(27)Zawgi

39 2 0
                                    

အပိုင်း(၂၇)ပိုင်ဆိုင်ပြီးရင် ဆုံးရှုံးရမှာ ကြောက်တယ်ဆိုတာ သဘာဝပဲမဟုတ်ပါလား။ ဒီလိုနဲ့ လက်မလွှတ်ရဖို့ အစွမ်းကုန် ကြိုးစားရင် ကာကွယ်ပေးချင်စိတ်က အတူဒွန်တွဲပါလာတာပဲ။ ဒါကို ငယ်ရွယ်သူလေးက နားမလည်။ သဘာဝကိုက လွှမ်းမိုးမှုမခံချင်တဲ့ ယောကျာ်းဘသားဖြစ်နေလေတော့ ဒါလေးကိုပဲ အနည်းငယ်ငြိုငြင်ချင်သည်။ "မေရာ သိပ်စိတ်ပူမနေပါနဲ့ မောင်ကရော ဘာကြောင့်များ ဒီလူကို ကြောက်နေရဦးမှာလဲ မကြောက်လို့တောင် မေ့ကိုအပိုင်ခေါ်လာပြီးပြီကို" ယှဉ်ပြိုင်ချင်စိတ်လေးပေမယ့် ဒီက သူ့ကို ထိခိုက်မှာကိုတော့ မရိပ်မိ။ ငယ်ငယ်တုန်းကလို မျက်ဝန်းဝိုင်းကြီးတွေနဲ့ ချစ်စရာမကောင်းကောင်းအောင် ဖျားယောင်းရင်း မကျေနပ်ကြောင်းတွေ ပြောနေတာများ ဒီကောင်လေးဟာ သိပ်ကို လောဘတတ်ချင်စရာ။ ညနေခင်းမို့ နှစ်ယောက်သားထိုင်နေရာ သစ်သားခုံတန်းဆီသို့ နေရောင်ဖျော့ဖျော့လေးထိုးနေသည်။ ကောင်လေးရဲ့ မျက်နှာတည့်တည့်ပေါ်သို့ကျရောက်နေသော အလင်းရောင်ကို ကာဖို့ မေ ကိုယ်နေဟန်ထားကို ပြောင်းလိုက်ရာ နှစ်ယောက်သား မျက်နှာချင်းဆိုင်ဖြစ်သွားသည်။ "မောင်" "ဟင် ပြောလေ မေ" သစ်သားခုံတန်းရဲ့ နောက်မှီပေါ်ကနေ မေ့ပခုံးပေါ်ကို လက်တွေရောက်လာပြီးဖြေသည်။ အာရုံကတော့ဘာကို ပြောလာမလဲဆိုတာထက် မေ့ဆံသားညိုညိုတွေကို ထိတွေ့ဖို့သာဖြစ်နေပြန်၏။ ပြောပြောဆိုဆို လက်ထဲပွတ်သပ်ဆော့ကစားခြင်းခံလိုက်ရတဲ့ ဆံနွယ်တွေ။"တစ်နေရာကိုအတူသွားကြမလား" မျက်လုံးတစ်ချက်လှန်ကြည့်ကာ ...."ခရီးထွက်ချင်လို့လားဟင်" "အဲ့လိုလည်း မဟုတ်ပါဘူး မေတို့ တစ်နေရာကို သွားနေကြမလား၊ ဘယ်သူမှ မသိနိုင်တဲ့ နေရာ ဘယ်သူ့ကိုမှ မသိတဲ့ နေရာစိမ်းတစ်ခုခုပေါ့" "မေ ...မောင် မေးမယ်"ဒီတခါတော့ ဆံနွယ်တွေကို ဆော့ကစားနေတဲ့ လက်တွေဟာ ရပ်သွားပြီး မေ့ လက်ဖဝါးကို ခပ်ဖွဖွ ဆုပ်ကိုင်လာသည်။ အကြည့်ချင်းဆုံခိုက် လေးနက်မှုတွေကို တွေ့ရသည်။ "မောင်နဲ့ ပတ်သတ်ရင် ရှက်ရသလား ...