(30)Zawgi

26 0 0
                                    

အပိုင်း(၃၀)အကျဉ်းချုံးကျင်းပသည့် ဧည့်ခံပွဲမို့ ပြင်ပဧည့်သည်တွေသိပ်မရှိနေတာကို မေ နည်းနည်းတော့မကျေနပ်ပါ။ "မေ အရမ်းလှတယ်" ဆင်စွယ်ရောင် mermaid Gownလေးက တကယ်ကို လိုက်ဖက်တာ။ ခဏချင်းပြင်ဆင်ထားတာနဲ့တော့မတူ အကုန်လုံးက နေရာတကျရှိလှသည်။ မေ့လက်ကို ကိုင်စွဲလို့ အနည်းကျဉ်းသော ဧည့်သည်တော်တို့ကို လိုက်လံဧည့်ခံနေသည့် ရှင်းနေရောင်ဟာလည်း တကယ်ကို ပျော်နေသလို။ "ကိုယ့်ဘဝရဲ့ အလှပဆုံးနေ့ရက်လေးက မင်းကို အပိုင်ရတဲ့နေ့ပဲ မေရယ်" မေ့ခါးကို မလွတ်တမ်းဖက်ထားရင်း ဒီစကားကို ထပ်ခါထပ်ခါပြောနေသည့်သူ။ ဘာမှထူးခြားစွာမတုံ့ပြန်တော့ သိပ်ကျေနပ်ပုံမရ။ "ဘာလဲ မေ ဟိုကောင်လေးကို အခုထိမပြတ်နိုင်သေးတာလား" "သိရင်လည်း ဘာလို့လာမေးနေတာလဲ" "မေ လိမ်လိမ်မာမာနေစမ်းပါ အခုကစလို့ ကိုယ်တို့က လက်ထပ်စာချုပ်မှာလည်း လက်မှတ်ထိုးပြီးပြီ တစ်လောကလုံးကိုလည်း သိအောင်ကြေညာပြီးတဲ့ အကြင်လင်မယားတွေဖြစ်နေပြီ ဘာကို မပြတ်မသားဖြစ်နေတာလဲ" မေ ပြန်မဖြေဘဲ မျက်စိရှေ့က တီးဝိုင်းမှ အဆိုတော် သီဆိုဖျော်ဖြေနေတာကိုပဲ ကြည့်နေလိုက်သည်။ "သေချာမှတ်ထားနော် မင်းအဲ့လိုဖြစ်နေရင် အဲ့ဒီကောင်လေးကို လိုက်ရှာပြီး လက်စဖျောက်ခိုင်းလိုက်မှာ" ဒီလိုမှပဲ အသစ်စက်စက် သတို့သမီးက သူ့ကို စူးစူးရဲရဲ ကြည့်လာသည်။ "စိတ်လျော့မှပေါ့ လူကြီးမင်းရယ် အခုပဲမေ့ကို ရနေပြီပဲဟာ နော် ..."မျက်နှာချင်းဆိုင်အနေထားကနေ ရင်ချင်းအပ်လို့ ရှင်းနေရောင် လည်တိုင်ကို သိုင်းဖက်ကာ ပြုံးရယ်လို့ ချွေးသိပ်ပြန်သူ။ "ရှင်ပဲပြောတယ်လေ ဒီနေ့က ဘဝမှာအပျော်ဆုံးနေ့ဆို အဲ့တော့ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ပူပန်နေရမှာလဲ ဟမ် ပျော်ပျော်နေရအောင် ကျွန်မလည်း ဘယ်လိုပဲ သဘောမကျတဲ့ လက်ထပ်ပွဲပေမယ့် မိန်းမသားမို့ တသက်မှာတစ်ခါဆောင်ရတဲ့ ပွဲမှာ ပျော်ချင်တယ်" ရှန်ပိန်ခွက်လေးကို လက်ထဲထည့်ပေးရင်း မပျော်ရွှင်နိုင်သူကြီးအား ဖျောင့်ဖြရပြန်သည်။ ရှန်ပိန်အရသာ ချိုမြမြက လျှာဖျားထက်မှာ ပျော်ဝင်သွားသလို