28(Unicode)

99 7 0
                                    

အပိုင်း(၂၈)

ဓါတ်ပုံဟောင်းလေးတစ်ပုံဟာ အတိတ်က မှားခဲ့သမျှရဲ့ အဖြေဖြစ်နေလေတော့ သူ့မှာ ယူကျုံးမရဖြစ်ရုံက လွဲလို့ ဘာများ ပျော်နိုင်ဦးမှာလဲ။ မရင့်ကျက်တဲ့အချိန်တုန်းက အချစ်ဆိုတာကို ဘာမှန်းမသိ တခြားတဖက်ရဲ့ ခံစားချက်တွေကို ထည့်မတွက်ခဲ့သူက အခုချိန်မှာ သွေးသားရင်းကိုတော့ သူ့လိုမဖြစ်စေချင်။ ဘာကြောင့်ရယ်မှန်းမသိ ဒီကောင်လေးကို ဘောစ့်ဆီမှာ စတွေ့တုန်းက တမျိုးတမည်သော ခံစားချက်လေးနဲ့ ရင်းနှီးနေခဲ့တာ။ အခုတော့ နှစ်နှစ်ဆယ်သော အချိန်တွေဆီက အမှားတစ်ခုက ဒီကောင်လေးဖြစ်နေတယ်တဲ့လား။ လွတ်လပ်မှုဆိုတဲ့ စကားလုံးကို ကိုင်ဆွဲလို့ တစ်ညတာ မှားမိတဲ့ မိန်းကလေးကို မျက်ကွယ်ပြုခဲ့တာ အခုလို နောင်တရမယ်လို့ဘယ်ထင်မိမှာလဲ။

"ဦးလေးက ဘာလို့ဒီရောက်နေတာလဲ မေခေါ်ထားလို့လား ဒါနဲ့ မေ ဘယ်ရောက်နေလဲ"

အိပ်ယာနိုးစအချိန် သူ့ကို ရုတ်တရက်တွေ့လိုက်ရတဲ့ သားဖြစ်သူက အံ့အားသင့်နေပုံရသည်။ တခါနှစ်ခါတွေ့ဖူးထားလို့ ဘောစ့်ဆီမှာ သူအလုပ်လုပ်မှန်းတော့ သားက သိပုံရသည်။ တစ်ခန်းဝင်တစ်ခန်းထွက် ရှာလို့မတွေ့တော့ ဖုန်းဆက်ဖို့လုပ်နေတဲ့ သားဖြစ်သူမှာ မျက်နှာလေးလည်း မကောင်းတော့။ တော်သေးတာပေါ့ သားက သူနဲ့မတူဘဲ ချစ်ခြင်းမေတ္တာကို အလေးထားသူတစ်ယောက်မို့။ ဖုန်းခေါ်မရလေတော့ ဆောက်တည်ရာပျက်ချင်လာတဲ့ အမူအရာကို သူမမြင်ချင်တာမို့ သားကို စကားစဖို့ ကြိုးစားလေပေမယ့် ဆို့နင့်နေတဲ့ စိတ်ကြောင့် နှုတ်က အသံဟာ တော်တော်နဲ့ ထွက်မလာ။

"ဦးလေးသိတယ်မလား မေ ဘယ်ရောက်သွားတာလဲ ကျွန်တော့်ကို မြန်မြန်ပြောပါဦး"

အနားကိုရောက်လာကာ စိုးရိမ်တကြီးမေးရှာသည်။

"ဘောစ့်က မှာသွားပါတယ် သူတစ်နေရာကို သွားစရာရှိလို့ သား အဲ့ ကောင်လေးကို စောင့်ရှောက်ပေးဖို့တဲ့"

"မေက ဘယ်သွားတာလဲဟင် ကျွန်တော့်ကိုရော ဘာလို့ပြောမသွားတာလဲ"

တကယ်ပဲ ဒီကလေးတွေကို သူ ဘယ်လိုလုပ်ပေးလိုက်ရမှာပါလိမ့်။ တစ်ယောက်ကလည်း ကိုယ့်ဖြစ်တည်မှု့ကိုတောင် မမှု့ဘဲ စောင့်ရှောက်ပေးချင်တယ်။ နောက်တစ်ယောက်ကလည်း ဖဝါးထပ်ချပ်မကွာ အေးအတူပူအမျှရှိချင်တယ်။ သူဘာကို ရွေးရပါလိမ့်မလဲ။ စာထဲကနေ အမှာပါးသွားသလို ကံကောင်းလို့ပြန်တွေ့ခဲ့တဲ့ ဒီသားဖြစ်သူကို ဘေးကင်းရန်ကွာရှိမယ့်နေရာကို ခေါ်သွားသင့်သလား။ ဒါမှမဟုတ်.........

တိမ်ခိုးလေနှင်(Normal)Donde viven las historias. Descúbrelo ahora