ဟင် မောင့်ကို လက်တွဲရလို့ ရှက်စရာဖြစ်နေသလားမေ မောင့်ကို အမှန်တိုင်းဖြေပေးပါ" ဒါက လေးနက်မှု့သပ်သပ်သာမဟုတ်။ "ငါက ဘယ်သူ့ကိုမှ ဂရုစိုက်တတ်တဲ့သူမဟုတ်တာ ဘာကို ရှက်ရမှာလဲ တန်ခူးမောင် ငါ့ကို မယုံတာလား" "အဟင်း ....မောင်က မေ့ကို အကြွင်းမဲ့ယုံပါတယ် ဒါပေမယ့် မေကသာကိုယ့်ကိုကိုယ်မယုံတာ ဖြေပါဦး မေရဲ့ အခုတလော မေနည်းနည်းထူးဆန်းနေတယ် ဘာတွေကနေ ရှောင်ပြေးချင်နေတာလဲ" အဲ့လိုဖြစ်သွားလား ကိုယ်တိုင်တောင်မသိ။ "ကြည့်မေ ချက်ချင်းမဖြေဘူး ပြောစမ်းပါ မောင့်ကို ...ဘာတွေထပ်ပြီး ဖြစ်နေတာလဲလို့" အတွေးနဲ့ ခဏငြိမ်သွားမိတာကို ဒီကောင်လေးက အကဲခတ်တော်လွန်းလှသည်။ ဒီအတိုင်း မသိချင်ယောင်ဆောင်နေလိုက်တာပဲကောင်းပါတယ်လေ။ "မဟုတ်ပါဘူး ငါဒီတိုင်းအတွေးလွန်နေတာပါ ဘာမှမဖြစ်ဘူး" လိမ်လို့မပီပြင်နိုင်မှန်းမသိသာစေရန် မေ ရှေ့က ရင်ခွင်ကျယ်ကြီးထဲ တိုးဝင်ကာ မျက်နှာကို ဖွက်ထားလိုက်သည်။ "မောင့်ကို ယုံကြည်ပါ အားကိုးပါ ဒါဟာ လက်တွဲဖော်ယောက်ျားတစ်ယောက်အနေနဲ့ နေရာလိုချင်လွန်းလို့မဟုတ်ဘူး ...မေ ပင်ပန်းမှာစိုးလို့ မှတ်ထားပါ အခု မေ့ဘဝမှာ မောင် ရှိနေပြီလေ" နွေးထွေးတဲ့ ရင်ခွင်ပိုင်ရှင်ဟာ ဒီလိုကတိတွေဆိုပြန်တော့ လုံခြုံလိုက်တာဆိုတဲ့ အတွေးနဲ့တင် မေ့မှာ စိုးရိမ်ပူပန်မှုတွေ လျော့ရပါသည်။ "ဒါပေမယ့် ငါအတည်ပြောတာ မောင် ....တစ်နေရာမှာ အေးချမ်းတဲ့ တစ်နေရာမှာ ငါတို့ကို ဘယ်သူမှမနှောင့်ယှက်နိုင်တဲ့ တစ်နေရာမှာ မောင်နဲ့ အတူနေချင်တာ ငါ့ဆန္ဒပါ" ရင်ခွင်ထဲကနေ မေ မျက်နှာလေးမော့ကာ ပြောလိုက်တော့ မောင့်မျက်ဝန်းနက်နက်တွေဖြင့် ဆုံသည်။ ပြီးတော့ မေ့နဖူးပြင်ပေါ်ရောက်လာသည့် အနမ်းနုနုလေးတစ်ပွင့်။ "မေ့အလိုတိုင်းပါဗျာ မောင်က မေနဲ့သာဆိုရင်ငရဲဖြစ်ဖြစ် နိဗ္ဗာန်ဖြစ်ဖြစ် အဆင်ပြေပါတယ်" ဒီလိုစကားတွေလည်းပြောတတ်ပြန်ရဲ့။ ချိုသာစွာ နှလုံးသားထဲ စီးဆင်းသွားတဲ့ စကားချိုချိုတွေကြောင့် မေ အနမ်းတစ်ပွင့်ဆုချလိုက်သည်။ ပါးချိုင့်တွေဖြစ်ပေါ်လာစေသည့် နှုတ်ခမ်းလှလှတစ်စုံဟာ မေ့ကျုးကျော်မှု့ကို ခံနိုင်ရိုးလား။ "မောင် ငါ့ကို ဘာလို့မနမ်းတာလဲ" "ဟင် နမ်း...