်လိုက်စမ်းပါမောင်ရာ"
"မေရဲ့ ချစ်တယ်ဆိုတာ စေ◌ျးရောင်းသလို ဝယ်ပါဝယ်ပါ တိုက်တွန်းလိုက်လို့ အဆင်ပြေသွားတာမျိုးမှ မဟုတ်တာ မေကလွဲရင် ကျန်တဲ့ ဘယ်သက်ရှိသက်မဲ့ကိုမှ မောင် မေတ္တာထားချစ်ကြည့်လို့မရဘူး"
အဝါရောင်ချည်ထိုးပုဝါလေးကို ခြုံထားသည့်အမျိုးသမီးငယ်မှာ လူကိုစိတ်ပျက်လက်ပျက်နဲ့ ကြည့်ပြန်သည်။ ဘာကို ညှိနှိုင်းဖို့ကြိုးစားနေတာလဲ။
"မောင်ရယ် ....ဝါဆို့မိဘတွေကို လိုလိုလားလားဖြစ်နေကြတာ တခြားမှ မဟုတ်တာ မာမီယုဆိုတာလည်း မောင့်ကို ငယ်ငယ်ကတည်းက ပြုစုစောင့်ရှောက်လာတာ သူတို့ကျေးဇူးတွေရှိတယ်လေ"
YOU ARE READING
တိမ်ခိုးလေနှင်(Normal)
Romanceတိမ်ခိုးတိမ်စိုင်တွေဟာ လေပြေညင်းကနှင်ရင် အဝေးသို့လွင့်လို့ ကွယ်ပျောက်ရတယ်