(18)Zawgi

27 3 0
                                    

(၁၈)ပထမဆုံးအသိဝင်လာချိန် မြင်လိုက်ရတာက မျက်နှာကြပ်မှာ ရှိနေသည့် ပန်ကာ။ ပြီးတော့ တဆစ်ဆစ် ကိုက်ခဲလာသည့် ခေါင်းက ဝေဒနာကြောင့် အမှောင်ထဲမှာပင် မောင် ထထိုင်လိုက်သည်။ အိပ်ရာဘေးက စားပွဲပေါ်မှာ မီးအိမ်ရှိတတ်တာမို့ လက်နဲ့စမ်းယူပြီးဖွင့်လိုက်သည်။ ခြေနှစ်ချောင်းကို ကုတင်ပေါ်ကချလိုက်တယ်ဆိုရင်ပဲ မျက်နှာချင်းဆိုင် အဝတ်ဗီရို မှန်ကနေ မြင်လိုက်ရသည့် ပုံရိပ်ကြောင့် မောင် ကိုယ့်ခေါင်းကိုယ် လက်ရောက်သွားရသည်။ တကယ်ကြီး ခေါင်းက ကွဲသွားတာပဲ။ ပတ်တီးလိပ်ကနေ စီးနေသည့် သွေးစအချို့ကိုတောင် မြင်ရသေးသည်။ ဝယ်လာပေးသည့် မုန့်ဗူးသည် သံဗူးဖြစ်နေခြင်းကြောင့် မောင် ကံဆိုးသွားရသလား ဒီအမျိုးသမီးနဲ့ ကြုံရလို့ပဲ မောင် ကံမကောင်းသည်လားမသိ။ လက်ဆပြင်းချက်ကတော့ ခေါင်းကွဲကာ သတိမေ့သွားရသည်အထိပင်။ နူးညံ့သည့် နှုတ်ခမ်းပါးပေါ်ကအထိအတွေ့လေးကို သတိရတော့ မပါမဖြစ် ဒီအမျိုးသမီးရဲ့ ဒေါသတွေကိုပါ မြင်ယောင်လာသည်။ စိတ်ကြိုက် ရိုက်နှက်ကာ ဝုန်းဒိုင်းကြဲသွားတဲ့ အမျိုးသမီးရဲ့ ဒေါသတွေကို မောင် ကြိုတင်တွေးထားပြီးသားမို့ နောင်တရခြင်းတို့မရှိနေပါ။ "မောင် သတိရပြီလား ဘဘ ခဏဝင်ခဲ့ဦးမယ်နော်" တံခါးခေါက်သံအဆုံးမှာ ဒရိုင်ဘာဘဘကြီး အခန်းထဲရောက်လာသည်။ လက်ထဲမှာလည်း အရေးပေါ်ဆေးပုံးကြီးလည်းပါလာသည်။ မောင့်ဒါဏ်ရာကို သေချာကြည့်ပြီး"မေက မှာသွားတယ် မသက်သာရင် ဆေးရုံသွားပို့လိုက်တဲ့ ဘယ်လိုများဖြစ်ရတာလဲ မင်းအစ်မအကြောင်းမသိတာမဟုတ်ဘဲနဲ့ ဘာစိတ်တိုစရာလုပ်ထားပြန်တာလဲ မှန်း ဘဘကြည့်ပေးဦးမယ်" ငယ်ငယ်ကတည်းက ဒီအိမ်မှာ တဦးတည်းသော ယောကျာ်းလေးအဖော်ဖြစ်ခဲ့တာနဲ့အညီ မောင်နဲ့ ဒရိုင်ဘာဘဘကြီးမှာ သူငယ်ချင်းလိုလည်း ရင်းနှီးသည်။ "ဘဘ ပတ်တီးဘယ်သူစည်းပေးတာလဲ""ဟေ ဘဘပဲ စည်းပေးတာပေါ့ ဘာဖြစ်မှန်းမသိပါဘူး အိပ်မို့ရှိသေး မေ့အော်ခေါ်သံကြောင့် ခြံထဲဆင်းလာတော့ သွေးတွေနဲ့ လဲနေတဲ့ မင်းကို တွေ့တာပဲ ဟိုတစ်ယောက်ကလည်း တော်တော်စိတ်တိုနေတာနော် ဦးလေးတို့လက်ထဲ အပ်ပြီး တချက်မှမကြည့်ဘဲ ထွက်သွားတာကွ" "ထွက်သွားတယ် ဘယ်ကိုလဲ အပြင်လား အခု မေ အိမ်မှာ မရှိဘူးလား" "အေး မရှိဘူးလေ လွန်ခဲ့တဲ့ တစ်နာရီလောက်ကတော့ ဖုန်းဆက်တယ် မင်းသတိရရင် သွားကြည့်ပြီးလိုတာလုပ်ပေးလိုက်ပါတဲ့ သူ ကတော့ ဒီညအိမ်ပြန်မလာတော့ဘူးတဲ့" မောင် နံရံပေါ်က နာရီကိုကြည့်မိတော့ နံနက် ၂နာရီခွဲနေပြီ။ ဒီအိမ်ကလွဲရင် ဘယ်မှ တကူးတက သွားစရာမရှိသည့် လူသည် ဘယ်လောက်နောက်ကျကျ ရောက်အောင် ပြန်လာတတ်စမြဲ။ အခုတော့ သေချာပေါက် ရှိမနေချင်လို့ ထွက်သွားခြင်းမို့ မောင့်မှာ စိတ်ပူရပြန်သည်။ တဆက်တည်း နောင်တတရားတို့ကလည်း ဝင်ချင်သလိုလို။ မောင် လိုက်ရှာရင်ကောင်းမလား ။ "ဘဘ ကျွန်တော် မေ့ကိုသွားရှာရင်ကောင်းမလားဟင်" ဘဘကြီးက ဆေးပတ်တီးအသစ်စည်းပေးနေရင်း မောင့်ကို ငုံ့ကြည့်သည်။ "မသွားပါနဲ့လား ပြောရရင် မေ့ကို စိတ်ပူပေမယ့် သူတကယ်စိတ်ဆိုးနေရင် သူပြောတဲ့အတိုင်းလုပ်တာကောင်းလိမ့်မယ် ပြီးတော့ မင့်အစ်မကလည်း အရွယ်ရောက်ပြီးသား ကိုယ့်ကိုကိုယ်ထိန်းနိုင်တဲ့ လူတစ်ယောက်ပဲလေ" မောင် တကယ် ဝေခွဲမရဖြစ်မိသည်။ ဘဘကြီးထွက်သွားတာ့ အခန်းထဲမှာ မောင်တစ်ယောက်တည်း ကျန်ခဲ့ရသည်။ ထပ်ပြီး အိပ်လို့မဖြစ်တာကြောင့် မီးမှိတ်ပြီး ပြူတင်းပေါက်နားမှာ သွားထိုင်မိ၏။ ကောင်းကင်မှာလည်း လက အတော်မြင့်နေပြီ၊ တခါတရံ ဖြတ်သွားတဲ့ ညငှက်တွေတောင် တွေ့နိုင်သည်။ တဇွတ်ထိုးဆန်တယ်လို့ပဲပြောပြော မောင်လုပ်ခဲ့မိတာတွေကို နောင်တတော့မရချင်ပါ။ တကယ်တမ်း ဧည့်ခံပွဲမှာ မောင် အရက်လုံးဝ မသောက်ခဲ့။ ဝါဆိုလေးရဲ့ ဖေဖေနဲ့ စကားပြောနေတုန်း ဝိတ်တာလေးတစ်ယောက်ရဲ့ အမှားကြောင့် မောင့်ကိုယ်ပေါ် ဝိုင်တွေ မှောက်ကျခဲ့ခြင်းသာ။ သတ္တိမရှိလို့ လမ်းဟောင်းကြီးအတိုင်း အရက်မူးနေတယ်လို့ အကြောင်းပြခြင်ခဲ့တာတော့ မောင် ဝန်ခံပါသည်။ ဒါသည်ပင် မေ့ကို ပိုလို့ဒေါသထွက်စေမလား။ မူးမူးရူးရူးနဲ့ မသင့်တော်တဲ့ အမူအကျင့်တွေကို လုပ်ခဲ့မိတယ်လို့ ထင်သွားရင် ပိုဆိုးနိုင်သည်။ တကယ်တော့ မမူးဘဲနဲ့ တမင်ကို လုပ်တာ။ စိတ်တွေလည်း ရှုပ်ရပါတယ်။ နေလို့မကောင်းတာကြောင့် မောင် ရေချိုးခန်းထဲ ဝင်ပြီး ရေချိုးလိုက်မိသည်။ "စိတ်အေးအေးထားစမ်း မောင် မင်း ကိုင်တွယ်နိုင်ပါတယ်" စိတ်ကူးယဉ်ထားသည့် ဖွင့်ပြောမှုမျိုးမဟုတ်ပေမယ့် ထိရောက်တယ်လို့လည်း စဉ်းစားမိတော့ စိတ်က နှစ်ခွ။ အကြာကြီး ရေပန်းအောက်မှာ ရပ်နေခဲ့ပြီး အသင့်တော်ဆုံးနည်းကို ကြိုးစားရှာဖွေနေမိသည်။ ခေါင်းက သွေးတိတ်စ ဒဏ်ရာမှာ ရေအရှိန်ကြောင့် ပိုနာလာသလို။ မဆီမဆိုင် ဘယ်ဖက်ရင်ဘတ်ကပိုလို့တောင် အောင့်တက်လာသည်။ မေရယ် ခင်ဗျားက ရူးအောင်သိပ်လုပ်တာပဲ ...........