နမ်းပါတယ်" ရှက်သွားပြန်တဲ့ ဒီကောင်စုတ်လေးဟာ မေနဲ့ အကြည့်ချင်းမဆုံနိုင်ပြန်။ "ဘာလဲဟာ နဖူးပဲ နမ်းနေတာ ငါက ကလေးလားလို့" "အဲ့တာက ..."ထပ်ပြီးတော့ တွေဝေနေပြန်တာ။ တန်ခူးမောင်တို့ သွက်တဲ့နေရာသွက်ပေမယ့် တကယ့်နေရာတွေကျလိုသေးသည်။ ဒါမှ မဟုတ် ဘာကိုစိုးရိမ်နေပြန်တာလဲ။ "ငါမောင့်ကိုသင်ပေးမယ်"မငိုက်တငိုက်ကျနေတဲ့ မောင့်မျက်နှာကို ဆွဲမော့ယူကာ မေကပဲ အနမ်းတို့ ပေးလိုက်သည်။ နှုတ်ခမ်းသားနှစ်စုံရဲ့ ပြင်းပြတဲ့ အနမ်း။ မောင်ဟာ ပထမတော့ အံ့ဩသွားပေမယ့် နောက်တော့ ....အင်းနောက်တော့ အဆင်ပြေပြေပါပဲ။ အတော်ကြာအောင် ဖလှယ်ခဲ့တဲ့ ပြင်သစ်အနမ်းကြမ်းကြမ်းကြောင့် မောဟိုက်လာမှ နှစ်ယောက်သား ရပ်တန့်ဖြစ်တော့သည်။ "သိလားမောင် နောက်ဆို အဲ့လိုနမ်း ငါကြိုက်တယ်" "အဟွတ် အွတ်" မေ့စကားကြောင့် အရှက်လွန်ကာ ကြို့တွေထိုးပြီး ထွက်ပြေးသွားရသူက နှစ်ယောက်မရှိတဲ့ အိမ်က စနေသား။ သဘောတကျ တဟားဟားအော်ရယ်ရင်း ကျန်ရစ်ခဲ့ရသူက မေသာဖြစ်တော့သည်။ ဆည်းဆာရိပ်ရယ် အနမ်းချိုချိုရယ် အခုမှ အစပျိုးနေသေးတဲ့ နုနုငယ်ငယ်အချစ်တို့သည် လိုက်ဖက်ပေစွ။ ........................................................."သိပ်ကို ပျော်နေသလားချစ်ရသူ ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ရဲ့ ရင်ခွင်မှာလေ" ဓါတ်ပုံတွေဟာ လုံးချေခံထားရတာကြောင်း သိသာစွာ တွန့်ကြေလျှက် နောက်တကြိမ် ကြမ်းပြင်ပေါ် ပစ်ချခံရပြန်သည်။ ပြောသားပဲ ကသစ်မေ ဘယ်နေရာမှာပဲ ရှိရှိ သူမတွေ့နိုင်စရာအကြောင်းမရှိ။ ဘယ်လောက်အထိသူ့ကိုယ်သူ ဖျက်စီးပစ်မှ ကသစ်မေဆိုတဲ့ မိန်းကလေးက လှည့်ကြည့်မှာလဲ။ ကရုဏာသက်မှာလဲ။ တကယ်ဆို ...