"ဟိုသုံးယောက်ဘယ်က ပြန်လာတာလဲ ပြောပါဦး"
ခြံထဲ ဝင်ဝင်ချင်း တမာပင်အောက်ကနေ လှမ်းအော်လိုက်သည့် မေ့အသံကြောင့်ယုတို့သားအမိသုံးယောက် ခြေလှန်းတွေ အယောင်ယောင်အမှားမှား ဖြစ်ကုန်ရသည်။ သမီးငယ်ဝါဆိုရဲ့ ဆတ်ခနဲ့ တုန်သွားသော လက်ကို ယုခံစားမိလိုက်သည်။ ကလေးနှစ်ယောက်ကို လက်တဖက်ဆီက ဆွဲထားသော ယုမှာလည်း ခြေလှန်းတွေ မလှုပ်နိုင်အောင် နေရာမှာတင် ရပ်နေမိဆဲ။
"ကျူရှင်ကပြန်လာတာပေါ့ မေရဲ့ မမယုသွားကြိုလိုက်တာ မေ့ဆိုင်ကိုတောင်ဖုန်းဆက်ပြောလိုက်သေးတယ် ကောင်မလေးတွေပြန်မပြောဘူးလား"
မူမပျက် ချေပလိုက်သော်လည်း ကြာကြာမျက်နှာချင်းမဆိုင်နိုင်သည့် အကြောင်းများကြောင့် ကလေးနှစ်ယောက်ကို လက်ဆွဲကာ အိမ်ထဲ ဝင်ဖို့ပြင်သည်။ သို့သော် ခြေလှမ်းသွက်သည့် မေက သူတို့နားလျှောက်လာပြီး ရှေ့ကနေ ပိတ်ရပ်လိုက်သည်။ ထို့နောက် ကလေးတွေနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် ထိုင်ချလိုက်ပြီး အရင်ဆုံး ဝါဆိုနဲ့ အကြည့်ချင်းဆုံအောင်ကြည့်နေသည်။
"ဝါဆိုမိုး မေ့ကိုကြည့်စမ်းပါဦး"
သမီးကို မေက အမြဲတမ်း နာမည်အရင်းခေါ်လေ့မရှိတာကြောင့် ယု အလိမ်တွေပေါ်ကုန်ပြီလားလို့ ထင်မိလိုက်သည်။ သမီးက သူ့ကို အရင်မော့ကြည့်ပြီးမှ မေ့ကို မျက်နှာချင်းဆိုင်လိုက်သည်။မရဲတရဲ အမူအယာလေးနဲ့ပေါ့။
"ဒီနေ့ကျောင်းမှာ အဆင်ပြေရဲ့လား ဝါဆို"
သမီးငယ်လက်က ချွေးစေးတွေထွက်နေတာကို ယုခံစားမိသည်။
"ဟို ပြေ ပြေပါတယ် မေ သမီးတို့ကျောင်းမှာ အဆင်ပြေပါတယ်"
"ဟုတ်လား .....အင်း မောင်"
သမီးရဲ့ အဖြေကို ခေါင်းညိတ်ကာ သံယောင်လိုက်ပြီးမှ ဆတ်ခနဲ မောင်လို့ခေါ်လိုက်သူကြောင့် ယုတို့ တရားခံသုံးယောက်လုံး လန့်သွားသည်။ ယုလက်ထဲမှာ ကိုင်ဆွဲခြင်းခံထားရသည့် လက်လေးတစ်ဖက်ကို မောင်က ဖြုတ်ချကာ မေ့ရှေ့မှာ သတိအနေအထားနဲ့ ရပ်နေသည်။
أنت تقرأ
တိမ်ခိုးလေနှင်(Normal)
عاطفيةတိမ်ခိုးတိမ်စိုင်တွေဟာ လေပြေညင်းကနှင်ရင် အဝေးသို့လွင့်လို့ ကွယ်ပျောက်ရတယ်