သတို့သမီးလေးရဲ့ အနမ်းအားမြည်းစမ်းကြည့်ချင်သူမို့ နှုတ်ခမ်းဖျားထက်ဆီ အနမ်းခြွေဖို့ ရှေ့တစ်လှမ်းတိုးလိုက်လျှင် "ဘယ်လိုဖြစ်နေတာလဲ ဧည့်သည်တွေရှိသေးတာကို" ရှက်ပြုံးလေးနဲ့ တွန်းထုတ်နေသူ သတို့သမီးအား ခါးဆီမှ ပြန်ဆွဲထားရင်း ရှင်းနေရောင် ခပ်ထွေထွေရယ်လိုက်မိသည်။ ရှက်နေတာနေမှပေါ့။ "အဲ့တာဆို ဧည့်သည်တွေပြန်သွားရင်ရော" "ရှင့်စိတ်ကြိုက်ပေါ့ ဒါလင်" အပြုံးတွေ အပြုံးတွေ ဖောဖောသီသီနဲ့ ဒီနှစ်ယောက်ရဲ့ ညနေခင်းမှာ မြင်သူတကာတိုင်း အားကျရလောက်ပါရဲ့။ သီးသန့် ရွေးဖိတ်ထားတဲ့ ဧည့်သည်တွေကလည်း မကြာခင် စဲသွားလေသည်။ အိမ်ကြီးတစ်အိမ်လုံးမှာ မြို့တော်ဝန်ရဲ့ တပည့်လက်သားတွေရယ် အခမ်းနားပြင်ဆင်တဲ့ သူတွေသာရှိတော့သည်။ လူရင်းတွေပဲကျန်တော့တာမို့ ရှင်းနေရောင်မှာ သူ့ကိုလာဂုဏ်ပြုတဲ့တပည့်တွေကို သေချာကျေးဇူးတင်ကြောင်းပြန်ပြောနေရလေသည်။ သူ့သတို့သမီးလေးကတော့ မသိမ်းသေးတဲ့ တီးဝိုင်းနားမှာ ရှန်ပိန်ခွက်ကိုင်လို့ စည်းချက်ကျကျကို ကနေလေရဲ့။ တစ်ယောက်တည်းယိမ်းနွဲ့နေတဲ့ ပုံစံလေးဟာ ဘယ်သူမဆို ပစ်မှားချင်စရာလေးမို့ သူ့မှာစိတ်ချနေလို့မဖြစ်။ "မင်းတို့ အေးအေးဆေးဆေး နေကြတော့ စိတ်ကြိုက်သောက်ကြ" တပည့်တွေကို စကားဖြတ်လို့ တစ်ယောက်တည်းကဲနေသူ အမျိုးသမီးလေးနား သူအပြေးသွားရသည်။ အနားရောက်တော့ သူ့ကို ပြုံးပြပြီး လက်ထဲက ရှန်ပိန်ခွက်ကို ကမ်းပေးပြန်သည်။ "အတူတူကမလား ဒါလင်" "အင်း ကမယ်လေ ဒါပေမယ့် အိပ်ယာပေါ်သွားကကြတာပေါ့ မေရဲ့" ကိုယ်တိုင်လည်း အယ်လ်ကိုဟော အရှိန်ကြောင့်မူးနေတာမို့ ရှင်းနေရောင် တစ်ချက်ပွေ့ဖက်မှု့မှာပဲ မေက အလိုက်သင့်ပါလာသည်။ "နေပါဦး နေပါဦး ရှင်းနေရောင်ရဲ့ ခဏ" သူ့လက်ကို အတင်းကာကာငြင်းပြန်သည်။ "ငါ conductor ကိုသီချင်းတစ်ပုဒ် တောင်းထားတယ် နော် အဲ့တာပြီးမှသွားကြစို့" အရင်က ဂီတဆို ချိုမိုင်မိုင်တောင် စိတ်မဝင်စားသူက အခုမှ သူ့ကို ရှောင်ချင်လို့ အချိန်ဆွဲနေမှန်း ရှင်းနေရောင် သဘောပေါက်ပါသည်။ "နော်လို့ အတူကရအောင်လေ နော်" ကသစ်မေဟာ ဒီလိုပဲ မချွဲမနွဲ့ဘဲနဲ့တောင် ပြိုလဲချင်စရာကောင်းတာကို