ခင်ဗျားကြောင့် အသိစိတ်ပျောက်တဲ့လူတွေ ဘယ်လောက်တောင်ရှိပြီလဲ နံရံကို လက်သီးနဲ့ ဆင့်ထိုးလိုက်မိတာ သွေးတွေထွက်သည့်တိုင် မနာကျင်ခဲ့ပါ။ ရေစက်တွေသီးနေသည့် ကြည့်မှန်ကို လက်နဲ့သပ်လိုက်တော့ သွေးစစ ကျနေဆဲ ဒဏ်ရာလေးက မောင့်ကို လှောင်သည်။ ရုပ်ပိုင်းဆိုင်ရာ နာကျင်စေသည့် သူစိမ်းဘယ်သူကို မဆို မောင် ခွင့်မလွှတ်နိုင်ခဲ့တာ ဒီအမျိုးသမီးပေးတဲံ နာကျင်မှု့ကိုတော့ မြတ်နိုးနေမိဆဲ။ "ဘာတတ်နိုင်မလဲ မေရယ် မောင် နောက်ဆုတ်ဖို့ မဖြစ်နိုင်တော့ဘူး" မိနစ်ပိုင်းခန့်အကြာ ခြံဝန်းထဲက မောင်းထွက်သွားသည့် ကားလေးတစ်စီး.......မောင်းနှင်သူရဲ့ စိတ်ဆန္ဒတွေအရ ရှေ့သို့သာ တိုးဆဲ တိုးမြဲ။ ........................................................"ခွေးကောင်တွေ မင်းတို့က ငါ့ကို ဘာထင်နေလို့လဲ" ကျယ်လောင်သော ကျိန်းဝါးသံနှင့်အတူ ဝုန်းဒိုင်းကျဲသွားသည့် အခြေအနေကြောင့် ကလပ်တစ်ခုလုံး လှုပ်ရှားမှုတွေတိခနဲ။ အသံလာရာဆီကို ကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက် သံပိုက်လုံးတစ်ခုကို ကိုင်ပြီး အနားမှာရှိတဲ့သူတွေကို သိမ်းကြုံးရိုက်နေတာဖြစ်သည်။ အတော်လေးလည်း မူးနေတာဖြစ်ပုံရပေမယ့် သူမကချည်း ဦးအောင်ဆော်နေတာမို့ ယောက်ျားသားတွေတန်မဲ့ တဖက်လူတွေ အတော်လေးထိသည်။ "အဲ့လို လုပ်ချင်တိုင်းလုပ်လို့ရမယ်ထင်လား ပြောချင်တိုင်းပြောလို့ရမယ်ထင်နေလား ဟမ် သေချင်နေတာလား" ကြုံးဝါးသံနှင့်အတူ ကွဲကုန်သည့် ခေါင်းတွေမှာလည်း သွေးတွေချင်းချင်းနီကုန်သည်။ ပြန်မလုပ်တာလည်း မဟုတ်ပေမယ့် ဒီအမျိုးသမီးကို မနိုင်ရခြင်းမှာ မဲမဲမြင်ရာ အကုန် ဆော်ထည့်နေသည့် လက်ဆကြောင့်ဆိုတာ သူတို့လည်း သဘောပေါက်ပါသည်။ မစသင့်သည့်သူကို သွားစမိခြင်းရဲ့ အကျိုးဆက်ပင်။ ကလပ်မှာ တစ်ယောက်တည်းအေးဆေးသောက်နေသည့် မိန်းကလေးသည် သူတို့ထင်သလို မအေးဆေးမှန်းသိရင် အစကတည်းက ဝေးဝေးရှောင်ခဲ့မှာ။ အခုတော့ လူအုပ်စုတောင့်ပါတယ်ဆိုပြီး