(1)Unicode

1.5K 36 4
                                    

အပိုင်း(၁)

ချစ်မေတ္တာတွေအပြည့်နဲ့ နှလုံးသားတစ်စုံရှိတယ်။အဲ့ဒီမေတ္တာတွေကိုပုံအပ်လိုက်ချင်တဲ့ လူတစ်ယောက်ကလဲအသင့်ပဲ။သို့ပေမယ့် ချစ်ခြင်းတရားကို ထုတ်ဖော်ပြသဖို့ အချိန်ကောင်းမဟုတ်ခဲ့ဘူး။ လက်ခံဖို့ရာလည်း သင့်တော်မျှတမှုမရှိဘူးတဲ့။ ချစ်ခြင်းတွေဟာ စစ်မှန်ပေမယ့် လူမှန် နေရာမှန် မဖြစ်လာတဲ့အခါ ဒီဇာတ်လမ်းလေးက အရောင်တွေကင်းတဲ့ ပန်းချီကားလိုပဲ။ နှမြောတသမှုတွေနဲ့ ပြည့်နေတဲ့ လွင့်မပစ်ချင်စရာ ပန်းချီကားရဲ့ ကောက်ကြောင်းကို ဒီလိုစတင်တယ်။

မိုးဦးရာသီဟာ စတင်ရေတွက်မယ်ဆိုရင် လွန်ခဲ့သော ဆယ့်ခြောက်နှစ်မှာ ဖြစ်ခဲ့သည်။ မြို့ငယ်လေးရဲ့ ပြည်သူ့ဆေးရုံဟာ အနိဌာရုံမြင်ကွင်းတချို့နဲ့ ဖုံးလွှမ်းနေလေရဲ့။ ဆေးရုံဝန်းထဲကို ဝင်ရောက်လာတဲ့ တန်ဖိုးကြီးကားတစ်စီးပေါ်မှ ဆင်းလာသူက အမျိုးသမီးတစ်ဦး။ အဝါနုရောင် ဝမ်းဆက်ကို ဝတ်ဆင်ထားပြီး လက်ထဲမှာလည်း ခပ်ကြီးကြီးမုန့်ခြင်းတစ်ခုကို ဆွဲထားသည်။ ကျန်လက်တဖက်မှာတော့ အဝါရောင်နှင်းဆီပန်းစည်းကို ကိုင်ထားပြီး တံတောင်ဆစ်မှာချိတ်ထားသည်က သားရေလက်ပွေ့အိတ်တစ်လုံး။ အဖြူရောင် ဒေါက်ဖိနပ်တွေစီးထားသည့် ထိုအမျိုးသမီးရဲ့ ခြေလှမ်းတွေက အမျိုးသမီးရောဂါအထူးကုဆောင်သို့ဦးတည်နေသည်။ ဟောခန်းကျယ်ကြီးထဲမှာ ရှိနေသည့် လူနာတွေဆီမရောက်ခင် အမျိုးသမီး၏ ခြေလှန်းတွေ တခဏမျှတုံ့ဆိုင်းသွားလေသည်။ လက်ကိုင်အိတ်ထဲမှာ အသင့်ပါလာသည့် ရေမွှေးဆွတ်ထားသည့် လက်ကိုင်ပုဝါကိုထုတ်ကာ နှုတ်ခေါင်းနားအသာအုပ်ပြီး ခြေလှမ်းတွေဆက်ရပြန်သည်။ နေကာမျက်မှန်အောက်က မျက်ဝန်းအစုံက ထောင့်ကျကျ ကုတင်ပေါ်မှာ တကိုယ်တည်းလှဲလျောင်းနေသည့် အမျိုးသမီးကြီးကို တွေ့တော့ လက်ကိုင်ပုဝါကို အသာချကာ ဆက်လှမ်းသွားလိုက်သည်။

"ဆရာမကြီး နေသာပါရဲ့လား"

ဘေးတစောင်းလှဲနေသူ ကုတင်ပေါ်က လူနာအမျိုးသမီးကြီးသည် တဖက်ကပ်လျှက်ကုတင်ပေါ်က လူနာကို ငေးကြည့်နေရာမှ သူမအသံကြောင့် ခေါင်းကို အသာငဲ့ကာ လှည့်ကြည့်လာသည်။

တိမ်ခိုးလေနှင်(Normal)Tempat cerita menjadi hidup. Temukan sekarang