ပညာကုန်တွေထုတ်သုံးလို့နေပြန်ပါပြီ။ ဒီလူမှာ ဘာများတတ်နိုင်မှာမို့လဲ။ လိုက်လျောရတာပေါ့။ သူ့ပခုံးပေါ်ကို အတည်အတကျရောက်လာတဲ့ လက်သွယ်သွယ်လေးတွေရဲ့ ပိုင်ရှင်ကို ရှင်းနေရောင် လက်လွှတ်ပေးစရာလား။ ခါးသွယ်သွယ်ကို နေရာတကျရောက်သွားတဲ့ သူ့ရဲ့ ပိုင်ဆိုင်လိုမှုတွေကို အထင်းသားမြင်ရတွေ့ရမှာအသေအချာ။ သာယာစွာထွက်ပေါ်လာတဲ့ သံစဉ်တွေကြား သူတို့နှစ်ယောက်လည်း စည်းချက်ကျကျ လှုပ်ရှားလိုက်သည်။ အများအမြင်မှာ....မဟုတ်ဘူး ဘယ်သူမြင်မြင် ဒီမင်္ဂလာပွဲဟာ အောင်အောင်မြင်မြင်ပြီးမြောက်သွားပြီလို့ပေါ့နော်။ "မေ မှတ်မိလား ဟိုအရင်တုန်းက ကိုယ့်ရဲ့ မြို့တော်ဝန်ရွေးကောက်ပွဲအနိုင်ရတဲ့ ညကလေ မင်းနဲ့ အတူဒီလို ကဖူးတာပဲ" အမှတ်တရတွေဆိုတာ ပျော်ဖူးသူကပဲ မှတ်မိတာပါ။ "ဟုတ်လား" "မေ မမှတ်မိတော့ဘူးလားဟင် ကိုယ်ကတော့ အမြဲသတိရနေခဲ့တာ အဲ့ဒီအချိန်တွေက လုံးဝကို ကိုယ့်အတွက် အကောင်းဆုံးဖြစ်ခဲ့ဖူးတာ" "အခုအခိုက်တန့်ကိုလဲ ရှင် အမြဲတမ်းမှတ်မိနေမှာ အသေအချာပဲ" "ဒါ‌ပေါ့ မေရဲ့ ကိုယ့်ဘဝရဲ့ အဓိပ္ပါယ်အရှိဆုံးနေ့ပဲလေ" "အဟွန်း ဟုတ်တာပေါ့" မေက သူ့ပခုံးပေါ်မှာ မေးဖျားလေးထောက်ကာ မှီထားရင်း ပြန်ဖြေနေလေသည်။ တီးဝိုင်းက သံစဉ်ဟာလည်း အဆက်မပြတ် ထွက်ပေါ်လာနေသည်။ "ရှင်းနေရောင် ဒီသီချင်းကိုသိလား" "သီချင်း ဟင့်အင်း ကိုယ်က စိတ်မှမဝင်စားတာ မေရောသိလား" "Candle in the windတဲ့ ဘယ်လိုလဲ နားထောင်လို့ကောင်းလား" စာသားမပါဘဲ သံစဉ်သပ်သပ်တီးခတ်နေတာကြောင့် ကောင်းလားမကောင်းလား တကယ်တော့ရှင်းနေရောင်မသိ။ သေချာနားစိုက်ထောင်မှ ဒါက အရမ်းကို ဆွေးမြေ့နေလိုပဲ။ "တစ်ခုခုက ဝမ်းနည်းစရာကောင်းသလိုပဲ မေရဲ့" "အဟင်း ဝမ်းနည်းရမှာပေါ့ ဒါက funeral songလေ" မေက သူ့ရင်ခွင်ထဲကနေ မော့ကြည့်ရင်း ပြုံးစစနဲ့ဖြေလာသည်။ "ဘာကိုစနေရတာလဲကွာ မေ မနောက်စမ်းပါနဲ့" "တကယ်ပြောတာ ဒါက အသုဘတမ်းချင်းတစ်ပုဒ်ပဲ" "အိုးဒါဆိုလဲ ဘာလို့ ဖွင့်ခိုင်းနေတာလဲ ကျက်သရေမရှိအောင် မေရာ" ကသစ်မေက သူ့လည်တိုင်ကို လက်နှစ်ဖက်နဲ့ ချိတ်တွယ်ရင်း