သွေးတိုးစမ်းလိုက်တာ အဲ့ဒီအမျိုးသမီးနဲ့ တိမ်တွေပေါ်မရောက်ဘဲ အဲ့ဒီအမျိုးသမီးပို့ပေးလို့ သူတို့ နိဗ္ဗာန်ရောက်ကုန်တော့မှာ အသေအချာ။ ခွပ် ခွပ် ခွပ် သံတုတ်ဖြင့် အရိုက်ခံထားရလို့ မလှုပ်နိုင်တော့တဲ့ လူရဲ့ ရင်ဘတ်ပေါ် တက်ခွပြီး အပီအပြင် လက်သီးနဲ့ မျက်ခွပ်ကို ထိုးနေပုံမှာ ကလပ်ထဲက လူအားလုံးကို ဖြုံသွားစေနိုင်သည်။ အမျိုးသမီးတော့ အမျိုးသမီးပဲ သို့ပေမယ့် သူမက လှသလောက် သိပ်ကို အဆိပ်ပြင်းသည်။ "သတိထား" လူအုပ်ထဲက တစ်ယောက်ရဲ့ သတိပေးသံကြောင့် နောက်လှည့်ကြည့်လိုက်တော့ နောင်တရပုံမပေါ်သည့် တစ်ယောက်က ဓါးတစ်ချောင်းနဲ့ သူမထံ ပြေးဝင်လာသည်။ အားလုံးရဲ့ သတိပေးသံတွေကြားထဲ အဆိုပါ ဓါးကိုင်ထားသည့် လက်မှာ လေထဲတွင်ပင် ရပ်တန့်ခံလိုက်ရသည်။ ဗုန်း "အား" ဓါးကိုင်လာသည့် လက်ကိုဖမ်းဆုပ်ကာ လိမ်ချိုးပစ်လိုက်သလို လူတကိုယ်လုံးကိုပါ ကိုင်ပေါက်လိုက်သူမှာ လူအုပ်ကြားထဲက ထွက်လာသည့် အမျိုးသားတစ်ယောက်။ ပြီးတော့ သူကပဲ ထပ်ပြီး ထိုအမျိုးသမီးထက် ပိုကြောက်စရာကောင်းအောင် တဖက်လူတွေကို အပြစ်ပေးနေပြန်သည်။ အသံတိတ်ပြောင်းတပ်ထားသည့် ပစ္စတိုလေးနဲ့ ခြွေလိုက်သည့် အသက်ဝိဉာည်တွေဆိုတာ ခဏလေးနဲ့ပင်။ ဒီကလပ်က မြို့တွင်းရဲ့ အထက်တန်းလွှာသီးသန့်တွေပဲ ဝင်ဆန့်တာမို့ အာဏာပါဝါတွေဆိုတာလည်း ထိပ်တန်းရဲ့ ထိပ်တန်းမှာရှိသည်။ ဒါကို မျက်တောင်တစ်ချက်မခတ်ဘဲ သေနတ်တစ်လက်နဲ့ လူတွေကို ရှင်းပစ်လိုက်နိုင်သည့် အမျိုးသားကို အားလုံးက အထင်ကြီးသလို ကြောက်ရွံ့မိသား။ အားလုံးရဲ့ အံ့ဩထိတ်လန့်မှု့တွေကို လျစ်လျူရှုလို့ ထိုအမျိုးသားက ကြမ်းပြင်ပေါ်မှာ ပုံလျှက်သားရှိနေဆဲ အမျိုးသမီးထံ လျှောက်သွားသည်။ သေနတ်ကိုင်ထားဆဲ လက်တစ်ဖက်က အမျိုးသမီးရဲ့ ပခုံးဖျားဆီရောက်သွားပြီး နောက်လက်တစ်ဖက်က ပုံပျက်လုလု ဆံသားတွေကို မျက်နှာပေါ်ကနေ ဖယ်ရှားပေးလိုက်သည်။ ရီဝေဝေဖြစ်နေဆဲ အကြည့်တို့ကို မြင်လိုက်ရတော့ အမျိုးသားက သူ့မျက်နှာပေါ်က မက်စ်ကို ဖယ်ရှားကာ ....."