သူချစ်တာရဲ့ အပုံတစ်ရာပုံတစ်ပုံလောက်ပဲ ပြန်ချစ်ပေးဖို့ မျှော်လင့်တာပါ။ပတ်သတ်မှုတွေ စတင်ခဲ့တည်းက ဒီလူ့က အရာရာကို ရင်းနှီးခဲ့တာ နည်းနည်းလောက်တော့ ငဲ့ကြည့်ဖို့ကောင်းရဲ့ မဟုတ်လား။ အခုတော့ မတတ်နိုင်တော့ဘူးလေ မင်းရဲ့ အရာရာကို ဖျက်စီးပစ်မှ ကိုယ့်ဆီရောက်လာမယ်ဆိုလည်း ကျေကျေနပ်နပ်နဲ့ လုပ်ဦးမှာ။ အလုပ်အကိုင်၊ ပိုင်ဆိုင်မှု၊ မိသားစု၊ ဂုဏ်သိက္ခာ ဘာဆို ဘာမှ မကျန်တော့ရင်ရော မင်းဘေးမှာ ဘယ်သူရှိမလဲ ကသစ်မေ။ အဲ့ဒီငယ်ရွယ်ပြီး ချစ်ဖို့ကလွဲလို့ ဘာမှ မသိတဲ့ သူငယ်နှပ်စားကောင်လေးကရော ဗလာသပ်သပ်မင်းကို ချစ်နိုင်မှာတဲ့လား။စောင့်ကြည့်ရတာပေါ့။ ချက်ချင်းဆုံးဖြတ်ချက်ချလိုက်တာနဲ့ ဖြစ်အောင်လုပ်ပေးနိုင်တဲ့ လူတွေရှိတာမို့ သူ့အတွက် ဒီအတိုင်းထိုင်ကြည့်နေရုံသာ။ အချိန်ခဏချင်းပဲ ပိတ်သိမ်းခံလိုက်ရတဲ့ လုပ်ငန်းတွေ၊ ရပ်ဆိုင်းခံလိုက်ရတဲ့ ရင်းနှီးမြုပ်နှံမှုတွေနဲ့ တမင်အကွက်ကျကျ စီစဉ်ထားတဲ့ အွန်လိုင်းက အတင်းအဖျင်းတွေကြား ရင်ဆိုင်ရမယ့် အရေး တွေးမိပြန်တော့ ရှင်းနေရောင် စိတ်မကောင်းပေမယ့် ကျေနပ်သည်။ ဒါတွေမှ မလုပ်ရင် လှည့်တောင်မကြည့်တော့မယ့် ချစ်ရသူအကြောင်း ကောင်းကောင်းသိသည်လေ။ "လူကြီးမင်း အကုန်လုံး လုပ်ပြီးပါပြီ ....ထင်တာထက်တောင် ပိုလွယ်နေသေးပါတယ်" လူယုံရဲ့ အစီရင်ခံမှု့ကို အမိန့်ပေးပြီး နာရီအနည်းငယ်ကြာလောက်မှာ သူ အေးအေးဆေးဆေး ထိုင်စောင့်နေရုံသာ။ "ဘာလဲ စိန်ခေါ်တုန်းက စိန်ခေါ်ပြီးတော့ ဘာမှတောင် ကြိုတင်ကာကွယ်မထားရအောင် ကသစ်မေ တော်တော် အချစ်ရူး ရူးနေတာပဲလား" အောင်မြင်လို့ ဝမ်းသာစိတ်ထက် လွယ်ကူလွန်းလှတဲ့ နိုင်ကွက်အပေါ် သူသာ စိတ်တိုရသည်။ "ကဲ အဲ့လောက်အဆင်ပြေနေပြီပဲဟာ လူကိုငါ့ဆီရောက်အောင်ခေါ်နိုင်ဖို့ပဲ လိုတော့တာပေါ့" အရက်ခွက်ကို စိမ်ခံသောက်နေခိုက် အလိုက်သိတဲ့ လူယုံက အဆင်သင့်။ "လူကြီးမင်း ကိုယ်တိုင်လိုက်မလား ကျွန်တော်တို့ပဲ သွားခေါ်ပေးရမလား" ဒီတခါတော့ ကိုယ့်ခြေထောက်နဲ့ကိုယ်ရောက်လာပါ့မလား နည်းနည်းတော့ သံသယရှိသလိုပင်။ ဒါပေမယ့်လည်း သူ့တချက်ထိရင် ဆယ်ချက်လောက် ပြန်လုပ်တတ်တဲ့သူမို့ ရှင်းနေရောင်စိတ်ချရပါသည်။ "ထားလိုက် သူ့ဟာသူရောက်လာလိမ့်မယ် .....