အပိုင်း(၆)

306 44 1
                                    

မေးလည်းမေးချင်စရာပေ။ ယွန်းဂျောင်ဟန်သည် hot chocoကိုတော့အတော်လေးကြိုက်သောသူဖြစ်လေရာ အကြိမ်အတော်များများတွင် ထိုအရာကိုသာ နှစ်နှစ်ခြိုက်ခြိုက်သောက်သူဖြစ်သည်။တခါတလေတွင်တော့ အချိုကြိုက်သော်လည်း များသောအားဖြင့်အခါးဘက်ပါသည်ကိုသောက်တာများလေသည်။ ထို့ကြောင့် ချွဲဆွန်းချောလ်သည် ဖြစ်ရိုးဖြစ်စဉ်အတိုင်းမေးလိုက်ခြင်းဖြစ်သည်။

ချွဲဆွန်းချောလ်ကမေးလေသော် ယွန်းဂျောင်ဟန်သည်ဂျိုရှုအာဘက်သို့မေးငေါ့ပြလိုက်လေသည်။ ဂျိုရှုအာသည် မိမိရုတ်တရက်မည်သည့်ခံစားချက်ဖြစ်သွားသည်ကိုပင် မသိတော့ပါချေ။

"ရှုအာဝယ်တိုက်လို့သောက်ပြီးပြီ မနက်က"

"ဪဪဪ အဲလိုလား အတော်ချစ်ဖို့ကောင်းတဲ့သားလေးဟုန်းဂျီဆူးရေ မင်းကအဲလိုပေါ့ ငါ့အတွက်ကျရေတောင်မပါဘူးပေါ့လေ"

"ဟို ဟို မင်းအတွက်ဝယ်လာရင် အပူကျတော့လည်းအေးကုန်မှာလေ၊ အအေးကျတော့လည်း ရေခဲတွေအရည်ပျော်ကုန်ရင် အရသာပေါ့ကုန်မှာကို ငါကငါ့သူငယ်ချင်းကိုကောင်းကောင်းလေး သောက်စေချင်လို့ပါ"

"တော်စမ်းပါ အပိုတွေပြောရတာမမောဘူးလား ဟင်းဟင်း သိပ်မပြောချင်ဘူးနော်"

ချွဲဆွန်းချောလ်အံကြိတ်ပြီးစနောက်ပြောလေတော့ ဂျိုရှုအာအလွန်တရာနာခံနေသည့်ဟန်ခေါင်းငုံ့ချလိုက်ပြီး ‌ပြန်အမော့တွင် လျှာထုတ်ပြလိုက်လေသည်။ ပြီးနောက် အချင်းချင်းကြည့်ကာအော်ရယ်ကြတော့သည်။ ရယ်နေရင်းမှဆိုင်အတွင်းရောက်နေမှန်းသတိထားမိသွားကြကာ အသံတိုးတိုးဖြင့်ကြိတ်ရယ်နေကြလေသည်။

အချိန်အများစုအား ကော်ဖီဆိုင်၌ဖြုန်းလိုက်ပြီးသော် ကျောင်းဝန်းထဲပတ်သွားကာ လိုအပ်သည်များအား အနည်းငယ်လိုက်ကြည့်ဖြစ်လေသည်။ မည်သို့ပင်ဖြစ်ဖြစ် ကောင်စီဥက္ကဌနှင့် အတွင်းရေးမှူးဖြစ်သည့်အတွက်ကြောင့် ကျောင်းကိစ္စများကိုတော့ အရေးတယူစဉ်းစားလေ့ရှိကြသည်။ ဂျိုရှုအာသည်လည်း ထိုနှစ်ယောက်နှင့်ခင်သည့်အလျောက် အကြံများပေးကာ အတူလိုက်လျှောက်ပတ်လေသည်။

Hot Chocolate Where stories live. Discover now