ဟက်ဟက်ပက်ပက်ရယ်လေတော့သည်။ "မေ ဘာလို့ရယ်နေတာလဲ အမူးလွန်နေပြီလား" မျက်ရည်ထွက်အောင်ထိကို ရယ်နေသော မေ့ကို ရှင်းနေရောင် နည်းနည်းစိတ်တိုလာချင်သည်။ တစ်နေ့လုံးကောင်းနေတာကို အခုမှ ဘာရွဲ့ဦးမလို့လဲ။ အပေါ်ထပ်ကို သွားဖို့ မေ့ကိုယ်လေးကို ထိန်းပေးတော့ သူ့လက်ကို ပုတ်ချသည်။ ဒါ့ကြောင့် နှစ်ယောက်စလုံး လူချင်းကွာသွားကြသည်။ ရှင်းနေရောင် တကယ်ကို စိတ်ပျက်လာသည်။ ကြားထဲ တီးဝိုင်းကလည်း စပရှယ်တွေ လက်စွမ်းပြကာ ဒီကျက်သရေမရှိတဲ့သီချင်းကြီးကို ဆက်တီးနေသည်။ "ဟား ဟား ဟား ရှင်းနေရောင် ရှင်းနေရောင် ရယ်ရတယ်ကွာ" "ကသစ်မေ မင်း မူးနေရင်လည်း မရစ်နဲ့တော့ကွာ သွားနားရအောင်" သူ့ကို ဂရုမစိုက် ခပ်လှမ်းလှမ်းက စားပွဲပေါ်မှာရှိနေသည့် ဝိုင်ခွက်ကို သွားယူနေသည့် ကသစ်မေ။ ပြီးတော့ ဝိုင်တစ်ငုံသောက်လိုက် တီးလုံးသံအတိုင်း လိုက်ကလိုက်နဲ့ သူ့ကိုပင် လှောင်နေသေးသည်။ သည်းမခံနိုင်တော့တာမို့ ရှင်းနေရောင် ကသစ်မေထံသွားထိန်းဖို့ ပြင်လိုက်တော့"ရှင်းနေရောင် Funeral songက ဘယ်ချိန်မှာ ဖွင့်လဲသိလား ....ဟား ဟ အသုဘလေ အသုဘမှာဖွင့်တာပေါ့" "မေ ဘာဖြစ်နေတာလဲ" "ဘာဖြစ်နေတာလဲဆိုတော့ ပျော်လို့လေ နင်သေတော့မှာကို ပျော်လွန်းလို့ပေါ့ ရှင်းနေရောင်ရဲ့ ကြည့်စမ်း ဘယ်လောက် လိုက်ဖက်လဲ သံစဉ်လေးနဲ့ ပူပူနွေးနွေး အသုဘပွဲလေး" "မင်း.... မင်း ဘာတွေပြောနေတာလဲ" ရှင်းနေရောင် ဒေါသထွက်စွာ ကသစ်မေထံ လျှောက်သွားလိုက်သည်။ ခြေလှမ်းကျဲကြီးတွေနဲ့ တစ်လှမ်း...နှစ်လှမ်း ရှိသေး ရင်ထဲက လှိုက်တက်လာသည့် ပူပြင်းစူးရှမှု့နဲ့ လည်ချောင်းဆီမှ ပါးစပ်ထံသို့ ဆန်တက်လာသည့် သွေးတစ်ပွက်ဟာ ချင်းချင်းနီသွားလေသည်။ "ဒါ ဒါ ဘယ်လိုဖြစ် အွတ် ....အော့ အဟွတ်" မေးခွန်းလေးပင် မဆုံးလိုက် နောက်ထပ်တစ်ပွက်အန်လာသော သွေးပွက်ကြောင့် ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားရသည်အထိ။ ဒိုင်း ဒိုင်း ဒိုင်း အဆက်မပြတ်ကြားလိုက်ရသော သေနတ်သံတွေကြောင့် ခေါင်းထောင်ကြည့်လိုက်တော့ မလှမ်းမကမ်းမှာ စားသောက်ပွဲကျင်းပနေသည့် သူ့တပည့်တွေထံမှဖြစ်နေသည်။ "မင်း မင်း ဘယ်လိုလုပ်ထားတာလဲ" "Surprise ဒါလင် အဟွန်း ....