ကိုယ်ပြန်လာပြီ မေ" အမျိုးသမီးရဲ့ မျက်နှာက အံ့ဩမှုတို့နဲ့အတူ ဒေါသအရောင်တွေပါဖြတ်ပြေးသွားသည်။ ကယ်တင်ပေးတိုင်း ကိုယ့်ဖက်ကလူမဟုတ်ပါလား။ ချက်ချင်းပဲ ရှေ့ကလူကို လက်သီးနဲ့ ပိတ်ထိုးဖို့ လက်မြှောက်လိုက်တယ်ဆိုရင်ပဲ ခြေတစ်လှမ်းသာနေသူကြောင့် မအောင်မြင်။ ရွယ်ထားတဲ့ လက်နဲ့အတူ တစ်ကိုယ်လုံး အဲ့ဒီလူရဲ့ ရင်ခွင်ထဲ ရောက်သွားချိန် တစ်ခုခုမှားနေပြီဆိုတာ နားလည်လိုက်ရသည်။ "မဆိုးနဲ့မေ ကိုယ်က အရင်လိုမဟုတ်တော့ဘူး" "ခွေးကောင် သေချင်..."မဆုံးလိုက်သော ကျိန်ဆဲသံနှင့် ပျော့ခွေသွားတဲ့ ကိုယ်ခန္ဓာကို တယုတယ ပွေ့ချီလိုက်သည့် အမျိုးသားရဲ့ မျက်နှာပေါ်က အပြုံးကို အားလုံး အားကျထိတ်လန့်ဖွယ်တွေ့လိုက်ရသည်။ ကလပ်အဆောက်အဦးရဲ့ အပြင်ဘက်မှာ အသင့်စောင့်နေသည့် ကားကြီးထံ အေးဆေးသက်သာစွာလျှောက်လာသည့် အမျိုးသားရဲ့ ရင်ခွင်ထဲမှာ သတိမေ့နေသည့် မိန်းမချောလေး။ ကိုယ်တိုင် အကျအန ကားပေါ်နေရာချထားပေးပြီးနောက် အသင့်စောင့်နေသည့် တပည့်များထံသို့ လှည့်ကာ ......."မှတ်တမ်းမှတ်ရာ အကုန်လုံးရှင်းလိုက် ပြီးတော့ ငါစောင့်ကြည့်ခိုင်းထားတဲ့ လူတွေကို နည်းနည်းမှ မျက်ခြေမပျက်စေနဲ့ တစ်ခုခုထူးခြားရင် မြို့ပြင်က အိမ်ကို လိုက်လာခဲ့" "ဟုတ်ကဲ့ပါ သူဌေး" စိတ်ချယုံကြည်ရသည့် ဒီတပည့်တွေ ကောင်းကောင်းလုပ်မယ်ဆိုတာ သူသိပြီးသား။ အရာရာဟာ ကြိုတင်တွတ်ချက်ပြီးမှ ဆောင်ရွက်ခဲ့သည့် ကိစ္စတိုင်းမို့ သူ့ကိုတားနိုင်မယ့်သူ ရှိမနေလောက်ပါ။ အခု သူ့ရင်ခွင်ထဲမှာ ရောက်နေပြီဖြစ်တဲ့ ကာယကံရှင်ကိုယ်တိုင်တောင်မှ ဖြစ်လာမှာတွေကို မတားနိုင်လောက်ပါ။ အဲ့လောက်ထိ ပြင်းပြစွာ ပြည့်မြောက်ချင်တဲ့ လိုအင်တွေဟာလည်း ဒီအမျိုးသမီးလေးကိုသာ ဦးတည်ကြောင်း .......အင်း တဖြေးဖြေးချင်း ပြောပြရမှာပဲ။ "မေ အခုကစပြီး ကိုယ့်အနားမှာပဲနေပါ မဟုတ်ဘူးနေကိုနေရမယ်" ကြင်သာစွာနမ်းရှိုက်လိုက်တဲ့ နဖူးပြင်ငယ်ဟာ ဟိုးတုန်းကလိုပဲ ရင်ခုန်မှုတွေပေးဆဲ။ ဒုတိယအကြိမ် ရင်းနှီးခဲ့ပြန်တဲ့ ကိုယ့်ဘဝက မင်းနှလုံးသားထဲမှာ အခြေချဖို့ပါ မေ ....အဲ့လောက်မက ကိုယ်ချစ်ရပါတယ်ကွယ်တတိုင်းမွှေး(3/8/23)A/N- မိတ်ဆွေဟောင်းတွေပြန်တွေ့တဲ့အခါ............တခြားသူများ= တွေ့ရတာဝမ်းသာပါတယ်နော်။ကသစ်မေ= နင် မသေသေးဘူးလား။ ...................................................................

တိမ်ခိုးလေနှင်(Normal)Donde viven las historias. Descúbrelo ahora