(4)Unicode

236 12 1
                                    

"ဒီကလေးဟာ မေ့ဘဝခရီးလမ်းမှာ အများကြီး အရေးပါလာလိမ့်မယ် အချစ်တွေလည်းပေးပါ မေတ္တာတွေလည်းထားပါ မေပေးသလောက်ပြန်ရလိမ့်မယ်"

ကောင်လေးပေါက်စကို သွားခေါ်တုန်းက ဆရာမကြီးက မေ့ကို ပြောခဲ့တဲ့ ဆုံးမစကားမမည်သော ဆုံးမစကား။ တကယ်တော့ အဲ့ဒီတုန်းက ဆရာမကြီးရဲ့ စကားကို မေ လုံးဝ နားမလည်တာတော့ မဟုတ် သို့ပေမယ့် အပြည့်အဝ နားထောင်ဖို့လည်း မရည်ရွယ်ခဲ့ပါ။ မေ ပေးနိုင်သလောက်ပေးမယ် ဘယ်အရာကိုမှ ပြန်ရဖို့ မလိုလားပါ။ မေဟာ ပြတ်သားရတာကို ကြိုက်တယ်။ ကိုယ့်ဘက်က ပေးနိုင်သလောက်ပေးမှာ တုံ့ပြန်တာ မတုံ့ပြန်တာက သူတို့သဘော။

"သားသားက ချစ်စရာကောင်းလိုက်တာ ကြည့်ပါဦး မေ မျက်လုံးလေးတွေများ နက်မှောင် ဝိုင်းစက်လို့"

"ကလေးတိုင်းက အဲ့လိုပါပဲ မျက်လုံးအိမ်က မွေးကတည်းက အဲ့ဒီပမာဏပဲ အသက်ကြီးသွားတဲ့အတိုင်း မပြောင်းဘူး မျက်ခွံတွေကသာ ကျဉ်းသေးလို့ ဝိုင်းစက်နေတယ်လို့ထင်ရတာ"

"ခြေဆံလက်ဆံကလည်းရှည်သွယ်သွယ်လေးတွေသိလား မေ သားသားက လူချောပဲ ကြီးရင် မော်ဒယ်လုပ်ခိုင်းရမယ်"

"အသက်ကြီးလာရင် အရပ်အမောင်းက ပြောင်းသွားနိုင်တာပဲ ရုပ်ရည်ရောပဲ ပြောင်းနိုင်တယ်"

"အော် အင်း အင်း ဒါနဲ့ မေ ချီကြည့်ပါလား"

"မေ ကလေးမချီတတ်ဘူး မမယုသာ အလေ့အကျင့်လုပ်ထား"

ကားနောက်ခန်းမှာ မေနဲ့ယုက ထိုင်နေကာ ပေါက်စလေးကတော့ ယုပွေ့ထားသည့် အတိုင်းပါလာသည်။ ဘုရားစူးနော် ကလေးလေးကို မွေးစားလိုက်တယ်ပြောသေး တခါမှ ချီပွေ့ခြင်းမရှိသည့် မေ့ကို ယု အံဩမိသည်။ ကလေးကို သံယောဇဉ်တွယ်ပါစေရဲ့လို့ ကြိုးစားကြည့်ပြန်တော့လည်း အရာမထင်။ မြင်ယောင်ပါသေးရဲ့ ယုနဲ့ ဒီကလေးတွေသာ နှစ်ပါးသွားရမယ်ဆိုတာ။

အိမ်ကို ရောက်ပြန်တော့လည်း ယုလက်ထဲက ကလေးကို လှည့်လို့ပင် မကြည့်သည့် မေ။ အိမ်အကူ အဒေါ်ကြီးကိုသာ လိုအပ်တာများ ညွန်ကြားနေလေသည်။

"မမယုက မပေါ့မပါးနဲ့ဆိုတော့ ကူဖော်လောင်ဖက် ကလေးမလေးတစ်ယောက်လောက် ဒေါ်ကြီးက ရှာပေးပါ"

တိမ်ခိုးလေနှင်(Normal)Donde viven las historias. Descúbrelo ahora