မင်းတို့က ဆက်ပြီး ငါခိုင်းတဲ့အတိုင်းလုပ်ထားပေး"အခုမှ ရှုနေတဲ့ လေထုက လတ်ဆတ်သွားပြီး သောက်နေတဲ့ အရက်က ပိုအရသာရှိသွားသလို ခံစားရသည်။"မင်းကြောင့်ကိုယ့်ဘဝပျက်ခဲ့ရတာနဲ့ယှဉ်ရင် ဒါက အတော်လေးသက်ညှာထားတာပဲမို့ ကိုယ့်ကို အပြစ်မတင်ပါတဲ့ ချစ်ရသူ"တိတ်တိတ်လေးသာ ဆုတောင်းမိသည်။ အဟွန်း......... အပြစ်တင်လာတော့ရော ဘာဂရုစိုက်ရမှာလဲ။ တူညီတဲ့ အချိန်တစ်ခုမှာလည်း တစ်စုံတစ်ယောက်ဟာ ဒီရိုက်ခတ်မှုတွေကို ထပ်တူခံစားခဲ့ရပါသည်။ ဖုန်းစခရင်ပေါ်က သတင်းတွေကို ဖတ်ရင်း ဒေါသထွက်လွန်းလို့ တောက်တစ်ချက်ခေါက်လိုက်မိပြီးမှ မေ သတိရတာ ဘေးက ကုတင်ပေါ်မှာ အိပ်ပျော်နေသူ နိုးမနိုး ငဲ့ကြည့်ရသေးသည်။ တော်သေးရဲ့ ကောင်းကောင်းအိပ်ပျော်နေတာပဲ။ တဝက်တပျက် ခွာချထားတဲ့ စောင်ကို ပြန်ခြုံပေးပြီး မေ အခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။ ဧည့်ခန်းထဲက ဆိုဖာခုံမှာ အထိုင် အချိန်ကိုက်ရောက်လာသည့် စာတစ်စောင် ကို ဖွင့်ဖတ်လိုက်တော့ စိတ်ပျက်စရာသတင်းတစ်ခုသာ ဖြစ်လို့နေသည်။ "လက်ဝတ်ရတနာဆိုင်တွေနဲ့ ဘဏ်အကောင့်တွေပါ ပါသွားတယ် တရားမဝင်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့သံသယရှိလို့ အစိုးရဘက်က လုပ်သွားတာပါ" တပုံစံတည်း ပြန်ခံရတာပဲ။ "ထားလိုက်တော့ လူတွေပဲ ရအောင်ရှောင်ကြ ခေါင်းဆောင်ကို ငါခိုင်းထားတာ မြန်မြန်လုပ်ဖို့ပဲပြောလိုက်""ဟုတ်ကဲ့ ဘောစ့်"အပြန်အလှန် စာပို့ပြီးနောက် စကားပြောခန်းလေး တခန်းရပ်သွားသည်။ ဖုန်းကို အသာချကာ မေ အိပ်ကပ်ထဲက စီးကရက်ဗူးကို နှိုက်ကာ တလိပ်ထုတ်ပြီး မီးညှိလိုက်သည်။ ဧည့်ခန်းကနေ ကြည့်ရင် ရေကန်နဲ့ ခြံဝင်းတံခါးကို မြင်ရသည်။ ညနေလမ်းလျှောက်တုန်းက ခြံဝင်းတံခါးနားမှာ ကံ့ကော်ပင်စိုက်ချင်တယ်လို့ ပြောတဲ့ မောင့်စကားကို အမှတ်ရမိသည်။ "အင်း ဖြစ်ချင်တာတွေ ဖြစ်ရမှာပေါ့မောင်ရယ်"ဒါပေမယ့် ဖြစ်ချင်တာတွေ မဖြစ်ခင် ဖြစ်သင့်တာတွေ အရင်လုပ်ရဦးမယ်။ မောင် အထင်မြင်လွဲမှားမသွားဖို့တော့ ကြိုတောင်းပန်ပါရဲ့။ စီးကရက်တစ်လိပ်ကုန်သွားပြီးချိန် မေ့ ဖုန်းလေး မီးလင်းလာသည်။ ဖွင့်ဖတ်လိုက်တဲ့ စာသားဟာ သူမျှော်နေခဲ့သူဆီကဖြစ်လို့ စိတ်အေးရပါသည်။ အခန်းထဲ ပြန်မဝင်ခင် သန့်စင်ခန်းထဲမှာ ခံတွင်းသန့်ဆေးနဲ့ ပလုတ်ကျင်းလိုက်သည်။ မောင့်ကိုနမ်းရင် ဆေးလိပ်အနံ့မစွန်းစေချင်ပါ။ ပြာလဲ့လဲ့ မီးရောင်အောက်က လူသားကတော့ အေးချမ်းစွာ အိပ်မောကျနေသည်။ ညအိပ်ယာမဝင်ခင်က တိုက်ထားသည့် နွားနို့ထဲမှာ အိပ်ဆေး နှစ်ပြားပါသည်မဟုတ်လား။ ကုတင်နားကို သွားရပ်လိုက်တော့ မောင့် မျက်နှာကို စေ့စေ့မြင်ရသည်။ ဆောင်းအကုန် နွေအကူးမို့ထင်ရဲ့ ရာသီဉတုကပဲ မမှန်သလားမောင့်နားထင်မှာ ချွေးအနည်းငယ်စို့လို့။ မေ လက်ဖျားနဲ့ အသာလေး သုတ်ပေးလိုက်ရင်း စေ့စေ့ပိတ်ထားသည့် နှုတ်ခမ်းကိုပါ ထိကပ်နမ်းလိုက်သည်။ မေ့နှုတ်ခမ်းတွေကို မတုံ့ပြန်နိုင်လောက်သည်အထိ အိပ်မောကျနေတာမြင်ရတော့ စိတ်ချရပါသည်။ "ပြန်လာခဲ့မယ် မောင်" ခပ်တိုးတိုး နှုတ်ဆက်စကားကို မောင် မကြားရင် ပိုကောင်းမယ်။ စိတ်ချရတဲ့ အခြေနေပြီးမှာ မေ ကုတင်နားက လှည့်ထွက်ကာ အဝတ်ဗီရိုရှိရာသွားလိုက်သည်။ မထူမပါး ကုတ်အင်္ကျီတစ်ထည်ကို ဝတ်လိုက်ပြီး လက်တို့က ဗီရိုနောက်နားဆီက လျှို့ဝှက်အံဆွဲဆီသို့ရောက်သွားသည်။ သေတ္တာလေးတစ်လုံးက မေ့လက်ထဲပါလာ၏။ အထဲက အရာက အသံတိတ်ပြောင်းတပ်ထားသည့် မိန်းမကိုင် ပစ္စတို အသေးစားလေးပါ။ သေချာယူခဲ့ပြီးနောက် ကုတင်ပေါ်က ကောင်လေးကို တစ်ချက်ကြည့်ပြီး အခန်းတံခါးကိုပိတ်ကာ ခြံဝင်းထဲ ဆင်းလာလိုက်သည်။ခြံအပြင်ဘက် လျှောက်လမ်းမှာရပ်ထားသည့် ကားဖြူလေးနှင့်အတူတွေ့ရသည့် အမျိုးသားတစ်ဦး။ "ရောက်လာပြီလား ဒုခေါင်းဆောင်" အသက်ကြီးကြီး ထိုအမျိုးသားကို မေ နှုတ်ဆက်လိုက်သည်။ အနက်ရောင် တိုက်ခိုက်ရေးဝတ်စုံကို ဝတ်ဆင်ထားသည့် ထိုအမျိုးသားသည် မေ့ကို တစ်ချက် ခေါင်းငြိမ့်ပြပြီး အသိမှတ်ပြုသည်။ "ဘောစ့် မှာထားတာတွေ အကုန် ကားထဲမှာပါပါတယ်" ကားသော့ကို ကမ်းပေးသည့် ထိုအမျိုးသားကို မေ အသင့်ယူလာသည့် လက်ထဲက စက္ကူအိတ်ကို