အံ့ဩသွားလား ကြည့် ရှင့်လူတွေ တစ်ယောက်မှ မရှိတော့ဘူး မကြာခင် ရှင့်လည်း သူတို့နောက် လိုက်သွားရတော့မှာ" ဝိုင်ခွက်လေးကို လှလှပပကစားနေရင်း မတ်တပ်ပင် မရပ်နိုင်တော့သည့် သူ့ထံ ကသစ်မေက ငုံ့ကြည့်ရင်းပြောသည်။ ဟုတ်သည် ။ ပြန်ခုခံချိန်မရလောက်အောင်ပင် အပစ်ခံလိုက်ရသည်က ရှင်းနေရောင်လူတွေသာဖြစ်နေ၏။ ဒါတောင် သူတို့ နှစ်ယောက်ကြားကနေ လွတ်ပြီး တစ်အိမ်လုံး သေနတ်သံတွေ မစဲသေး။ လုံးဝယုံကြည်စိတ်ချလို့ ရသည့် တပည့်ကျော် ဂျိတ်နဲ့ တခြားလက်ရွေးစင်အဖွဲ့တွေက ပစ်ခတ်နေကြတုန်းပင်။ သေချာကြည့်လိုက်တော့ စားဖိုဆောင်နဲ့ ဝိတ်တာဝတ်စုံဝတ်ထားသူတွေ၊ အခမ်းနားပြင်ဆင်ဖို့တာဝန်ယူထားသူတွေဖြစ်နေသည်။ ရှင်းနေရောင် သေချာစီမံထားသည်ကပင် ကသစ်မေရဲ့ လှည့်ကွက်ထဲကို တည့်တည့်ရောက်ဖို့ဖြစ်သွားတာပဲ။ မေ့နေတာ ဒီကောင်မလေးက ကျားရဲတစ်ကောင်ဆိုတာ။ "မင်း မင်း ငါ့ကို အဆိပ်ခတ်ထားတာလား" "ဘယ်လိုလဲ ရှန်ပိန်နဲ့ ပင်လယ်ပင့်ကူအဆိပ် အရသာရှိရဲ့လား ရှင်းနေရောင်" မေက သူနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် ဒူးထောက်ထိုင်ရင်း ပြုံးစစ မေးလာသည်။ တကယ့်ကိုပဲ သူလျှော့တွက်မိတာပဲ။ "ဟင်း ကိုယ့်ကောင်မလေးက သိပ်တော်တာပဲ" "ချီးကျူးပေးလို့ ကျေးဇူးပါပဲ သေမှာဖြင့် မြန်မြန်သေတာ့ ဟိုမှာ မောင်က စိတ်မရှည်တော့ဘူးတဲ့" မေ လက်ညှိုးညွှန်ရာကြည့်လိုက်တော့ တပည့်ကျော် ဂျိတ်နဲ့ အပြန်အလှန်သတ်ပုတ်နေတဲ့ ရန်သူတော်ကို ရှင်းနေရောင်မြင်လိုက်ရသည်။ တချက်တချက် သူနဲ့ မေ့ထံ အကြည့်စူးစူးဖြင့် လှမ်းကြည့်တတ်သေးသည်။ တကယ့်ကိုပဲ ချီးကျူးထိုက်ပါပေရဲ့။ "မေ သိလား" ရှင်းနေရောင် ရင်ဘတ်ထဲက ဝေဒနာကို တောင့်ခံထားပြီး မေးလိုက်သည်။ "ပင်လယ်ပင့်ကူဆိပ်က ဘယ်လောက်ထိပြင်းလဲဆိုတာ မေသိရဲ့လား ...."