(15)Unicode

151 9 1
                                    

အပိုင်း(၁၅)

နိုင်ငံတကာ လက်ဝတ်ရတနာပြပွဲတစ်ခုရဲ့ ရုပ်သံရှိုးကို မေ အွန်လိုင်းကနေကြည့်နေခဲ့သည်။ အမြဲလိုလို စီးပွားရေးနဲ့ ဆက်စပ်နေသည့် အကြောင်းအရာတွေမို့ စိတ်ပါဝင်စားစွာ ကြည့်ရှုဖြစ်ပေမယ့် ဖန်တီးသူတွေကို သေချာမသိ။ ပြသထားသည့် အမျိုးပေါင်းများစွာသော ဒီဇိုင်းတွေကို ဘာအချက်အလက်မှ မပေးထားဘဲ ကြွရောက်လာသူတို့ကို အလွတ်တမ်း ဝေဖန်အကဲဖြတ်ခိုင်းထားသည့် ဒီပြပွဲက အခြားသော ပြပွဲတွေထက် ဂုဏ်သိက္ခာမြင့်မားကြောင်း ကျောက်မြက်လောကမှာ မသိသူမရှိ။ ကွန်ပျူတာ ဖန်သားပြင်ပေါ်ကနေ လက်ရာတစ်ခုခြင်းစီကို မေကြည့်နေရင်း တစ်စုံတစ်ခုကို သတိထားမိသွားသည်။

"လှလိုက်တဲ့ လက်ရာ"

အနက်ရောင်ကတ္တီပါပိုးသားထက်မှာ တလက်လက်တောက်ပနေသည့် ရင်ထိုးလေးတစ်ခု။ စိန်ပွင့်လေးတွေဟာ လက်ရာမြောက်သွန်းလောင်းထားသည့် ရွှေသားပွင့်ဖတ်ငါးခုစီရဲ့ အလယ်မှာရှိနေသည်။ တချက်ကြည့်လိုက်ရုံနဲ့ အလွန်ကို အသေးစိတ်ကျလှပြီး ဒါဟာ မေနဲ့ ရင်းနှီးလွန်းသည်။

"တမာပန်းခက်ပုံ ရင်ထိုးလေးပါလား"

ရွှေသားပွင့်ဖတ်လေးတွေနဲ့ စိန်ပွင့်တွေဟာ သေသပ်သော တမာပန်းခက်လေးတစ်ခက်ကို ပုံဖော်ထားသည်။ လှရက်သည်။ တော်လွန်းသည်။ ဘယ်သူကများ ဒီဇိုင်းကို ဖန်တီးထားပါလိမ့်။ အွန်လိုင်းကနေ သီးသန့်ဖိတ်ကြားခံရသူတွေဟာ မဲပေးခွင့်ရှိတာမို့ အဆိုပါလက်ရာရဲ့ ဒီဇိုင်နာပြိုင်ပွဲဝင် နံပါတ်ကို သေချာမှတ်သားပြီး အကဲဖြတ်အဖွဲ့ဆီ မေးလ်ပို့လိုက်သည်။ ဖန်တီးသူကဘယ်သူဖြစ်ဖြစ် ဆုရရမရရ ဒီလက်ရာကို ဝယ်ချင်တာလည်း ပါသည်။ အခြား လက်ရာတွေကို မကြည့်ဖြစ်တော့အောင်ထိ ဆွဲဆောင်ခဲ့သော တမာခက်ရင်ထိုးလေးမှာလည်း ဖန်တီးသူ၏ အရိပ်တကြည့်ကြည့်အောက်တွင် ရှိနေသည်ကို မေ မသိခဲ့။

နာရီအနည်းငယ်ကြာပြီးနောက် အကဲဖြတ်စစ်ဆေးခြင်းများပြီးဆုံးပြီဖြစ်သဖြင့် ဆုတွေကို ကြေညာတော့သည်။ အချောထည် ကျောက်သွေးခြင်းအကဲဖြတ်မှု၊ လက်ဝတ်ထည် ဖန်တီးမှုစသဖြင့် အပိုင်းလိုက်ခွဲခြားထားသဖြင့် ဆုပေးခြင်းအခမ်းအနားမှာ စုံလင်သည်။ မေ လိုချင်တာကတော့ အခုနက တမာပန်းခက်လေးရဲ့ ရလာဒ်ကို သိချင်သည်။

တိမ်ခိုးလေနှင်(Normal)Where stories live. Discover now