ကမ်းပေးလိုက်တော့နားမလည်သလို ပြန်ကြည့်လာသည်။ "ဒီနေ့ည မစ်ရှင် မလုပ်ခင် ဒီစာအိတ်ကို ဖောက်ကြည့်ပါ ဒုတိယခေါင်းဆောင်" မေ့စကားကို ခေါင်းတချက်ညိမ့်ပြီးသားတုန့်ပြန်သည့် ဒုခေါင်းဆောင်က စာအိတ်ထဲက အကြောင်းအရာကိုတော့ စိတ်ဝင်စားပုံပေါက်သည်။ "ဒုခေါင်းဆောင် တစ်ခုလောက် တောင်းဆိုချင်ပါတယ် အကယ်၍ ဒီစာအိတ်ကို ကြည့်ပြီးလို့ အကြောင်းအရာတွေကို လက်ခံနိုင်သည် ဖြစ်စေ မခံနိုင်သည် ဖြစ်စေ မစ်ရှင်ကို အပြီးထိအောင်မြင်အောင် လုပ်ပေးပါ" "စိတ်ချပါ ဂိုဏ်းသားတစ်ယောက်အနေနဲ့ ကျွန်တော် တာဝန်မကျေတာ မရှိခဲ့ဘူးမလား ဒီတခါလည်း ဘောစ့်ပေးထားတဲ့ တာဝန်ကို ဖြစ်အောင်လုပ်ပေးမှာပါ" ပြတ်သားတဲ့ စကားကို ဆိုလာတဲ့ ဒီအမျိုးသားကြီးကို ကသစ်မေ ယုံကြည်ပါသည်။ ဒါပေမယ့် ....."တာဝန်ဆိုတာထက် အကူညီတောင်းတယ်လို့သဘောထားပေးပါ ဒုခေါင်းဆောင် ....ဒီလိုဆိုရင် ကျေးဇူးအများကြီးတင်ရပါတယ်"အမှောင်ပိုရင့်လာတာမို့ ကသစ်မေ ဘာမှ ထပ်မပြောတော့ဘဲ ကားမောင်းကာ ထွက်လာလိုက်တော့သည်။ နေရစ်ခဲ့သည့် ဒုခေါင်းဆောင်မှာခြံဝန်းထဲသို့ မဝင်ခင် ဘောစ့်ပေးထားသည့် စာအိတ်ကို အရင်ဖွင့်ကြည့်ဖို့သာ စိတ်ကူးရှိ၏။ ခပ်ထူထူ စာအိတ်ဟာ ဘာတွေထည့်ထားပါလိမ့်။ ပထမဆုံးတွေ့တာက စာရွက်အခေါက်ထူထူလေးဖြစ်သည်။ နောက်ထပ် တစ်ခုခု ရှိသေးတာမို့ စာရွက်ကို ဖြန့်မဖတ်သေးဘဲ အောက်ဖက်က ကတ်ပြားလေးကို အရင်ယူကြည့်လိုက်သည်။ ဓါတ်ပုံတစ်ပုံဖြစ်ဟန်တူသည်။ ပြောင်းပြန်ဖြစ်နေသည့် ဓါတ်ပုံလေးကို အတည့်ဖြစ်အောင်လုပ်ပြီး လရောင်သဲ့သဲ့နဲ့ မြင်အောင် ကြည့်လိုက်တော့ သူ ကိုယ့်မျက်လုံးကိုတောင် မယုံချင်။ "ဘာလို့ဒီကောင်မလေး ဓါတ်ပုံက ဘောစ့်ဆီမှာရှိနေရတာလဲ"စာရွက်ထဲမှာ အဖြေရှိလောက်ပါသည်။တတိုင်းမွှေး(12/9/23)A/N- Feedbacks လိုချင်တယ်လို့။ Ps.....စာရေးသူကို ယုံထားလိုက်ပါ။ .....................................................................

တိမ်ခိုးလေနှင်(Normal)Donde viven las historias. Descúbrelo ahora