စိတ်မရှည်တော့ဘူးဆိုတဲ့ အကြည့်တွေနဲ့ မေကတော့ သူ့မေးခွန်းကို မဖြေ။ "ဟား ဟား မေမသိသေးတာ တစ်ခုပြောပြမယ် ပင်လယ်ပင့်ကူဆိပ်က တိုက်ရိုက်အဆိပ်မိထားတဲ့လက်ခံကိုယ်ထက် တဆင့်ကူးခံရရင် ပိုပြီး အဆိပ်ပျံ့မြန်တယ်တဲ့" "ဘာ နင်.... အွတ် အွမ်း" နောက်ဆုံးလက်ကျန်အားကို သုံးကာ ရှင်းနေရောင် သူ့ရှေ့က နှုတ်ခမ်းလှလှလေးအား လှမ်းနမ်းလိုက်သည်။ ရုတ်တရက်ဆန်မှု့မှာ မေ မရှောင်နိုင်လိုက်စွာ အနမ်းခံရတာကြောင့် ခြေရော လက်ရောသုံးကာ အပြင်းထန် ရုန်းကန်တော့သည်။ သို့သော် မယုံကြည်နိုင်လောက်အောင် သန်မာနေတဲ့ ရှင်းနေရောင်ရဲ့ နောက်ဆုံးလက်ကျန် အားအင်တွေကို မေ မယှဉ်နိုင်။ ရုတ်တရက် တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းနှစ်လွှာဟာ အကိုက်ခံလိုက်ရပြန်သည်။ တိုးဝင်ဖို့ကြိုးစားနေတဲ့ အဆိပ်သွေးရည်တွေကို အပြင်းထန် ခုခံနေတုန်း မလှမ်းမကမ်းက တစ်ယောက်သော သူဆီကို အားကိုးကာ ကြည့်မိသည်။ မောင် ကယ်ပါဦးကံမကောင်းစွာ ဂျိတ်ဆိုတဲ့ ကြေးစားနဲ့ အသေကျေတိုက်ခိုက်နေရတဲ့ မောင်ဟာ မေ့ထံက အကြည့်တွေကို နားလည်သော်လည်း ချက်ချင်းပြေးမလာနိုင်ခဲ့။ လက်နှစ်ဖက်ကို ချုပ်ကိုင်ပြီး နမ်းနေသည့် ရှင်းနေရောင်ရဲ့ ပါးစပ်ဆီမှလည်း အဆိပ်သွေးတွေက အပြည့်။ "မင်းကို အဲ့လောက်ထိချစ်တာသိရဲ့နဲ့ သစ္စာဖောက်တာ မင်းအပြစ်နဲ့မင်းပဲမေ ကိုယ်နဲ့အတူ တမလွန်ကိုလိုက်ခဲ့" ဒီစကားတွေဟာ နာကျည်းမှု့အပြည့်နဲ့ ရင်ထဲက လာတဲ့ စကားတွေမှန်း မေသိပေမယ့် ကိုယ်တိုင်လည်း ဘာမှမတတ်နိုင်တာလေ။ အခုတော့ အခုတော့ မေရော သေရတော့မှာလား။ ခပ်ဝေးဝေးက ပုံရိပ်လေးက မေ့ထံ အပြေးလာနေခဲ့ပြီ။ဒီလိုပဲ ပါးစပ်ထဲ တိုးဝင်လာတဲ့ အဆိပ်တွေဟာလည်း မေ့သွေးထဲကို တစိမ့်စိမ့်။ ရှင်းနေရောင်ရဲ့ ကိုယ်လုံးကြီးကို တွန်းဖက်ကာ မေ့ကို ပွေ့ဖက်လာတဲ့ ပုံရိပ်လေး။ "တော်သေးတာပေါ့ မောင်ရောက်လာလို့"ပုံရိပ်လေးက မေ့ပါးပြင်ကို လက်လှမ်းသည်။ ရင်းနှီးနေကျ ကိုယ်သင်းရနံ့နဲ့ နွေးထွေးတဲ့ မောင့်ရင်ခွင်ကို ရောက်ပြီပဲ။ မေကဘာကို စိုးရိမ်ပူပန်ရဦးမှာလဲ။ "မောင့်ကို မောင့်ကို .......မောင့်ကို သိပ်ချစ်တာပဲကွယ်"တတိုင်းမွှေး(21/9/23)A/N- တကယ်ပြောတာ လုံးဝ SE မဟုတ်ဘူးရယ်။ မယုံကြဘူးနော်။ ....................................

တိမ်ခိုးလေနှင်(Normal)Where stories live. Discover now